၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေဖြင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် ဖွင့်လှစ် ပို့ချမည့် BBM, BA (EPP), BA (Journalism), BTHM နှင့် BEF ဘွဲ့ သင်တန်းများကို ဩဂုတ်လ ( ၂၁) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
သင်တန်းအားလုံးမှာ အချိန်ပြည့်ဖြစ်ပြီး တက်ရောက်နိုင်မည့် ဘွဲ့သင်တန်းများ၊ အပ်နှင်းမည့်ဘွဲ့၊ သင်တန်းကာလနှင့် လက်ခံခွင့်ပြုမည့် ဦးရေကို အောက်တွင် ဖော်ပြထားသည်။
Bachelor of Business Management
အပ်နှင်းမည့်ဘွဲ့ - BBM
သင်တန်းကာလ - (၄) နှစ်
လက်ခံခွင့်ပြုမည့် ဦးရေ - (၂၀၀) ဦး
Bachelor of Arts (English for Professional Purposes)
အပ်နှင်းမည့်ဘွဲ့ - BA (EPP)
သင်တန်းကာလ - (၄) နှစ်
လက်ခံခွင့်ပြုမည့် ဦးရေ - (၁၂၀) ဦး
Bachelor of Arts (Journalism)
အပ်နှင်းမည့်ဘွဲ့ - BA (Journalism)
သင်တန်းကာလ - (၄) နှစ်
လက်ခံခွင့်ပြုမည့် ဦးရေ - (၁၂၀) ဦး
Bachelor of Tourism and Hospitality Management
အပ်နှင်းမည့်ဘွဲ့ - BTHM)
င်တန်းကာလ - (၄) နှစ်
လက်ခံခွင့်ပြုမည့် ဦးရေ - (၁၂၀) ဦး
Click Here > SB Plastic
Bachelor of Economics and Finance
အပ်နှင်းမည့်ဘွဲ့ - BEF
သင်တန်းကာလ - (၄) နှစ်
လက်ခံခွင့်ပြုမည့် ဦးရေ - (၁၂၀) ဦး
လျှောက်လွှာများကို ဩဂုတ်လ ( ၂၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်အထိ လက်ခံသွားမည် ဖြစ်ပြီး လိုအပ်သည့် အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများကို ပူးတွဲတင်ပြရမည် ဖြစ်သည်။
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သို့ ဝင်ခွင့်လျှောက်ထားသူများသည် Online မှ လျှောက်ထားလိုပါက မိမိ၏ ကိုယ်ပိုင် E-mail Account ဖြင့် Website Page www.nmdc.edu.mm ရှိ Online Admission မှ တက္ကသိုလ်ဝင်ခွင့်ကို နှိပ်၍ တိုက်ရိုက် လျှောက်ထားကြရမည် ဖြစ်သည်။
ကျောင်းတွင် လာရောက် လျှောက်ထားလိုသူများအနေဖြင့်မူ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ လေးထပ်စာသင်ဆောင်တွင် ရုံးချိန်အတွင်း လာရောက် လျှောက်ထားနိုင်သည်။
အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်
ဖုန်းနံပါတ် - ၀၁၈၂၉၂၅၆၆၊ ဝ၉၄၄၂၅၈၈၄ဝ၇