မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ ဦးဆောင်မှုဖြင့် ITPEC စာမေးပွဲများကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ ဦးဆောင်မှုဖြင့် ITPEC စာမေးပွဲများကျင်းပမည်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ ဦးဆောင်မှုနှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပလျက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲတွေကို အောက်တိုဘာ (၂၇) ရက်မှာ ကျင်းပမည်ဟု သိရပါသည်။

 

Information Technology Passport Examination (IT Passport) စာမေးပွဲမှာ အိုင်တီဆိုင်ရာ အခြေခံဗဟုသုတရှိပြီး အိုင်တီနဲ့ ပတ်သက်တဲ့လုပ်ငန်းများမှာ တာဝန်ထမ်းဆောင်နေသူတွေအတွက်လည်းကောင်း၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲမှာ အိုင်တီဆိုင်ရာဗဟုသုတ အခြေခံကျွမ်းကျင်မှုရှိပြီးသူတွေ၊ Programmer တွေ၊ Program Design ရေးဆွဲသူတွေနှင့် Software Development လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေအတွက်လည်းကောင်း၊ Applied Information Technology Engineer Examination (AP) စာမေးပွဲအနေဖြင့် အိုင်တီဗဟုသုတတွေနှင့် ကျွမ်းကျင်မှုတွေကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်စွမ်း (Apply) ရှိသူတွေ၊ အဆင့်မြင့် အိုင်တီလူ့စွမ်းအားအရင်းအမြစ် အသက်မွေးဝမ်းကျောင်းပြုလို၏ သူတွေ အတွက်လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြုအောင် လက်မှတ်ရရှိစေမယ့် စာမေးပွဲအသီးသီးဖြစ်တယ်ဟု သိရပါသည်။

 

စာမေးပွဲကြေးအနေဖြင့် IT Passport အတွက် (၂ သောင်း)ကျပ်၊ FE အတွက် (၃ သောင်း)ကျပ်၊ AP အတွက် (၅ သောင်း)ကျပ် ပေးသွင်းရမည်ဖြစ်ပါသည်။

 

IT Passport စာမေးပွဲကို အောက်တိုဘာ (၂၇) ရက်၊ နံနက် (၉း၃၀) မှ (၁၁း၃၀)အထိလည်းကောင်း၊ FE စာမေးပွဲကို အောက်တိုဘာ (၂၇)ရက်၊ နံနက် (၉း၃၀)မှ နေ့လည် (၁၂) နာရီအထိနှင့် နေ့လည် (၁း၃၀)မှ () နာရီအထိ ကျင်းပပေးသွားမှာဖြစ်ပါသည်။

 

စာမေးပွဲတွေကို ပြည်ထောင်စု စာရင်းစာချုပ်ရုံး (သခင်မြပန်းခြံအနီး) မှာကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

 

Read More:>>>> ရန်ကုန်တက္ကသိုလ်တွင် ဂျပန်၊ အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ ပညာရပ်များအား အခမဲ့သင်ကြားနိုင်ပြီ

 

ဖြေဆိုလိုသူတွေအနေဖြင့် အောက်တိုဘာ (၂၂) ရက်နောက်ဆုံးထားစာရင်းပေးသွင်းနိုင်ပြီး MCPA အသင်းဝင်တွေအနေဖြင့် (၅၀%) သက်သာခွင့် ရရှိမည်ဖြစ်ပါသည်။

 

အသေးစိတ်သိရှိလိုသူများအနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၊ ဖုန်း-၆၅၂၃၀၇၊ ၀၁-၂၃၀၅၂၃၃ နှင့် MCPA ဖုန်းနံပါတ် ၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၈ ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

Source: Internet

 

 

 

News Read 1502 times