“အဖြေလွှာ ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားခြင်း"

“အဖြေလွှာ ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားခြင်း"

မေး ၁။ မည်သို့ဆောင်ရွက်ရမည်နည်း။

ဖြေ ၁။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ နေပြည်တော်၊ ရုံးအမှတ်-၅၂ (သို့) ရန်ကုန်ရုံးခွဲ(ပါရမီလမ်း၊လှိုင်မြို့နယ်)

          တို့တွင် လျှောက်လွှာပုံစံ ဖြည့်စွက်၍ စစ်ဆေးခပေးသွင်းပြီး လျှောက်ထားနိုင်ပါသည်။

 

မေး ၂။ မည်သည့်အချိန်တွင် စတင်လျှောက်ထားနိုင်ပါသနည်း။

ဖြေ ၂။ အမှတ်စာရင်းစတင် ထုတ်ပေးပြီး(၂) ပတ်အကြာတွင် လျှောက်ထားနိုင်ပါသည်။

 

မေး ၃။ စစ်ဆေးခ မည်မျှပေးသွင်းရမည်နည်း။

ဖြေ ၃။ ၂၀၁၉ ခုနှစ်၊တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာ ပြန်လည်စစ်ဆေးခြင်းကို တစ်ဘာသာလျှင် ၂၅၀၀၀ကျပ်(နှစ်သောင်းငါးထောင်ကျပ်) နှုန်းဖြင့်ပေးသွင်းရပါမည်။

(အဖြေလွှာကို ကာယကံရှင်မှ ကြည့်ခွင့်မရှိပါ)

 

မေး ၄။ ပြန်လည်စစ်ဆေး၍ အမှတ်ပေးမှားယွင်းမှုရှိပါက မည်သို့ဆောင်ရွက်မည်နည်း။

ဖြေ ၄။ ရမှတ်ဖြည့်သွင်းရာတွင် တစ်စုံတစ်ရာမှားယွင်းမှုရှိပါက အမှတ်စာရင်းကို ပြင်ဆင်ခြင်း၊ လိုအပ်ပါက အောင်စာရင်းကို ပြင်ဆင်ခြင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

 

မေး ၅။ မှားယွင်းမှုမရှိပါက မည်သို့ဆောင်ရွက်ပေးပါသနည်း။

ဖြေ ၅။ ကျောင်းသား/သူများက ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားလာသော ဘာသာရပ် အဖြေလွှာစာအုပ်တွင် အပုဒ်စေ့စစ်ဆေးထားခြင်း ရှိ/မရှိ

အမှတ်ပေးစည်းမျဉ်းနှင့်အညီ စစ်ဆေးထားခြင်း ရှိ/မရှိ၊ အမှတ်ပေါင်း မှန်ကန်မှုရှိ/မရှိ တို့ကို သက်ဆိုင်ရာတက္ကသိုလ်များရှိ

ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၏ စစ်ဆေးပေးပို့ချက်အရ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ

ကာယကံရှင်သို့ မှားယွင်းမှု မရှိကြောင်း စာဖြင့်အကြောင်းပြန်ကြားပေးပါသည်။

 

(မြန်မာနိုင်ငံစာစစ်ဌာန)

(ပညာရေးသတင်းစုံ)

News Read 7634 times