ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ လက်အောက်တွင်ရှိသော SMVTI သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသားသစ်များကို စတင် ခေါ်ယူနေပြီ ဖြစ်ပါသည်။
အဆိုပါ သင်တန်းကျောင်းတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်းများကို အောက်ဖော်ပြပါအတိုင်း ဖွင့်လှစ်သွားမည် ဖြစ်သည်။
၁။ သင်တန်းအမည် -Shielded Metal Arc Welding
သင်ကြားမည့် ဘာသာရပ် - 1F to 4F Positions
သင်တန်းကြေး - ၁၄၄,၀၀၀
ခေါ်ယူမည့် အရေအတွက် - (၂၀) ဦး
သင်တန်းအချိန် - အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (ညနေ ၅း၃၀ မှ ၈း၀၀ ထိ)
သင်တန်းကာလ - နာရီ ၅၀
အနိမ့်ဆုံးပညာအရည်အချင်း - (၈) တန်းအောင်
၂။ သင်တန်းအမည် - Pneumatics Basic Automation
သင်ကြားမည့် ဘာသာရပ် - (၁) Compressed Air Generating System
(၂) Pneumatics Sequencing Circuit with Multicylinders
(၃) Electro-Pneumatics Sequencing Circuit with Multi-Cylinders
သင်တန်းကြေး - ၁၀၀,၀၀၀
ခေါ်ယူမည့် အရေအတွက် - (၂၀) ဦး
သင်တန်းအချိန် - စနေနေ့ (နံနက် ၉း၀၀ မှ ညနေ ၅း၀၀)
သင်တန်းကာလ - နာရီ ၄၀
အနိမ့်ဆုံးပညာအရည်အချင်း - (၁၀) တန်းအောင်
၃။ သင်တန်းအမည် - CAD Drawing (Invertor Software )
သင်ကြားမည့် ဘာသာရပ် - 2D & 3D
သင်တန်းကြေး - ၈၀,၀၀၀
ခေါ်ယူမည့် အရေအတွက် - (၂၀) ဦး
သင်တန်းအချိန် - အင်္ဂါ၊ ကြာသပတေး၊ သောကြာ ( ညနေ ၅း၃၀ မှ ၇း၀၀)
သင်တန်းကာလ - နာရီ ၃၀
အနိမ့်ဆုံးပညာအရည်အချင်း - (၁၀) တန်းအောင်
၎။ သင်တန်းအမည် - Workplace Communication
သင်ကြားမည့် ဘာသာရပ် - (၁) Introduction about Communication
(၂) Listening and Clarifying Messages
(၃) Telephone Message Taking
(၄) Preparing Oral Presentations
(၅) Written Communication
သင်တန်းကြေး - ၇၀,၀၀၀
ခေါ်ယူမည့် အရေအတွက် - (၂၅) ဦး
သင်တန်းအချိန် - အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ( ညနေ ၅း၃၀ မှ ၇း၃၀ ထိ )
သင်တန်းကာလ - နာရီ ၃၀
အနိမ့်ဆုံးပညာအရည်အချင်း - (၁၀) တန်းအောင်
၅။ သင်တန်းအမည် - Electrician (House Wiring and Installation)
သင်ကြားမည့် ဘာသာရပ် - (၁) Electrical Principles
(၂) Electrical Safety
(၃) Single Phase and Three Phase Electrical Wiring System
(၄) Electrical Inspection and Testing
သင်တန်းကြေး - ၁၆၀,၀၀၀
ခေါ်ယူမည့် အရေအတွက် - (၂၀) ဦး
သင်တန်းအချိန် - စနေနေ့ ( နံနက် ၈း၀၀ မှ ညနေ ၄း၀၀ )
သင်တန်းကာလ - နာရီ ၄၀
အနိမ့်ဆုံးပညာအရည်အချင်း - (၈) တန်းအောင်
၆။ သင်တန်းအမည် - Computer & LAN
သင်ကြားမည့် ဘာသာရပ် - (၁) Assembly and Functional Test on Microcomputer System
(၂) Types of Network & Operation System
(၃) OSI Networking Models
(၄) Wired and Wireless LAN
သင်တန်းကြေး - ၁၄၄,၀၀၀
ခေါ်ယူမည့် အရေအတွက် - (၂၀) ဦး
သင်တန်းအချိန် - စနေနေ့ ( နံနက် ၈း၀၀ မှ ညနေ ၄း၀၀ )
သင်တန်းကာလ - နာရီ ၃၀
အနိမ့်ဆုံးပညာအရည်အချင်း - (၁၀) တန်းအောင်
အဆိုပါ သင်တန်းများအား အချိန်ပြည့်မှီပြီး စာမေးပွဲ ဖြေဆိုအောင်မြင်သူများကို အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်များ ပေးအပ်သွားမည် ဖြစ်သည်။
သင်တန်းအပ်လက်ခံမည့် ရက်မှာ (၁၆.၈.၁၉) နေ့မှ (၁၃.၉.၁၉) ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ဖြစ်ပြီး သင်တန်းစတင်မည့်ရက်မှာ (၁၆.၉.၁၉) ရက်နေ့ ဖြစ်သည်။
သင်တန်းအပ်နှံရာတွင် သတ်မှတ်စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ်မိတ္တူနှင့် နိုင်ငံသားမှတ်ပုံတင်မိတ္တူတို့ကို ယူဆောင်လာရမည် ဖြစ်သည်။
ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ ၀၉-၇၈၁၀၀၂၅၇၂ ဖြစ်ပြီး အဆိုပါကျောင်းသို့ လျှောက်ထားမည့်သူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်း၊ စင်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်းတွင် လာရောက် လျှောက်ထားရမည် ဖြစ်သည်။
(Ministry of Education)
(www.edge.com.mm) PTZS