Sales Hotline : 09448001653       Download App



Grade 10 တက်မယ့် ညီငယ်၊ ညီမငယ်တွေအတွက် Singapore ကပေးတဲ့ 100% Scholarship

ဒီတစ်ပတ်မှာတော့ Singapore အစိုးရကနေ မြန်မာနိုင်ငံက အထက်တန်းကျောင်းသား/သူတွေအတွက် သီးသန့် ပေးအပ်တဲ့ "ASEAN Scholarship for Myanmar" ဆိုတဲ့ ၁၀၀% ထောက်ပံ့ကြေးရမယ့် ပညာသင်ဆုအကြောင်း မျှဝေပေးလိုက်ပါတယ်။ 

 

ပေးအပ်တဲ့ အဖွဲ့အစည်း - Ministry of Eduacation Singapore

တက်ရောက်ရမယ့် ပညာတော်သင်ဆုအမျိုးအစား - ASEAN Scholarship for Myanmar

တက်ရောက်ရမယ့် ကာလ - (၄) နှစ်

ရရှိမယ့် ဘွဲ့အမျိုးအစား - Singapore-Cambridge GCE A-Level Certificate

နောက်ဆုံးလျှောက်ထားရန်ရက် - 30 May 2024

တက်ရောက်ရမယ့်ကျောင်း - Singapore Secondary Schools

 

ဒီစကော်လာရှစ်ကို ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

  • မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။
  • 2 Jan 2008 ကနေ 1 Jan 2011 ကြား မွေးဖွားသူ ဖြစ်ရပါမယ်။
  • ကျောင်းစာမေးပွဲတွေမှာ အမှတ်ကောင်းသူ ဖြစ်ရပါမယ်။
  • အနည်းဆုံး Grade 9 အောင်မြင်ပြီးသားဖြစ်ရပါမယ်။
  • ကျောင်းစာပြင်ပ Activities တွေမှာလည်း တက်ကြွစွာ ပါဝင်နိုင်သူဖြစ်ရပါမယ်။

 

စကော်လာရှစ် စာသင်နှစ်?

စကော်လာရှစ်ကာလက (၄) နှစ်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းကတော့ Secondary 3 ကနေ Pre-University 2 အထိ သတ်မှတ်ထားပါတယ်။ ဒါပြီးရင် GCE A-Level Certificate ကို ရရှိမှာ ဖြစ်ပါတယ်။ 

 

ပညာသင်ဆုမှာ ဘာတွေ ပေးမှာလဲ?

  • နေစရိတ်
  • စားစရိတ်
  • လေယာဉ်စရိတ် (အပြန်တစ်ကြောင်း)
  • ကျောင်းစရိတ်
  • GCE O-Level နဲ့ A-Level ရဲ့ စာမေးပွဲကြေး (တစ်ကြိမ်အတွက်သာ)
  • ဆေးဝါးစရိတ်နဲ့ အာမခံစရိတ်

 

ဘယ်လိုလျှောက်ထားရမလဲ?

လောလောဆယ်တော့ Appilication Form မဖွင့်သေးပါဘူး။ Appilication Form ကို အောက်ကလင့်ခ်ကနေတဆင့် ဝင်ကြည့်လို့ ရပါတယ်။

>> https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarship/myanmar?fbclid=IwAR2L8eTPQPcWYhNfW5frMaZO397BJIbDVKZLK9a0LK_UIdRbBwsUq7rPEJ8

 

ဖောင်လျှောက်ရမယ့်ရက်ကတော့ 1 Apr ကနေစပြီး 30 May အထိ ဖြစ်ပါတယ်။ July 2024 မှာ ရွေးချယ်ခံရတဲ့ စကော်လာရသူတွေကို Selection Tests ဖြေခိုင်းပြီး Sep 2024 မှာတော့ အင်တာဗျူး ဖြေဆိုရဦးမှာပါ။ နောက်ဆုံးအဆင့်အနေနဲ့ အင်တာဗျူးအောင်တဲ့သူတွေကိုတော့ အီးမေးလ်ကနေတဆင့် အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

International Latest Post Read 1269 times