ပြန်မရနိုင်တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို အကောင်းဆုံးဆိုတဲ့ အတွေ့အကြုံတွေနဲ့သာ ဖြတ်သန်းလိုက်ပါ

ပြန်မရနိုင်တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို အကောင်းဆုံးဆိုတဲ့ အတွေ့အကြုံတွေနဲ့သာ ဖြတ်သန်းလိုက်ပါ

အားလုံးသတိပြုမိကြတဲ့အတိုင်းပဲ တက္ကသိုလ်ကျောင်းသားဘ၀ဆိုတာ စိတ်ဖိစီးမှု၊ ခက်ခဲမှုတွေရှိတဲ့အချိန်တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Work/Life Balance ရအောင်လုပ်ရင်း လိုက်လျောညီထွေဖြစ်အောင်နေတတ်ဖို့ သင်ယူခြင်းက ကိုယ့်ရဲ့ကျောင်းသားဘ၀ ဆက်လက်ရှင်သန်အောင်မြင်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။

“Work/Life Balance” ဆိုတာက ကျောင်းစာ၊ လူမှုရေးလှုပ်ရှားမှု၊ အားကစား၊ မိသားစုအရေး၊ ဂစ်တာတီးလေ့ကျင့်ခြင်း၊ အစားအသောက်၊ အိပ်စက်ခြင်း၊ အားလုံး Balance မျှတာကို ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။  ဒီလောက်လုပ်စရာတွေများနေတာ Balance ရအောင် ဘယ်လို Manage လုပ်မလဲ။

အခုဖော်ပြထားတဲ့ နည်းလမ်း (၈) ခု နဲ့ ကိုယ့်ရဲ့ပြန်မရနိုင်တဲ့ အဖိုးတန် တက္ကသိုလ်ကျောင်းသားဘ၀ကို အကောင်းဆုံး၊ အတန်ဆုံးဖြစ်အောင် ဖြတ်သန်းပြီး ကြုံလာရမယ့် စိတ်ပြန့်လွင့်စေတဲ့ အနှောင့်အယှက်တွေကို ဖြေရှင်းနိုင်ပါတယ်။

၁။ ကိုယ့်ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး ယုတ္တိရှိပါစေ။

တစ်နေ့တာမှာ နာရီပေါင်းများစွာရှိတဲ့အတွက် ကိုယ်လုပ်နိုင်တာတွေကို အစီအစဉ်ဆွဲပြီး လုပ်မှာသာလုပ်ပါ။ Balance ရဖို့အတွက် ပထမခြေလှမ်းက ကျောင်းစာနဲ့ တခြားတက္ကသိုလ်တွင်း လှုပ်ရှားမှုတွေသာမက ကိုယ့်အတွက်ပါ ယုတ္တိတန်တဲ့ Goals တွေ ချမှတ်ခြင်းပဲ ဖြစ်ပါတယ်။ မိဘတွေနဲ့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းချက်တွေကြောင့် ခက်ခဲနိုင်တယ်ဆိုပေမယ့် တခြားလူတွေ ကိုယ့် ရည်ရွယ်ချက်ပန်းတိုင် ကို လွှမ်းမိုးသွားတာမျိုးတော့ မဖြစ်ပါစေနဲ့။ Priority ထားရှိပါ၊ ပြီးတော့မှ ကိုယ်လုပ်ချင်တာတွေလုပ်ပြီးလို့ ဘယ်တစ်ခုတော့ပြီးပြီ၊ ဘာတော့ဖြင့်ကျန်သေးတယ်ဆိုပြီး List ထဲကနေ တစ်ခုပြီးတစ်ခုခြစ်ထုတ်ပြီး ရလာတဲ့စိတ်ကျေနပ်မှုကို ခံယူပါ။  

၂။ ထိရောက်စွာ စာကျက်မှတ်မှုအလေ့အကျင့်ကောင်းတွေကို မွေးမြူပါ။

ကျောင်းစာနဲ့ပတ်သက်လာရင် “Work Hard Play Hard ဆိုပြီး ကြားဖူးကြမှာပါ။ ကိုယ့်အနေနဲ့ နာရီပေါင်းများစွာ စာကြည့်တယ်၊ စာမေးပွဲအတွက် ပြင်ဆင်တယ်ဆိုပေမယ့်လည်း အရမ်းကြီးစိတ်ပင်ပန်းနွမ်းနယ်တာမျိုး၊ စာကို အတင်းခေါင်းထဲရိုက်သွင်းနေရတာမျိုးတော့ မဖြစ်ချင်ကြပါဘူး။ ဒီတော့ကိုယ့်အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး ကိုယ်နဲ့သင့်တော်မယ့် ပုံမှန်လည်းဖြစ်မယ့် စာကြည့်ချိန်တွေကိုထားကြည့်ပါ။ အကြာကြီးမဟုတ်ပဲ ခဏလေးနဲ့ စာပြီးအောင် စာကို ထိထိရောက်ရောက်နဲ့ အာရုံစူးစိုက်ပြီးလုပ်တတ်တဲ့အကျင့်ကို မွေးမြူပါ။

