(၁၃) ကြိမ်မြောက် EPS-TOPIK စာမေးပွဲအောင်မြင်မှုနှုန်းလူဦးရေ ၁၀၀၀ သာရရှိမည်

(၁၃) ကြိမ်မြောက် EPS-TOPIK စာမေးပွဲအောင်မြင်မှုနှုန်းလူဦးရေ ၁၀၀၀ သာရရှိမည်

**Unicode**

 

ကိုရီးယားနိုင်ငံရှိ စိုက်ပျိုး/မွေးမြူရေးအလုပ်အကိုင်နေရာရာများအတွက် စစ်ဆေးမည့် (၁၃) ကြိမ်မြောက် EPS-TOPIK စာမေးပွဲ၏ အောင်မြင်မှုနှုန်း လူဦးရေ (၁၀၀၀) သာရရှိမည်ဟုသိရပါတယ်။


သို့သော်ပြီးခဲ့သည့် စက်တင်ဘာ (၁၄၊ ၁၅) ရက်တို့တွင် ဖြေဆိုခွင့် လျှောက်ထားသူဦးရေသည် (၈၀၀၀) အထက်မှာ ရှိနေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ စက်တင်ဘာ (၂၁) ရက်ကသိရပါတယ်။


စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းအတွက်လုပ်မယ့် EPS-TOPIK စာမေးပွဲမှာအောင်မြင်မှုပေးမယ့် အရေအတွက်က ဦးရေ (၁၀၀၀) ဖြစ်ပါတယ်။


ယခင်ပြုလုပ်တဲ့စာမေးပွဲတွေထက် တိုးမြှင့်ပေးထားပါတယ် ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


(၁၃) ကြိမ်မြောက် EPS-TOPIK စာမေးပွဲစိုက်ပျိုး/မွေးမြူရေးလုပ်ငန်းစာမေးပွဲကို အောက်တိုဘာ (၂) ရက်မှ နိုဝင်ဘာ (၁) ရက်အထိနှင့် ဒုတိယအဆင့်အခြေခံ ကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test) ကိုနိုဝင်ဘာ (၂၆) မှ ဒီဇင်ဘာ (၃) ရက်အထိပြုလုပ်မည်ဖြစ်ကာ အပြီးသတ်အောင်စာရင်းကို ဒီဇင်ဘာ (၂၀) ရက်တွင် ထုတ်ပြန်မည်ဟု သိရပါတယ်။


အဆိုပါ (၁၃)ကြိမ်မြောက်စာမေးပွဲကို ပြီးခဲ့သည့် (၁၂) ကြိမ်မြောက်တွင် အောင်မြင်ထားသူများအား ဝင်ရောက်ဖြေဆိုခွင့်ပြုမည်မဟုတ်သလို (၁၃) ကြိမ်မြောက်စာမေးပွဲ အောက်မြင်ခဲ့သူများအနေဖြင့်လည်း လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်မည့် (၁၄) ကြိမ်မြောက်စာမေးပွဲသို့လည်း ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားပါတယ်။


ယခုစာမေးပွဲသည် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းအလုပ်အကိုင်တစ်ခုတည်းအတွက်သာ ဖြစ်ပြီး ကျန်အလုပ်အကိုင်များအတွက် အရည်အချင်းစစ်စာမေးပွဲအောင်မြင်ပြီး မသွားရသေးသူဦးရေ (၅၀၀၀) ကျော်ကျန်ရှိနေသေးသည့် အတွက် စာမေးပွဲစစ်ဆေးမှုများအား ယာယီရပ်ဆိုင်းထားပါတယ်။


Source: Democracy

**Zawgyi**








 

Day Care/Nursery (သူနာပြု) (292) Day Care/Nursery နှင့်ပတ်သက်ပြီး သင်တန်း (292 )ခု ရှာရန်နှိပ်ပါ။





 

Read More:>>> BBM, BA (EPP), BTHM နှင့် BA (Journalism) ပထမနှစ်သင်တန်းဝင်ခွင့်ခေါ်ယူခြင်း




Source: Democracy

 

News Read 1747 times