Sales Hotline : 09448001653       Download App



၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စနစ်သစ် သင်ရိုးဖြင့် ပြောင်းလဲရန်စီစဉ်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စနစ်သစ် သင်ရိုးဖြင့် ပြောင်းလဲရန်စီစဉ်

အခြေခံပညာ ကဏ္ဍတွင်Grade  4, Grade 7, Grade 10 တို့ကို ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်မှ စတင်၍စနစ်သစ်သင်ရိုးဖြင့် ပြောင်းလဲသင်ကြားနိုင်ရန် စီစဉ်နေကြောင်း အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၏ ပြောပြချက်အရ သိရပါသည်။

 

''ဒီစနစ်တွေကပညာရေးကို မြင့်မားတိုးတက်စေဖို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဓိကကတော့ စဉ်းစားတွေးခေါ်မှု အပေါ်အားပေးတဲ့ စနစ်မျိုးပါ''ဟု ဒေါက်တာမျိုးကြွယ် ကပြောပါသည်။

 

ယခုအခါ   နိုင်ငံတကာ အဆင့်မီသော ပညာရေးစနစ်မျိုး ဖြစ်စေရန် ပြုပြင်ပြောင်းလဲနေပြီး ၁၂ တန်း ပညာရေးစနစ်ကိုအကောင်အထည်ဖော် လုပ်ဆောင်ခဲ့ရာ ၂ဝ၁၉ -၂ဝ၂ဝ ပညာသင်နှစ်တွင် Grade 3 နှင့် Grade 6 တို့ကို စနစ်သစ် ပြောင်းလဲ လုပ်ဆောင်နိုင်ခဲ့ပါသည်။

 

''နောက်ပိုင်းမှာ စတုတ္ထတန်းအောင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ အဋ္ဌမတန်းနဲ့ တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းပညာကို ဆက်လက်သင်ယူဖို့ အခက်အခဲရှိတယ်ဆိုရင် အသက်မွေးဝမ်းကျောင်း ပညာကို ပြင်ပမှာသင်ယူနိုင်ဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။

 

ဒါမှလည်း အလုပ်လုပ်၊ ကျောင်းတက်ရင်းနဲ့ဘွဲ့လည်းရရှိအောင် ကြိုးပမ်းနိုင်မှာဖြစ်သလို ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်တဲ့ အခြေအနေတွေကနေ Vocational နဲ့လုပ်ရင်းဘွဲ့ရအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်'' ဟု ဒေါက်တာ မျိုးကြွယ်က ပြောပါသည်။

 

Read More: "ဂျပန်စာသင်တန်းများ လျှောက်လွှာလက်ခံမည့်ရက်သတ်မှတ်ခြင်း"

 

ယင်းစနစ်သစပညာရေး ကာလအတွင်း ၂ဝ၂ဝ-၂ဝ၂၁     ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲရှိတော့မည် မဟုတ်သော်လည်း စနစ်ဟောင်းဖြင့် သင်ကြားလာသော ကျောင်းသား၊ ကျောင်းသူများထဲမှစာမေးပွဲ ကျရှုံးသူများသာ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန်စာမေးပွဲ ထားရှိပေးမည်ဖြစ်ပါသည်။

 

ထိုစနစ်သစ်ဖြင့် တက်ရောက်လာသူများကိုအခြေခံပညာ သင်ယူမှုပြီးဆုံးကြောင်း လက်မှတ်များ ထုတ်ပေးမည်ဖြစ်သကဲ့သို့ ယင်းလက်မှတ်များဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများ၌ သွားရောက် ပညာသင်ယူနိုင်မည်ဖြစ်ကြောင်းသိရပါသည်။ 

 

Source: မြဝတီ

 

 

News Read 2706 times