"ပညာသင်စရိတ်အခမဲ့ Mobile School များထပ်မံတိုးမြှင့်ရန်စီစဉ်"

"ပညာသင်စရိတ်အခမဲ့ Mobile School များထပ်မံတိုးမြှင့်ရန်စီစဉ်"

နိုင်ငံတစ်ဝန်းရှိ ပညာသင်ကြားရန်ခက်ခဲ သည့်နေရာများတွင် ပညာသင်စရိတ်အခမဲ့ Mobile School များဖွင့်လှစ်ပေးလျက်ရှိရာ လာမည့်ပညာသင်နှစ်တွင် ထပ်မံတိုးမြှင့်ရန် စီစဉ်လျက်ရှိကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်၏ ပြောပြချက်အရ သိရပါသည်။

 

“ Mobile School ဆိုတာက ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ နေရာဒေသတွေရှိ ကလေးများကို ပညာသင်ယူခွင့်ရရှိအောင်ပါ။ Mobile School မှာသင်ကြားတဲ့ ကလေးတွေက အစိုးရကျောင်းနဲ့ တန်းတူအခွင့်အရေးရမှာပါ။ ပညာရေး ဝန်ကြီးဌာနက ခန့်အပ်ဌာနက ခန့်အပ်ထားတဲ့ ဆရာ/ဆရာမ တွေကို သင်ကြားစေမှာပါ" ဟုဦးကိုလေးဝင်း ကပြောပါသည်။

 

Mobile School သည် အစိုးရကျောင်းများတွင် သင်ကြားသည့် သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးမည်ဖြစ်သော်လည်း ယင်းနေရာတွင် နေထိုင်သူများသည် ရွာတစ်ခုအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အသိအမှတ်ပြုခြင်းမဟုတ်ဘဲ ကာလရှည်ဆောက်လုပ်ရေးပရောဂျက်ကြီးမားသည့် နေရာမှ ကလေးများကို သင်ကြားပေးမည် ဖြစ်ပါသည်။

 

Read More: အစိုးရနည်းပညာ အထက်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့် ရက်တိုးမြှင့်

 

"ဆောက်လုပ်ရေးပရောဂျက်က သုံးနှစ်လောက်ကြာမယ်ဆိုရင် အဲဒီမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင် ကလေးတွေ စာသင်ခွင့်ရဖို့ ဦးစားပေးအနေနဲ့ ဆောင်ရွက်မှာပါ။ တကယ်လို့ အနီးအနားမှာ ကျောင်းတွေရှိတယ်၊ အဲဒီကျောင်းတွေမှာ တက်လို့ရတယ်ဆိုရင် တက်ခိုင်းမှာပါ။ တက်လို့မရဘူးဆိုရင် ဆရာတို့က ယာယီ ကျောင်းတွေဖွင့်ပေးရမှာပါ။ Mobile School တွေကို တစ်နိုင်ငံလုံး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုတဲ့နေရာတွေမှာ ကျောင်း ၃၀၊ ၄၀ လောက်အထိ ဖွင့်လှစ်ခဲ့တယ်။ အခု တဖြည်းဖြည်းနည်းသွားလို့ ပြန်ဖွင့်ပေးရမယ်" ဟုဦးကိုလေးဝင်းကပြောပါသည်။

 

Source : မြဝတီ

 

 

News Read 1302 times