အောက်မြန်မာနိုင်ငံရှိ ဒေသများအတွက် အဆင့်မြင့်ပညာရေးဆိုင်ရာ ဟောပြောပွဲ 

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးနှင့် ပတ်သက်၍ "Higher education in Lower Myanmar, and what to do about it" ခေါင်းစဥ်ဖြင့် မနက်ဖြန်တွင် ပြုလုပ်ကျင်းပမည့် Webinar လေးအကြောင်းကို ဝေမျှပေးလိုက်ရပါတယ်။

အဆိုပါ ဆွေးနွေးပွဲလေးတွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ် အခြေအနေ မည်သို့ ရှိနေသည်၊ ပိုမိုကောင်းမွန်လာအောင် မည်သို့ဆောင်ရွက်ကြမည် ကို US Government ကျောင်းသားဟောင်းများ ဖွဲ့စည်းထားသော US Alumni City Hub Mawlamyine ၏ Facebook Live မှတဆင့် နားဆင် နိုင်မည် ဖြစ်ပါသည်။

Panelist များအနေဖြင့်  Prof. ဒေါက်တာကျော်စိုးလွင် (Dr. Eng., Okayama University, Japan) နှင့် ကိုဘုန်းမြတ်မိုး (​Co-founder | FutureX) များမှ ပါဝင်မည် ဖြစ်ပြီး Virtual Host အနေဖြင့်  ဒေါက်တာ ဟိန်းပိုင်ထူးချစ် (Core Alumni | Mawlamyine City Hub) မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

အချိန်လေးကတော့ ညနေ ၆ နာရီမှ ၇နာရီခွဲ အထိ ဖြစ်ပြီး နေ့ရက်မှာ ဒီဇင်ဘာလ ၁၉ ရက် (စနေနေ့) ဖြစ်ပါတယ်။

Source: US Alumni City Hub Mawlamyine

Latest Post Read 372 times