စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ် (၂) မကြာခင် ခေါ်ယူမည်

စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ် (၂) မကြာခင် ခေါ်ယူမည်

စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ် (၁) မကြာခင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

စာတွေ့လက်တွေ့သင်တန်း ပြီးဆုံးတာနဲ့ ဟော်တယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ပေါင်မုန့်ကိတ်မုန့်နဲ့ မုန့်မျိုးစုံလုပ်ငန်းများနဲ့ အခြား စားသောက်ကုန် ထုတ်လုပ်ခြင်းနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ လုပ်ငန်းခွင် လက်တွေ့ (၁) လ ဆင်းကြတော့မှာ ဖြစ်ပါတယ်။

အပတ်စဉ် (၂) ကိုတော့ မေလထဲမှာ ဖွင့်လှစ်သွားမှာ ဖြစ်တဲ့အတွက် မကြာခင် လျှောက်လွှာများ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အပတ်စဉ် (၁) မှာ လျှောက်ထားခဲ့ပြီး သတ်မှတ်ချက်များနဲ့ မကိုက်ညီသေးသူများ (အထူးသဖြင့် အပတ်စဉ် (၁) မှာ အရွေးမခံခဲ့ရသူများ) ပြန်လည်လျှောက်ထားချင်ရင်တော့ လျှောက်လွှာ ခေါ်ယူတဲ့ ကာလမှာ ရုံးကို ပြန်လည်အရွေးခံလိုကြောင်း အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။

သင်တန်းကြေးကတော့ အခမဲ့ တက်ရမှာဖြစ်ပါတယ်နော်။

လမ်းစရိတ် (၃၀၀၀၀)၊ နေ့လည်စာ၊ ဝတ်စုံ (အင်္ကျီ)၊ သင်ထောက်ကူပစ္စည်းများကိုလည်း သင်တန်းမှ ထောက်ပံ့ပေးမည်။

သင်တန်းသားတို့၏ လိုအပ်ချက်များ

- (၈) တန်းအောင်မြင်ပြီးသူဖြစ်ပြီး ဆယ်တန်းမအောင်မြင်သူ

- အသက် (၁၅) နှစ်မှ (၂၀) နှစ်အတွင်း ရှိသူ

- အကျင့်စာရိတ္တနှင့် ကျန်းမာရေး ကောင်းမွန်သူဖြစ်ရပါမည်။

လျှောက်လွှာတင်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ

-  ၀င်ခွင့်လျှောက်လွှာ၊ ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ၊ မှတ်ပုံတင်မိတ္တူ။

- ပညာအရည်အချင်းထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်။

လူတွေ့မေးမြန်းခြင်း

- ရွေးချယ်ခံရသော လျှောက်လွှာများသည် လူတွေ့မေးမြန်းခြင်း (interview) ဖြေဆိုရပါမည်။

-  လူတွေ့မေးမြန်းခြင်း အောင်မြင်သူများသည် ကျန်းမာရေး ဆေးစစ်မှုခံယူပြီး ရောဂါကင်းရှင်းသူဖြစ်မှသာ ၀င်ခွင့်ရမည် ဖြစ်သည်။

ဝင်ခွင့်လျှောက်လွှာကို စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် သက်မွေးပညာသင်တန်း G.T.H.S (လှိုင်သာယာ) ရုံးခန်းနှင့် WITH - မေတ္တာအလင်းရုံးခန်းတို့တွင် ရယူနိုင်ပြီး Facebook Page: F&BVT မှလည်း Download ရယူနိုင်ပါသည်။

source: F&BVT

 

News Read 1951 times