City College Yangon

City College Yangon

ကျွမ်းကျင်သော ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးခြင်း၊ ပြည့်စုံသော lab အခန်းများနှင့် စက်ရုံ၊ အလုပ်ရုံများ၊ တည်ဆောက်ရေး လုပ်ငန်းခွင်သို့လက်တွေ့ကွင်းဆင်းလေ့လာခြင်း၊ ကျောင်းသားများကို ဗဟိုပြုသင်ကြားပေးခြင်း စသည် တို့ကို သင်ကြားပေးမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများအတွက် ကောင်းမွန်သောထောက်ပံ့မှုများ ထားရှိခြင်း၊ အဆင့်မြင့်စာသင်ခန်းများ၊ ကွန်ပျုတာ၊ အင်တာနက်၊ စာကြည့်တိုက်စာအုပ်များ၊ e-books နှင့် သင်ယူစရာ software များ၊ အပန်းဖြေအနားယူစရာ၊ စားသောက်ရန်နေရာကောင်းများ၊ ဖယ်ရီကားများ၊ ကောလိပ်တွင် ကျောင်းသား၊ ကျောင်းသူများအ၀င်အထွက် စစ်ဆေးသော လုံခြုံရေးစနစ် စသည်တို့ဖြစ်သည်။

သင်ကြားပို့ချမည့်ဘာသာရပ်များ

City College Yangon ၏ သင်တန်းများသည် pre-IGCSE ၊ IGCSE ၊ A-level ၊ HND Engineering (electrical and electronic ၊ mechanical and civil engineering ၊ IT engineering) နှင့် ကျောင်းနေ ကျောင်းသား၊ ကျောင်းသူများအတွက် STME (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ) အစီအစဉ် စသည်တို့ ဖြစ်သည်။

International general certificate of secondary education (IGCSE) program သည် အသက် ၁၄ နှစ် မှ ၁၆ နှစ် အရွယ် လူငယ်များအတွက် international qualification ကို ရရှိစေမည့် program ဖြစ်ပါသည်။

IGCSE program သည် international curriculum ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများကို creative thinking ၊ enquiry ၊ problem solving ၊ oral skill ၊ investigative skill ၊ tea work ၊ recall of knowledge and initiative စသည့် အရည်သွေးကျွမ်းကျင်မှုများဖြင့် လေ့ကျင့်ပေးသော program တစ်ခုဖြစ်ပါသည်။

အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူများသည် pre-IGCSE course ကို တစ်နှစ် တက်ရောက်ရမည် ဖြစ်ပြီးမှသာ IGCSE (GCE O- level) အတန်းကို တစ်နှစ် ဆက်လက်တက်ရောက်ရမည် ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများသည် IGCSE (CGE O- level) အတန်းကို တိုက်ရိုက်တက်ရောက်နိုင်ပါသည်။

IGCSE (GCE O-level) အောင်မြင်သူသော ကျောင်းသား၊ ကျောင်းသူများသည် GCE A- level အတန်း သို့မဟုတ် UK HND Engineering သင်တန်းကို ၂ နှစ်ခွဲ တက်ရောက်နိုင်ပါသည်။

GCE A- level အောင်မြင်ပါက ကမ္ဘာ့နိုင်ငံကြီးများဖြစ်သော အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ အင်္ဂလန်၊ သြစတြေးလျ ၊ စင်ကာပူ စသည် နိုင်ငံများရှိ တက္ကသိုလ်များတွင် ကြိုက်နှစ်သက်ရာ မေဂျာကို ရွေးချယ်တက်ရောက်နိုင်ပါသည်။

HND Engineering သင်တန်းသည် UK မှ တိုက်ရိုက်ပေးသော နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာဒီပလိုမာဘွဲ့ကို ရရှိမည်ဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်များမှာ electrical and electronic ၊ mechanical and civil engineering စသည်တို့မှ မိမိနှစ်သက်ရာ ဘာသာရပ်ကို တက်ရောက်နိုင်ပါသည်။

