Chindwin College

Chindwin College

ချင်းတွင်းကောလိပ်သည် မန္တလေးမြို့မှအောင်မြင်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသအတွက် ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး(အောက်)၊အမှတ်(၇၅)မှာချင်းတွင်းကောလိပ်ကျောင်းခွဲကို ၂၀၁၀ ခုနှစ်၊ သြဂုတ်လ၊ တောင်တွင်းကြီးကောလိပ်၊ အမှတ်(၅၇/၂၆)၊ မြတ်ရတနာလမ်း၊ ရေအေးကွင်းရပ် စသည့် မြို့များတွင်ဖွင့်လှစ်ခဲ့ပါသည်။

ချင်းတွင်းကောလိပ်သည် အင်ဂျင်နီယာဘာသာရပ်နှင့် business ဘာသာရပ်များကို အထူးပြုသင်တန်းသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

ချင်းတွင်းကောလိပ်နှင့်ချိတ်ဆက်ထားသောတက္ကသိုလ်များသည် UK မှာရှိသော University of Sunderland ၊ University of Hertfordshire၊ University of Wolverhampton နှင့် Sheffield Hallan University တို့ဖြစ်ပြီး Singapore မှာ TEG International College၊ Auston Institute of Management၊ BMC International College နှင့် PSb Academy ကျောင်းများဖြစ်ပါသည်။

ချင်းတွင်းကောလိပ်သည် နိုင်ငံတကာအဆင့်မီဖြစ်အောင် electrical electronic Lab၊ mechinical lab၊ students hostel၊ See Zar bistro for food beverage၊ convenient store၊ resource centreမှာ text book collection၊ ဒီဂျစ်တယ်စာအုပ် ခုနှစ်ထောင်ကျော်ကိုလည်းစီစဉ်ထားပေးပါသည်။

အားကစားနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းရန်ကုန်-မန္တလေး မြို့နှစ်မြို့မှာရှိသောချင်းတွင်း campus အလိုက် ပြိုင်ပွဲ၊ charity လှုပ်ရှားမှုနှင့် အလှုဒါနပွဲများကိုလည်းကျောင်းကောင်စီ၏ လှုပ်ရှားမှုအဖြစ် စီစဉ်ဆောင်ရွက်ထားပါသည်။

ချင်းတွင်းကောလိပ်သည် သင်ကြားမှုအပိုင်းကိုစာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား (၂၀) ဦးသာထားရှိမည်ဖြစ်ပြီးဘာသာရပ်တိုင်း၏သင်ခန်းစာများကို ကြိုတင်ပြီး virtual learning environment ကတစ်ဆင့် စီစဉ်ထားပါသည်။

ထိုကောလိပ်၏ ကျောင်းသား၊ ကျောင်းသူများသည် သင်ခန်းစာများကို download လုပ်ချပြီး ကြိုဖတ်နိုင်သည့်အပြင် lecturer များကိုလည်း virtual learning environment server ကိုအသုံးပြုပြီးသင်ကြားပေးပါသည်။

ကျောင်းသား၊ ကျောင်းသူများသည် Assignment များကို Chindwin Partner  College ဖြစ်သော Singapore ၏ internal verifier က အရင်စစ်ဆေးပြီးနောက် UK က Edexcel ၏external verifier က ထပ်မံစစ်ဆေးပြီးမှသာလျှင် grade ထုတ်ပေးပြီးကျေနပ်မှသာနောက်တစ်တန်းတက်ရမည်ဖြစ်ပါသည်။

သင်တန်းများနှင့်ပို့ချသည့်ဘာသာရပ်များ

ချင်းတွင်းကောလိပ်သည် Civil Engineering၊ Electrical and Electronic Engineering၊ Mechanical Engineering၊ Business Management၊ Business Accounting ၊Hospitality Managementဘာသာရပ်များကိုသင်ကြားပါသည်။

ချင်းတွင်းကောလိပ်တွင် တက်ရောက်လိုသူများသည် International foundation course(IFC) အတန်းအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ ဖြစ်ပါသည်။

တက္ကသိုလ်ဒုတိယနှစ်အောင်မြင်ပြီးသူများကhigher national diploma (HND) ကိုတိုက်ရိုက်တက်ရောက်နိုင်ပါသည်။

HND သင်တန်းကို၂ နှစ်တက်ရောက်ပြီးပါကနောက်ဆုံးတစ်နှစ်ကိုElectrical and Electronics and Mechanical Engineering သင်တန်းများသည် မြန်မာနိုင်ငံတွင်ရှိသောချင်းတွင်းကောလိပ်တွင်တက်ရောက်နိုင်ပြီး၊ Civil Engineering (Singapore) နှင့် Business (Singapore နှင့် UK) သင်တန်းများသည်  နိုင်ငံခြားသို့တက်ရောက်နိုင်မည်ဖြစ်ပါသည်။

International foundation course

·         Civil Engineering

·         Electrical and Electronics Engineering

·         Mechanical Engineering

·         Business Management

·         Business Accounting

·         Hospitality Management

သင်တန်းကြေးများ

သင်တန်းကြေးများသည် IFCသင်တန်းအတွက် သင်တန်းကာလမှာ ၅လ ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ် ၁,၈၀၀,၀၀၀ သိန်းဖြစ်ပါသည်။

IFC သင်တန်းအောင်မြင်ပါက HND သင်တန်းကို ၂ နှစ်ဆက်တက်ရမည်ဖြစ်ပါသည်။

HND သင်တန်း အတွက် ၁နှစ် လျှင် သင်တန်းကြေး သိန်း(၄၀)၊ ၂နှစ်စာကို တစ်ခါတည်းပေးသွင်းပါက (၇၂)သိန်းဖြစ်ပြီး discount (၈) သိန်းရရှိမည်ဖြစ်ပါသည်။

International/Private Read 3190 times