သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနတွင် သင်တန်းလျှောက်လွှာခေါ်ခြင်း

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနတွင် သင်တန်းလျှောက်လွှာခေါ်ခြင်း

၁။ ပညာရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနနှင့် အိန္ဒိယနိုင်ငံ (C-DAC) ပူးပေါင်းဖွင့်လှစ်သည့် အိန္ဒိယ-မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းဌာန (India-Myanmar Centre for Enhancement of IT Skills/IMCEITS) တွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

Screenshot from 2019 09 07 12 05 38


၂။ အမှတ်စဉ် (၁)နှင့် (၂) သင်တန်းများသည် ဒီပလိုမာဘွဲ့သင်တန်းများဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ သင်တန်းကို ရွေးချယ်လျှောက်ထားနိုင်ပါသည်။


၃။ အမှတ်စဉ် (၃) သင်တန်းအတွက် HTML နှင့် Programming အခြေခံရှိသူများ လျှောက်ထားနိုင်သည်။

 

Sports Clubs & Federations (63) အားကစားအသင်းများနှင့် အဖွဲ့ချုပ်များနှင့် ပတ်သက်ပြီး (63) ခုရှာရန်နှိပ်ပါ။


၎။ အမှတ်စဉ် (၄) သင်တန်းအတွက် ICTTI သင်တန်းဌာန Professional Diploma in Network Engineering Course သင်တန်းတက်ရောက်အောင်မြင်ပြီး Cisco Networking အခြေခံရှိသူများ လျှောက်ထားနိုင်ပါသည်။


၅။ အမှတ်စဉ် (၅) သင်တန်းအတွက် Database အခြေခံရှိသူများ လျှောက်ထားနိုင်ပါသည်။

 

Swimming (12) ရေကူးသင်တန်းများနှင့် ပတ်သက်ပြီး ရှာရန်နှိပ်ပါ။


၆။ အမှတ်စဉ် (၆) သင်တန်းအတွက် ICTTI သင်တန်းဌာနမှ Professional Diploma in Network Engineering Course သင်တန်းတက်ရောက်အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။


၇။ သင်တန်းများသည် အစိုးရရုံးပိတ်ရက်များမှ အပ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အချိန်ပြည့်သင်တန်းများဖြစ်ပါသည်။


၈။ သင်တန်းအောင်မြင်ပြီးဆုံးပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနတို့ပူးပေါင်း၍ သင်တန်းဆင်းအောင်လတ်မှတ်များ ပေးအပ်မည်ဖြစ်ပါသည်။


၉။ လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသူများဖြစ်ရပါမည်။
** B.C.Sc/ B.C.Tech/ B.Tech (IT)/ B.Tech (EC)/ B.E (EC)/ B.E (IT)/ B.Sc (Computer Science)/ M.C.Sc/ M.C.Tech/ M.I.Sc/ M.A.Sc/ M.A.Sc/ M.E (EC)/ M.E (IT)/ M.Sc(Computer Science) ဘွဲ့တစ်ခုခုရရှိပြီးသူ (သို့) နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ IT အထူးပြုဘွဲ့ရရှိပြီးသူဖြစ်ရပါမည်။
** မိမိနှင့် တကွ မိဘနှစ်ပါးသည် နိုင်ငံသားများဖြစ်ရပါမည်။
** သတ်မှတ်ထားသော ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲများကို အောင်မြင်စွာဖြေဆိုနိုင်သူဖြစ်ရပါမည်။
** ဝန်ကြီးဌာနများမှ ဝန်ထမ်းဖြစ်ပါက မိမိတို့သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုစာပါရှိရမည်။
** သက်ဆိုင်ရာမြို့နယ်ရဲစခန်းတစ်ခုခုမှ သုံးလထက်မကျော်လွန်သည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများကို သင်တန်းလျှောက်လွှာနှင့်အတူ ပူးတွဲလျှောက်ထားရပါမည်။

 

Read More:>>>> တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသူအမျိုးသမီးများအလိုရှိ


၁၀။ သင်တန်းလျှောက်ထားသူများသည် အောက်ပါနေ့ရက်တွင် Online ဝင်ခွင့်စာမေးပွဲများ ဖြေဆိုကြရပါမည်။

Screenshot from 2019 09 07 12 05 44


၁၁။ လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် ကျောင်းသားရေးရာဌာနတွင် (၂၅-၉-၂၀၁၉) ရက် (ဗုဒ္ဓဟူး) နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။


၁၂။ အခြားသိရှိလိုသည်များရှိပါက ICTTI သင်တန်းဌာန၊ ဖုန်းနံပါတ် ၀၁-၆၆၁၇၁၄၊ ၀၁-၆၅၂၅၂၉၊ ၀၁-၆၅၂၅၄၂၊ ၀၁-၆၆၂၃၂၉ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

Source: ကြေးမုံ

 

News Read 2838 times