ဟိုတယ်အစားအသောက်ထုတ်လုပ်ခြင်းနှင့် ၀န်ဆောင်မှုပေးခြင်း အခမဲ့သင်တန်း

ဟိုတယ်အစားအသောက်ထုတ်လုပ်ခြင်းနှင့် ၀န်ဆောင်မှုပေးခြင်း အခမဲ့သင်တန်း

ဟိုတယ်အစားအသောက်ထုတ်လုပ်ခြင်းနှင့် ၀န်ဆောင်မှုပေးခြင်း အခမဲ့သင်တန်း အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်ပို့ချမည် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေးအတွက် အခြေခံပညာအထက်တန်းအဆင့်ရှိ လူငယ်များလျှောက်ထားနိုင်မည့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ၀န်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာအခမဲ့သင်တန်းကို နိုင်ငံတစ်ဝန်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) (၁၈) ကျောင်းတွင် လာမည့်ဘတ်ဂျက်တွင် ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ထားကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှသိရသည်။

 

နိုင်ငံတစ်ဝန်းမှာရှိတဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း (၁၈) ကျောင်းမှာ Food & Beverages Vocational Training သင်တန်းတွေ ဖွင့်လှစ်သွားဖို့ရှိပါတယ်။

 

Electronic Dictionary (1) အီလက်တရောနှစ် ကုမ္ပဏီများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

 

ဒီအတွက်လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေဝယ်ယူပြီး တိုးမြှင့်သင်ကြားပေးသွားဖို့လည်းရှိပါတယ်။

 

သင်တန်းများအတွက်နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှာရှိတဲ့ ဆရာတွေ ဆရာမတွေကိုလည်း သင်တန်းဆရာတွေအဖြစ် လေ့ကျင့်သင်ကြားစေပြီး တစ်နိုင်ငံလုံးကကျောင်းတွေမှာ ပြန့်ပွားစေရန်အတွက် လေ့ကျင့်သင်ကြားပေးသွားဖို့ အစီအစဉ်ရှိပါတယ်။” ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်ကပြောသည်။

 

Employment Agencies (219) အလုပ်အကိုင်အေဂျင်ဆီများနှင့် ပတ်သက်ပြီး (219) ခုရှာရန်နှိပ်ပါ။

 

လက်ရှိအနေအထားအရ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီး၊ ဗိုလ်အောင်ကျော်လမ်းတွင်ရှိသော အစိုးရနည်းပညာ အထက်တန်းကျောင်း (လှိုင်သာယာ) တွင် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ၀န်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)WITH အဖွဲ့နှင့် မေတ္တာအလင်းအသင်းတို့ ပူပေါင်း၍ သင်တန်း () ကြိမ် ပို့ချပေးခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။

 

လျှောက်ထားသည့်လူငယ်များတွင် အသက် (၁၆) နှစ်မှ (၂၂) နှစ်အတွင်းရှိသူများ၊ ရှစ်တန်းအောင်မြင်ပြီး (၁၀) တန်းမအောင်မြင်သူများ၊ အကျင့်စာရိတ္တနှင့် ကျန်းမာရေးကောင်းမွန်သူများကို ရွေးချယ်ကြောင်းလည်းသိရသည်။ လက်တွေ့() လ၊ ပြင်ပလုပ်ငန်းခွင်ဝင် အနီးကပ် () လသင်တန်းများပေးကာ ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်း၊ အနောက်တိုင်းနှင့် အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်း၊ ကော်ဖီနှင့် ဖျော်ရည်သင်တန်းများကို သင်တန်းတစ်ခုလျှင် လူငယ် (၂၀) ခန့်ရွေးချယ်၍ အခမဲ့သင်ကြားစေပြီး သြဂုတ်လကုန်ပိုင်းအထိ လူငယ်ကျွမ်းကျင်လုပ်သား (၁၀၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

 

Read More:>>>> ဝင်ခွင့်အမှတ်ကန့်သတ်ချက်မရှိခေါ်ယူမည့် ဆေးတက္ကသိုလ်

 

ထို့အပြင် သင်တန်းတက်ရောက်လိုသူများအနေဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (လှိုင်သာယာ) တွင် စုံစမ်းနိုင်ပြီဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှသိရသည်။

 

Source: ကြေးမုံ

 

News Read 1067 times