စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် အခြေခံလုပ်ငန်းစီမံခန့်ခွဲခြင်းသင်တန်းဖွင့်လှစ်

 

 

စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် အခြေခံလုပ်ငန်းစီမံခန့်ခွဲခြင်း သင်တန်း (Batch-2) ကို Impact Hub နှင့်Kitchen Hub Yangon ရုံးများတွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်မည်ဖြစ်သည်။

 

သင်တန်းကို ဘယ်လိုလူတွေတက်ရောက်သင့်သလဲ_

 

  • စားသောက်ကုန်ထုတ်လုပ်ခြင်းကို စိတ်ဝင်စားပြီး စားသောက်ကုန်အသစ်စမ်းထုတ်ကြည့်ရန် စိတ်ဝင်စားသူများ

  • ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းစလုပ်ရန်ရည်ရွယ်ပြီး ဘယ်ကစရမှန်းမသိဖြစ်နေသူများ

  • ဘိုးစဉ်ဘောင်ဆက်မိသားစုချက်ပြုတ်နည်းကိုဈေးကွက်ဝင် စားသောက်ကုန်တစ်ခုအဖြစ်ထုတ်လုပ်ရန် အစီအစဥ်ရှိနေသူများ

 

သင်တန်းတွင် သင်ကြားမည့် အကြောင်းအရာများ_

 

  • စွန့်ဦးတီထွင်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်း နှင့် စိတ်ကူးသစ်များထုတ်လုပ်ခြင်း

  • စားသောက်ကုန်ကိုအစမှအဆုံးထုတ်လုပ်တဲ့နေရာမှာလိုအပ်သောအစားအသောက်ဘေးဉပါဒ်ကင်းရေး နှင့်  ပြင်ဆင်ခြင်း အကြောင်းအရာများ

  • အရည်အသွေးထိန်းချုပ်ခြင်း၊ ထုတ်ပိုးမှုများ နှင့် စားသောက်ကုန်သက်တမ်းများအပေါ်တွင် လက်တွေ့လုပ်ဆောင်မှုများ

  • စီးပွားရေးစီမံချက်နဲ့ ငွေကြေးစီမံချက် အစရှိသော အကြောင်းအရာများ

 

သင်တန်းအပြီးတွင် သင်တန်းသားများမှ စားသောက်ကုန်ထုပ်လုပ်ခြင်းနှင့် ပတ်သက်သော သင့်လျော်သည့် အသိပညာများနှင့် စီးပွားရေးစီမံချက်၊ ငွေကြေးစီမံချက်များကို ရေးဆွဲလာနိုင်မည့် အပြင် စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် လက်တွေ့လုပ်ကိုင်ရသော အတွေ့အကြုံများကိုပါ ရရှိလာမှာဖြစ်သည်။

 

ထို့အပြင် သင်တန်းသားများမှ စားသောက်ကုန်လက်တွေ့ထုတ်လုပ်ခြင်း သင်ခန်းစာအတွက် စားသောက်ကုန်အမျိုးအစား (၃)မျိုးကို ထုတ်လုပ်ခွင့်ရမှာဖြစ်ကြောင်း ဖော်ပြထားသည်။

 

သင်တန်းကို Impact Hub Yangon ရုံးတွင် (၄) ရက်ပြုလုပ်မည်ဖြစ်ပြီး လက်တွေ့သင်ခန်းစာများအတွက် Kitchen Hub တွင် (၁) ရက်ပြုလုပ်သွားမည်ဖြစ်သည်။ Kitchen Hub တွင် တစ်ရက်တာပြုလုပ်သွားမည့် သင်တန်းအတွက် သွားလာမှု နှင့် နေ့လည်စာအစီအစဥ်အား Kitchen Hub မှ စီစဥ်ပေးသွားမည်ဖြစ်ပြီး ကျန်ရက်များအတွက်မူ အဆာပြေနှင့် မုန့်ကော်ဖီများကို စီစဥ်ပေးမည်ဖြစ်သည်။ 

 

စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ဖော်ပြပါလင့်ခ်မှတစ်ဆင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်သည်။

 

စာရင်းပေးသွင်းရန်လင့်ခ် > https://bit.ly/KHTrainingBatch2Registration 

 

သင်တန်းကြေးမှာ သင်တန်းစဥ်အစအဆုံးအတွက် အပြီးအစီး (၂၅၀,၀၀၀/-) ကျပ်ကျသင့်မည်ဖြစ်ပြီး သင်တန်းကြေးပေးသွင်းခြင်းအတွက် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၉ ၇၆၁၀၉၃၃၁၈ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ သင်တန်းကြေးပေးသွင်းပြီး အကြောင်း အမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်း မရှိပါက သင်တန်းကြေးအား ပြန်အမ်းမည်မဟုတ်ပါ။ 

 

အသေးစိတ်အချက်အလက်များကို ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက Impact Hub Yangon နှင့် Kitchen Hub တို့၏ ဖုန်းနံပါတ်ဖြစ်သော ၀၉ ၇၆၁၀၉၃၃၁၈ (သို့မဟုတ်) email: [email protected] သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Source From > Kitchen Hub Facebook Page  https://bit.ly/3i8sfyq


 

 

Local News Latest Post Read 970 times