ကွန်ပျူတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်စွာတတ်ရောက်လိုသူများအတွက်

ကွန်ပျူတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်စွာတတ်ရောက်လိုသူများအတွက်

ယခုသင်တန်းကတော့ ကွန်ပျူတာကို တစ်စစီဖြုတ်တပ်ချင်သူများအတွက် အဓိကသင်တန်းပေးမှာ ဖြစ်ပါတယ်။

 

ကွန်ပျူတာရဲ့ အစိတ်အပိုင်းတွေကို လေ့လာရမှာဖြစ်ပါတယ်။ သင်ဟာ ကွန်ပျူတာကို အသုံးပြုဖူးသူ Basic level အောင်မြင်ထားသူ ဖြစ်ဖို့တော့ လို့အပ်ပါတယ်။
သင်မှာသာ ကွန်ပျူတာရှိနေရင် ဒါမှမဟုတ် ၀ယ်ယူဖို့ စဉ်းစားနေရင် ဒီသင်တန်းလေးကို တက်ထားသင့်ပါတယ်။ သင်ဟာ ကွန်ပျူတာကို smart ကျကျ သုံးစွဲတတ်လာပါလိမ့်မယ်။
ဒီသင်တန်းကို တက်ပြီးပါက သင်ဟာ ကွန်ပျူတာတွေကို ပြုပြင်နိုင်သူ၊ တနည်းအားဖြင့် Error တွေကို ဖြေရှင်းနိုင်သူ တစ်ယောက် ဖြစ်လာမှာပါ။

 

ကွန်ပျူတာအပိုင်းကို အသေးစိတ်သိရှိထားတဲ့ အတွက်အလုပ်လျှောက်တဲ့နေရာမှာ သူများထက်တစ်ပန်းသာနေပါလိမ့်မယ်။ ဒီသင်တန်းတက်ပြီးရင် IT Support, ICT Products Sale, Computer Technician နှင့် IT လုပ်ငန်းဆိုင်ရာ အလုပ်တွေကိုဝင်ရောက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

 

ဒီသင်တန်းမှာ သင်ဟာ ဘာတွေသင်ရမလဲဆိုရင်

** Hardware များအလုပ်လုပ်ပုံ
** Windows Operating System များအကြောင်း

** Hardware Errors များ ရှာဖွေခြင်း
** Software Errors များ ရှာဖွေခြင်း
** Software များကို ကိုယ်တိုင်ထည့်သွင်းခြင်း (Software အားလုံး)
** Windows ကို မိမိဘာသာ စိတ်ကြိုက်တင်ခြင်း (Windows 7, 8, 10)
** Virus များ ရှာဖွေခြင်းနှင့် ရှင်းလင်းခြင်း
** Computer accounts များအကြောင်း
** Data, Backup, RestorePoint များအကြောင်း
** Password များကို ကျော်ခွခြင်း
** Hacking Knowledge
** လုံခြုံရေးအဆင့် မြင့်တင်ခြင်း
** Hardware များကို ပြုပြင်ခြင်း
** File & Folder များကို Lock ချခြင်း
** ကွန်ပျူတာကို မြန်လာအောင် ပြုလုပ်ခြင်း
** Game များထည့်သွင်းခြင်း
** Computer နှေးတာ မြန်တာရဲ့ ကွာခြားချက်
** Networking Knowledge intro

 

ဒီသင်တန်းဟာ ကွန်ပျူတာတစ်ခုလုံးရဲ့ အလုပ်လုပ်ပုံနှင့်ဖွဲ့စည်းပုံကို သင်ယူရမှာ ဖြစ်ပါတယ်။သင်ကိုယ်တိုင် ကွန်ပျူတာကို လက်တွေ့တစ်စစီ တစ်ယောက်ချင်း ဖြုတ်တပ်လုပ်ရမှာ ဖြစ်ပါတယ်၊


မည်သူမဆို တက်ရောက်နိုင်ပါတယ်။ သင်ကြားမှု့ကို Online Exam Test ဖြင့် ပြန်လည် စစ်ဆေးပြီး အရည်အချင်းပြည့်မှီသူများကို Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။


သင်ကြားမှု့ များကို လေ့လာနိုင်ဖို့ သင်တန်းကျောင်းမှာ ထုတ်ပေးသော Mobile App ကို Install ထားပြီး သင်တန်းတက်ပါက ရရှိမည့် Student ID နှင့် Login password တို့ကို အသုံးပြု၍ သင်ခန်းစာများကို ပြန်လည် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

 

