"တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ထုတ်ယူသူ (၉)သောင်းကျော်ရှိ”

"တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ထုတ်ယူသူ (၉)သောင်းကျော်ရှိ”

ဇူလိုင်(၁၆)ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်ထုတ်ယူသူအရေအတွက် ()သောင်း ကျော်ရှိပြီလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

 

(၂၀၁၈-၂၀၁၉)ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ  ဇူလိုင်လ()ရက်က စတင်ပြီး ထုတ်ပေးနေတာဖြစ်ပါတယ်။

 

အောင်လက်မှတ်တွေထုတ်ယူရာမှာ ခြောက်လအတွင်းရိုက်ကူးထားတဲ့ ပတ်ပို့စ် ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း၊ အမည်၊ မိဘအမည်၊ ခုံနံပါတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်နဲ့ နေရပ်လိပ်စာတွေ လိုအပ်တယ်လို့ သိရပါတယ်။

 

အောင်လက်မှတ်ထုတ်ယူမှုကိုတော့ ကာယကံရှင်ကိုယ်တိုင်လာရောက်ထုတ်ယူခြင်း၊ ကိုယ်စားလာရောက်ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာနဲ့အတူ လာရောက်ထုတ်ယူနိုင်ခြင်းနဲ့ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးမှထုတ်ယူချင်ပါက စာတိုက်ကတစ်ဆင့် ပေးပို့ပြီး ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

 

စာတိုက်ကနေ ထုတ်ယူမယ့်သူတွေက အောင်လက်မှတ်ပြန်လည်ပေးပို့ရမယ့် လိပ်စာပါရှိရမှာဖြစ်သလို  စာပို့ခတံဆိပ်ခေါင်းအပိုကိုပါ တစ်ပါတည်း ပေးပို့လျှောက်ထားရမယ်လို့ သိရပါတယ်။အောင်လက်မှတ်တစ်ခါထုတ်ယူပြီးတဲ့ ကျောင်းသား/သူတွေအနေနဲ့  ပျောက်ဆုံး၊ ပျက်စီးခဲ့ရင် နောက်ထပ်တစ်ကြိမ်သာ ထုတ်ခွင့်ရှိတော့တယ်လို့  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြောပါတယ်။

 

**ကိုယ်တိုင်လာရောက်ထုတ်ယူလိုပါက**

- လိုင်စင်ဓာတ်ပုံ () ပုံ

- ကော်ဗူးနှင့် ဘောလ်ပင်

- ပုံစံကြေး ၆၀၀ ကျပ်

အဓိက ယူသွားကြပါရန်။

လိုအပ်ချက်များ ပြည့်စုံမှုမရှိလျှင်ထုတ်ပေးမည်မဟုတ်ပါသောကြောင့် လိုအပ်သည်များကို ဂရုတစိုက်ယူသွားရန် အောက်တွင်ထပ်မံဖော်ပြပေးလိုက်ပါတယ်။

() အမည်

() မှတ်ပုံတင်နံပါတ် (ရှေ့/နောက်)

() Passport လိုင်စင်ပုံ (နောက်ခံ အပြာ)

() ဖခင်အမည်

() ခုံနံပါတ်၊ အောင်မြင်သည့်ခုနှစ်

() စာစစ်ဌာန

() နေရပ်လိပ်စာအပြည့်အစုံ

() ဖုန်းနံပါတ် စသည်များလိုအပ်ပါသည်။

(ကိုယ်စားထုတ်ယူသူများအနေဖြင့်လည်း အထက်ပါလိုအပ်ချက်များ ပါရှိရန်လိုအပ်ပါသည်။)

 

Read More>>>> အဝေးသင်တက္ကသိုလ် စာမေးပွဲမေးခွန်းများကို တက္ကသိုလ်အလိုက်ထုတ်မည်

 

ထုတ်ယူရမည့် နေရာမှာ မြန်​မာနိုင်​ငံစာစစ်​ဦးစီးဌာနဟာဆိုရင်​ဖြင့်​ တည်​​နေရာ ​ပြောင်း​ရွေ့သွားပါပြီ အရင်​တုန်းက RC2 ဝင်းထဲရှိ ဇွဲကပင်​ဆောင်​မှာဖြစ်​ပါတယ်​။


အခု​တော့ ပါရမီလမ်းဖက်​ကို ​ရောက်​သွားပါပြီ ပြည်​လမ်းဖက်​က​နေ YBS နဲ့လာရင်​​အေဒီ မီးပွိုင့် မှတ်​တိုင်​က​နေဆင်းပါ ပြီးရင်​ ပါရမီလမ်းအတိုင်း လမ်း​လျှောက်​ဝင်​ပါ။

"​ရွှေ​မောက်​" ဆိုင်​နဲ့ မျက်​​စောင်းထိုး​လေးမှာပါ။မင်းလမ်းမုန့်တီဆိုင်နှင့်လဲ နီးပါတယ်။

ရန်ကုန်အင်းစိန်လမ်းမှပေါ်မှ (YBS) နှင့်လာလျှင် ဘုရားလမ်းမှတ်တိုင်ဆင်းပါ။ပြီးမှ ပါရမီလမ်းကျယ်အတိုင်းလျှောက်ပါ။ ပါရမီလမ်း(စိန်ဂေဟာ)ဘက်မဟုတ်ဘဲ ပြည်လမ်းဘက်ကိုတည့်တည့်သာလျှောက်ပါ။

အမှတ် (၁၂) ရပ်ကွက် ၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

 

(www.edge.com)

 

 

News Read 2558 times