အလုပ်လက်မဲ့လူငယ်များအတွက် သက်မွေးပညာ (၄) မျိုး အခမဲ့သင်ပေးမည်

အလုပ်လက်မဲ့လူငယ်များအတွက် သက်မွေးပညာ (၄) မျိုး အခမဲ့သင်ပေးမည်

ထိုသင်တန်းများတွင်

1. အလှပြင်သင်တန်း

2. စက်ချုပ်သင်တန်း

3. မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းနှင့်

4. ပန်းရံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန်အတွက် လျှောက်လွှာများ စတင်လက်ခံလျက်ရှိသည်။

ယခုစတင်သည့် အခမ်းအနားမှ စတင်ကာ မကွေးတိုင်းအတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည့် လူငယ်များအတွက် အလုပ်ရရှိရန် အလှပြင်သင်တန်းများ ခေါ်ယူပြီး အခမဲ့သင်တန်းများ သင်ကြားပေးမည်ဖြစ်ကြောင်း CSDS Training School မှ တာဝန်ရှိသူများက ပြောသည်။

"သင်တန်းကျောင်းမှာ အခမဲ့သင်ကြားပေးမှာပါ၊ ပထမအသုတ်အနေနဲ့ သင်တန်းသား အယောက် (၂၀) သင်ကြားပေးပြီး သင်တန်းပြီးတာနဲ့ အလုပ်ရဖို့ တစ်ခါတည်းချိတ်ဆက်ပေးမယ်" ဟုဆိုသည်။

HELVETAS ကုမ္ပဏီမှ မကွေးတိုင်းအတွင်းရှိ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် လူငယ်များအတွင်းမှ လူငယ် (၁၅၀၀) အတွက် ထိုသင်တန်း (၄) ခုကို သင်တန်းကာလ (၃) လ သတ်မှတ်ကာ (၄) နှစ်စီမံကိန်း ရေးဆွဲထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: thevoice

News Read 3300 times