၈ တန်း အောင်ပြီးသူတိုင်း စားသောက်ကုန် ထုတ်လုပ်ခြင်းနှင့်ဝန်ဆောင်မှုသင်တန်းသို့ အခမဲ့ တက်ရောက်နိုင်

၈ တန်း အောင်ပြီးသူတိုင်း စားသောက်ကုန် ထုတ်လုပ်ခြင်းနှင့်ဝန်ဆောင်မှုသင်တန်းသို့ အခမဲ့ တက်ရောက်နိုင်

အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ) တွင် ဖွင့်လှစ်မည့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း Food and Beverages Vocational Training (F&BVT) အပတ်စဉ် (၂) အတွက် ဝင်ခွင့်လျှောက်လွှာများ စတင် လက်ခံနေပါပြီ။

လျှောက်ထားမည့်သူက

》၈ တန်းအောင်ပြီး အခြေခံပညာ အထက်တန်း မအောင်မြင်သူများ

》အသက် (၁၅) နှစ်မှ (၂၀) နှစ်အတွင်းရှိသူ (အသက် (၂၁) နှစ် မပြည့်သေးသူ)

》အကျင့်စာရိတ္တ နှင့် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရပါမယ်။

လျှောက်လွှာတင်ရာမှာ

》ဝင်ခွင့်လျှောက်လွှာ

》ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ

》မှတ်ပုံတင်မိတ္တူ

》ပညာအရည်အချင်း ထောက်ခံချက် နှင့်

》ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်တို့ ပါရပါမယ်။

၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ (ရုံးချိန်အတွင်း) နောက်ဆုံးထားပြီး လျှောက်လွှာ တင်ရပါမယ်။

source: F&BVT 

 

News Read 1879 times