၃။ ကိုယ့်အချိန်တွေကို ဘယ်လိုစီမံမလဲ သင်ယူပါ။

လူတိုင်းမှာ သူတို့လုပ်ရမယ့်အလုပ်တွေပြီးဖို့ တူညီတဲ့ ၂၄ နာရီစီ ရကြတယ်ဆိုတာကို သတိရပါ။ ဦးစားပေးသင့်တာကို ပေးတတ်ဖို့နဲ့ အစားအသောက်၊  Workout၊ လူမှုရေးရာ၊ အားကစားတွေ အတွက်အချိန်ကို ဘယ်လိုခန့်ခွဲမလဲဆိုတာ သင်ယူပါ။ တစ်နေ့တစ်နေ့ကို မိနစ် (၃၀) လောက် ဘာမှမလုပ်ပဲ အေးအေးသက်သာနားနေခြင်းက စိတ်ချမ်းသာမှုနဲ့ပတ်သက်လာရင် ရေရှည်မှာ သိကိုသိသာပါတယ်။ “ဟင့်အင်း” လို့ပြောတတ်အောင်လည်း သင်ယူပါ၊ ငြင်းဆိုခြင်းက ခက်ခဲတယ်ဆိုပေမယ့် တစ်ခါတလေကျရင် ကိုယ့်အတွက် လိုအပ်ပါတယ်။

၎။ စားတာတော့စားပါ၊ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တာကို ရွေးစားပါ။

သကြားဓာတ်များခြင်းနည်းခြင်းက ကိုယ့်ရဲ့ စိတ်ဖိစီးမှုခုခံနိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။ အာဟာရဓာတ်ညီမျှတဲ့ အစားအစာကိုစားခြင်းကတော့ အကောင်းဆုံးပဲပေါ့လို့ ဆိုချင်ပေမယ့် အဲ့ဒါက ကျောင်းသားတစ်ယောက်အတွက်တော့ စိတ်ကူးယဉ်ဆန်နေမယ်ထင်တယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလားဆိုတော့ မဟုတ်ပါဘူး။ Junk Food (KFC ၊ Loteria) တွေကနေရလာမယ့် ကယ်လိုရီတွေကိုရှောင်ပါ၊ နွမ်းနယ်ပန်းလျခြင်း (Energy Slumps) တွေကို ကျော်လွှားနိုင်ဖို့ သစ်သီးနဲ့ အသီးအရွက်တွေကို စားပေးပါ။

၅။ ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

လှုပ်ရှားမှုတွေက ကိုယ်ခန္ဓာကို ဖြတ်လတ်စေပါတယ်။ ကိုယ်ကာယလှုပ်ရှားမှု တစ်မျိုးမျိုးလောက်တော့လုပ်ပါ၊ အဲ့လိုမဟုတ်ရင်တောင် တစ်နေ့တာလုံးမှာ ခြေလက်ဆန့်တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလည်ပတ်မှုကိုကောင်းစေပြီး လိုအပ်တဲ့အောက်ဆီဂျင်ကို ဦးနှောက်ကိုပို့ပေးတဲ့အတွက် မှတ်ဥာဏ်၊ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေကို ပိုကောင်းမွန်လာစေပါတယ်။  

၆။ လက်လွှတ်သင့်တာကို လက်လွှတ်ပါ။

Frozen ကာတွန်းရုပ်ရှင်သီချင်းဖြစ်တဲ့ “Let it Go” ကတော့အောင်မြင်သွားပါတယ်။ တကယ်တော့ အေင်မြင်တဲ့ဘ၀တစ်ခုကို ရရှိဖို့အတွက် နောက်ဆုံးလက်လွှတ်သင့်တာကို လက်လွှတ်နိုင်စွမ်းရှိဖို့ အလေးပေးတိုက်တွန်းတဲ့ ဘ၀အောင်မြင်ရေးဟောပြောသူတွေ အများကြီးတွေ့ဖူးပါတယ်။ ပြောတာလွယ်ပေမယ့် တကယ်လုပ်ရတာခက်ပါတယ်။

ဒါပေမယ့် အခုချိန်မှာ ဘာတွေကိုပြီးမြောက်အောင်လုပ်ရမယ်၊ ဘယ်အရာတွေကိုတော့ နောက်တစ်နေ့၊ နောက်တစ်ချိန်၊ နောက် Semester အတွက် လွှတ်ထား၊ ရွှေ့ဆိုင်းထားလိုက်ရမလဲ ဆိုတာကို စဉ်းစားကြည့်ပါ။ Relax လုပ်ပါ၊ ပြီးရင် လက်လွှတ်သင့်တာကို လက်လွှတ်လိုက်ပါ။