Certificate , Online Exam Test Registration နှင့် သင်ထောက်ကူ စာအုပ်များ အတွက်တော့ (၁၇၀၀၀) ကျပ်သာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ နောက်ထပ်ဘာကြေးမှ ထပ်သွင်းစရာမလိုတော့ပါ။


သင်ထောက်ကူပစ္စည်းအပြည့်အစုံနှင့် Aircon ခန်းများအတွင်းမှာ စနစ်တကျ သင်ယူရပါမည်။ သင်တန်းပြီးဆုံးသွားတဲ့ သင်တန်းသူ သင်တန်းသားများရဲ့ စကားသံများကို page ရဲ့ review များ ကြည့်ရှု့နိုင်ပါတယ်။


**သင်တန်းအချိန် ဇယား**


** တနင်္လာ၊ အင်္ဂါ (တပတ် ၂ ရက်)
11:00 AM - 1:00 PM (တန်းခွဲ A1)
1:00 PM - 3:00PM (တန်းခွဲ A2)
3:00PM - 5:00PM (တန်းခွဲ A3)
သင်တန်းကာလ - ၁ လ
သင်တန်းစမည့်ရက် - 7 October
သင်တန်းပြီးဆုံးမည့်ရက် - 5 November

Chinese (179) တရုတ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (179) ခုရှာရန်နှိပ်ပါ။

** ဗုဒ္ဓဟူး၊ ကြာသာပတေး (တပတ် ၂ ရက်)
11:00 AM - 1:00 PM (တန်းခွဲ B1)
1:00 PM - 3:00PM (တန်းခွဲ B2)
3:00PM - 5:00PM (တန်းခွဲ B3)
သင်တန်းကာလ - ၁ လ
သင်တန်းစမည့်ရက် - 9 October
သင်တန်းပြီးဆုံးမည့်ရက် - 7 November

သင်တန်းတက်ချင်သူများ ကြိုတင်၍ စာရင်းပေးသွင်းရပါမည်။ October () ရက်နေ့အထိသာ သင်တန်းလက်ခံပါမည်။ သင်တန်းသားပြည့်သွားသော တန်းခွဲများကို စာရင်းပေးသွင်းလို့ရမည်မဟုတ်တဲ့အတွက် အမြန်စာရင်းပေးသွင်းဖို့ အကြံပြုလိုပါတယ်။ သင်တန်းသားဦးရေ ပြည့်သွားပါက စာရင်းပေးသွင်းခြင်းကို ရပ်ဆိုင်ပါမည်။


လစဉ် သင်တန်းသား ဦးရေ (၁၀၀) ယောက်သာပညာဒါန သင်တန်းတက်ခွင့်ရမှာ ဖြစ်လို့ ရတဲ့အခွင့်အရေးကို သင်ကိုယ်တိုင် ရယူမှသာရရှိနိုင်မှာ ဖြစ်ပါတယ်။



ကိုယ်တိုင် ကိုယ်စား လာအပ်ရန် အဆင်မပြေသူများ စာရွက်စာတန်းနှင့် Online Exam test အတွက် (၁၇၀၀၀) ကျပ်ကို Banks, Wave, Mobile Banking, Mobile Pay များမှတဆင့် ပေးသွင်းနိုင်ပြီး Registrations confirm ပြုလုပ်နိုင်ပါသည်။


သင်တန်းအမည်ကတော့ YGNNET (ရန်ကုန်နက်) ဖြစ်ပါတယ်။ YGNNET က Software ကုမ္ပဏီတခုဖြစ်ပြီး Educations ကိုပါ တွဲဘက်သင်တန်းပို့ချပေးတာ ဖြစ်ပါတယ်။

 

IT လောကအတွင်း ခြေလှမ်းစတင်လိုသူများအတွက် မဖြစ်မနေသိသင့်တဲ့ ကွန်ပျူတာ Knowledge တွေကို ပညာဒါနအနေနဲ့ မျှဝေသင်ကြားပေးနေတာ ဖြစ်ပါတယ်။

Read More:>>> ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုမှ ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူ

သင်တန်းသို့ရောက်ရှိသော YBS များ
- ၈၄, ၂၇, ၈၇
မှတ်ချက် - ၈၇ ( မဟာမြိုင် ) လို့ရေးထားသော YBS ကိုစီးပါ၊

**သင်တန်းနေရာ**
တိုက် (), အခန်း (C2), မဟာမြိုင် ဦးဝိစာရလမ်း ဆိုဒ်ရှေ့မှတ်တိုင် အနီး, မြောက်ဒဂုံ, ရန်ကုန်

ဖုန်းနံပါတ် ၀၉-၇၆၈၁၃၃၈၁၁ သို့စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

Source: YGN Net

 

News Read 3059 times