“လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်မည်”

“လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်မည်”

ပြည်ပသွင်းကုန်အစားထိုး အလှကုန်ပစ္စည်းများထုတ်လုပ်နိုင်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လူသုံးကုန်နှင့်အလှကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါသင်တန်းတွင် လူသုံးကုန်နှင့်အလှကုန်လုပ်ငန်းသုံး ဓာတုဗေဒ ပစ္စည်းများအကြောင်း၊ ပန်းကန်ဆေးဆက်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ မှန်ကြည်ဆေး၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ၊ ရေမလိုလက်သန့်ဆေးရည်၊ Hair Gel၊ နှုတ်ခမ်းနီ၊ Foundation Make Up၊ Make Up Liquid၊ Day Cream၊ Lotion ၊ Snow၊ ဆပ်ပြာခရင်(မ်)၊ Transparent Soap(Hand Make)၊ ဆပ်ပြာခဲ၊Face Powder နှင့် သနပ်ခါး Paste ထုတ်လုပ်နည်းများ စသည့်ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်လိုသူများသည် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၈၂x ၂၅ လမ်းထောင့် အောင်မြေသာစံမြို့နယ် မန္တလေးတိုင်းဒေသကြီး ဖုန်း ၀၂-၄၀၃၉၆၀၉၊ ၀၉-၇၉၇၃၀၃၀၃၇ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါသည်။

Source: ကြေးမုံ

News Read 2463 times