HND Engineering သင်တန်းသည် World’s Most Famous Applied Education program တစ်ခုဖြစ်ပြီး United Kingdom မှ diploma လက်မှတ်ချီးမြှင့်သော အဆင့်မြင့် ပညာရေး program ဖြစ်ပါသည်။

Higher National Diploma(HND) qualification ကို Pearson Edexcel Foundation - London Examinations အဖွဲ့ အစည်းမှ ပေးအပ်ချီးမြှင့် မည်ဖြစ်ပြီး Pearson Edexcel ကို BTEC (Business & Technology Education Council) မှ ဖွဲ့ စည်းထူထောင်ခဲ့  ခြင်းဖြစ်ပြီး သင်တန်းကာလ ၃ နှစ် သို့မဟုတ် ၄ နှစ် သတ်မှတ်ထားပါသည်။

HND Engineering diploma လက်မှတ်ရရှိပြီးပါက နိုင်ငံတကာတက္ကသိုလ်များတွင် နောက်ဆုံးနှစ်တက်ရောက်ပြီး Bachelor of Engineering (B.E) ဘွဲ့ကို ရရှိမည်ဖြစ်သည်။

HND diploma တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို engineering နှင့်ပတ်သက်သော အခြေခံဘာသာရပ်များ engineering drawing ၊ study skill စသည့် ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး foundation course ကို ၅ လ စတင်သင်ကြားပေးမည်ဖြစ်ပါသည်။

ဘာသာရပ်အလိုက် Module ၁၆ ခုကို semester ၄ ခု ခွဲပြီး semester တစ်ခုလျှင် ၅ လစီဖြင့် ၂ နှစ် သင်ကြားရမည်ဖြစ်သည်။

တက်ရောက်လိုသူများသည် တက္ကသိုလ်တက်ရောက်နေသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် IGCSE O-level အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပါသည်။

STME အစီအစဉ်တွင် ကျောင်းနေ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားမည့် ဘာသာရပ်များသည် စက်ရုပ်အင်ဂျင်နီယာအကြောင်းနှင့် စက်ရုပ်အကြောင်း သင်ကြားလေ့လာခြင်း၊ တည်ဆောက်ခြင်း၊ လက်တွေ့လက်ဆောင်မှုအသွင်ဖြင့် သိပ္ပံနှင့် အင်ဂျင်နီယာအကြောင်းများကို နားလည်အောင် ဖြစ်ပါသည်။

သင်တန်းကြေးများ

HND foundation course အတွက် သင်တန်းကြေးမှာ ကျပ် ၁,၅၀၀,၀၀၀ ၊ entrance fees ကျပ် ၃၀၀,၀၀၀၊ books and supply ကျပ် ၂၀၀,၀၀၀ ဖြစ်ပြီး HND ပထမနှစ်အတွက် ကျပ် ၃,၂၀၀,၀၀၀၊ registration fees ကျပ် ၄၀၀,၀၀၀ နှင့် HND ဒုတိယနှစ်အတွက် ကျပ် ၃,၂၀၀,၀၀၀ ၊ pre-IGCSE ကျပ် ၄၀၀,၀၀၀ (၁ လ) ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူများသည် scholarship အခွင့်အရေး ကို ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ ရရှိမည်ဖြစ်သည်။

တစ်ဘာသာအတွက် ၁၀ ရာခိုင်နှုန်း၊ နှစ်ဘာသာအတွက် ၂၀ ရာခိုင်နှုန်း၊ သုံးဘာသာအတွက် ၃၀ ရာခိုင်နှုန်း၊ လေးဘာသာအတွက် ၄၀ ရာခိုင်နှုန်း၊ ငါးဘာသာအတွက် ၅၀ ရာခိုင်နှုန်း၊ ခြောက်ဘာသာအတွက် ၈၀ ရာခိုင်နှုန်း တို့ဖြစ်သည်။

International/Private Read 2289 times