J-TEC ၏ သြဂုတ်လ အခမဲ့သင်တန်း

J-TEC ၏ သြဂုတ်လ အခမဲ့သင်တန်း

လစဉ် အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးနေသော J-TEC မှ August လ အတွက်အခမဲ့သင်တန်း တွင် တက်ရောက်မည့်သူများအား ကျောင်းအပ်လက်ခံမှုကို (July 15) ရက်နေ့မှ စတင်လက်ခံနေသည် ဖြစ်ပါသည်။

 

ကျောင်းအပ်လက်ခံမှု နောက်ဆုံးနေ့ မှာAugust (6) ရက်နေ့ဖြစ်ပြီး ယင်းရက်ကို ကျော်လွန်၍ လာရောက်လျှောက် ထားသူများကို လက်ခံမည် မဟုတ်ပါ။

 

ကျောင်းအပ်ရန် ဖောင်တင် သည့်အခါတွင် တက်ရောက်မည့် သူကိုယ်တိုင် J-TEC သို့ လာရောက်၍ လျှောက်လွှာတင်ရပါမည်။

 

August လ သင်တန်းတွင် J-TEC မှ ဂျပန်စာကို အခြေခံမှစပြီး လုပ်ငန်းနှင့် သက်ဆိုင်သော မွမ်းမံ သင်တန်းအထိ အခမဲ့သင်ပေးခြင်းအလုပ်အကိုင် ချိတ်ဆက်ဆောင်ရွက် ခြင်းနှင့် Return Scholarship ပေးခြင်းတို့ကိုလုပ်ဆောင်ပေးမည်ဖြစ်ပါသည်။

 

**ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်သော လုပ်ငန်းအမျိုးအစားများမှာ**

() သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်ငန်း
(
) အစားအသောက် ၀န်ဆောင်မှု လုပ်ငန်း
(
) ဆောက်လုပ်ရေး လုပ်ငန်း
(
) အဆောက်အဦး သန့်ရှင်းရေး လုပ်ငန်း
(
) စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း
(
) အစားအသောက် ထုတ်လုပ်မှု လုပ်ငန်း
(
) တည်းခိုခန်း/ဟိုတယ်လုပ်ငန်း
(
) သံထည်/ သတ္တု ပုံသွင်း လုပ်ငန်း
(
) သင်္ဘောဆောက်လုပ်ရေး လုပ်ငန်း
(
၁၀) ငါး လုပ်ငန်း
(
၁၁) ကားပြုပြင်ရေး လုပ်ငန်း
(
၁၂) စက်ပစ္စည်းနှင့် ပတ်သက်သော ကုန်ထုတ် လုပ်ငန်း
(
၁၃) လျှပ်စစ်၊အီလက်ထရောနစ်နှင့် ဆက်နွယ်သော စက်မှု လုပ်ငန်း
(
၁၄) လေယာဉ်ကွင်း လုပ်ငန်း

 

August လ သင်တန်းကို တက်ရောက်လိုသူများ အနေဖြင့်အထက်ပါ လုပ်ငန်း (၁၄) မျိုး နှင့် သက်ဆိုင်သော သင်တန်းဆင်းလက်မှတ် (သို့) အလုပ်အတွေ့ အကြုံ (၁) နှစ်ရှိရန်လိုအပ်ပါသည်။

 

သင်တန်းကို တက်ရောက်လိုသူများအနေဖြင့် -

**အသက် (၁၈) မှ (၂၈)နှစ်အတွင်း

**ပညာ အရည်အချင်း အနိမ့်ဆုံး အလယ်တန်းအောင်

**ခန္ဓာကိုယ်တွင် တက်တူးမရှိရ

**သက်ဆိုင်ရာအလုပ်အတွက် ထောက်ခံချက် များရှိရမည် ဖြစ်သည်။

 

Read More>>>> မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းနည်းပညာသင်ကြားပေးမည်

 

ဖုန်းဖြင့် အသေးစိတ် စုံစမ်းလိုလျှင် နံနက် () နာရီ မှညနေ (၅း ၃၀) အတွင်း ၀၉၈၉၈၃၈၆၁၅၅၊ ၀၉၈၉၈၇၂၆၈၃၃၊ ၀၉၇၅၀၁၁၃၆၁၃ သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

အမှတ် (678/B)၊ သစ္စာလမ်း၊()ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ပုဏ္ဏမီမှတ်တိုင်၊(လက်ဖက်ရည်ဆိုင် နှင့် မျက်နှာချင်းဆိုင်)

 

Source: Japan Ready Functions Training School

 

News Read 1709 times