၇။ အကူအညီတောင်းခံပါ။

ကောလိပ်၊ တက္ကသိုလ်တွေမှာရှိတဲ့ အားသာချက်တွေအများကြီးထဲက တစ်ခုကတော့ ကိုယ့်မှာအကူအညီလိုနေရင် ပေးမယ့်သူတွေရှိနေတာပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့အခါ ပါမောက္ခတွေ၊ အကြံပေးဆရာတွေ၊ Counseling Centers တွေကို အကူအညီတောင်းခံနိုင်ပါတယ်။ အရေးကြီးတာက ကိုယ့်မှာအကူအညီလိုအပ်နေတယ်ဆိုတာကို သတိပြုမိဖို့နဲ့ အကူအညီတောင်းရမှာကို မကြောက်ဖို့ပဲဖြစ်ပါတယ်။

ကိုယ်က တက္ကသိုလ်မှာ အဲ့လိုအကူညီယူရတဲ့ ပထမဆုံး ကျောင်းသားတစ်ယောက်မဟုတ်သလို နောက်ဆုံးလည်း မဟုတ်ပါဘူး။ ကိုယ့်ရှေ့မှာ ကိုယ့်လိုပဲ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေ အများကြီးရှိပါတယ်။ ရင်းမြစ်တွေ ရှိတယ်၊ ကိုယ်က အဲ့ဒါတွေကို ဘယ်လိုရယူမလဲ၊ ပြီးရင် ဘယ်လို အကျိုးရှိရှိ အသုံးချရမလဲသိပါ။  

၈။ ဘယ်အချိန်မှာ ရွေးချယ်မှုပြုရမလဲသိပါ။

ဘ၀မှာတစ်ချိန်ချိန်တော့ အရမ်းစိတ်တင်းကြပ်တာမျိုးတွေ ခံစားလာရတယ်ဆိုရင် အဲ့လိုဖြစ်လည်း ရပါတယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေကို သတိပြုမိပြီး ကိုယ့်ဘက်က ပြောင်းလဲချင် စိတ်ရှိတယ်ဆိုတာ ကောင်းတဲ့လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

ဒီတော့ ကိုယ့်ရဲ့အချိန်တွေကို ဘယ်မှာ၊ ဘယ်လိုအသုံးပြုနေလဲ ကြည့်ကြည့်ပါ။ ကိုယ့်အနေနဲ့ ကျောင်းပြင်ပလှုပ်ရှားမှုတွေ၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေမှာ အလွန်အမင်းပါဝင်နေသလား၊ အခုချိန်က ခေါင်းဆောင်မှုအပိုင်းကို လက်လွှတ်ဖို့၊ လူမှုရေးလှုပ်ရှားမှုတွေကို လျှော့ချဖို့၊ နောက်ဆုံး လိုအပ်ရင် ဘာသာရပ်တစ်ခုလောက်တော့ ဖြုတ်ချလိုက်ဖို့ ကောင်းတဲ့အချိန်လား။

တကယ်လို့ အဲ့လိုလုပ်ဖြစ်ခဲ့တယ်ဆိုရင်လည်း အရှုံးပေးခြင်းရဲ့လက္ခဏာတစ်ခုမဟုတ်ပဲ တက္ကသိုလ်ကျောင်းသားဘ၀မှာ ကောင်းမွန်တဲ့ Balance ရရှိဖို့အတွက် ပထမခြေလှမ်းတစ်ခုသာ ဖြစ်ပါတယ်။

တက္ကသိုလ်ဆိုတာမျိုးက လူတစ်ယောက်အတွက် ဘ၀ရဲ့ပျော်စရာအကောင်းဆုံး အချိန်တွေထဲကတစ်ခုဆိုပေမယ့် ခြောက်ခြားစရာလည်း ဖြစ်နိုင်ပါတယ်။ တက္ကသိုယ်လို့ဆိုလိုက်တာနဲ့ လွပ်လပ်မှု၊ ပြောင်းလဲမှု၊ အကူးအပြောင်း၊ ဆုံးဖြတ်ချက်များ၊ တိုးတက်မှု စတဲ့အတွေ့အကြုံတွေကို ပြေးမြင်မိမှာပါ။ ကိုယ့်ရဲ့ ပြန်မရနိုင်တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို အကောင်းဆုံးဆိုတဲ့ အတွေ့အကြုံတွေနဲ့သာ ဖြတ်သန်းလိုက်ပါ။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

Tips Read 2977 times