အခြေခံပညာကျောင်းများတွင် ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲ စစ်ဆေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စ

အခြေခံပညာကျောင်းများတွင် ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲ စစ်ဆေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စ

အခြေခံပညာကျောင်းတွင်းစစ် စာမေးပွဲများကို  (၄-၂-၂၀၁၉ မှ ၁၁-၂-၂၀၁၉ အတွင်း) စနေနေ့နှင့်တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များမှ အပ ကျင်းပရန် ညွှန်ကြားထားပါသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ (KG, Grade-1, Grade-2) အတန်းများမှ လွဲ၍ ကျောင်းတွင်း စစ်ဆေးရမည့် အတန်းများ၏ ဖေဖော်ဝါရီလ (ဒုတိယနှစ်ဆုံးစာမေးပွဲ) ကို အောက်ပါ အတိုင်း ဆောင်ရွက်ရန် အကြောင်းကြားလာပါသည်။

(က) အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ သင်ကြားသည့် သင်ခန်းစာများကို စစ်ဆေးရန်

(ခ) ဘာသာရပ်တစ်ခုလျှင် စာသင်ချိန်တစ်ချိန်စစ်ဆေးရန်

(ဂ) တစ်ရက်လျှင်တစ်ဘာသာစစ်ဆေးရန်

အထက်တန်းဆင့် (သင်ရိုးဟောင်း)၊ နဝမတန်း (Grade-10) အတွက် နစ်ဆုံး စစ်ဆေးခြင်း (Year End Test) ကို ၂၀၁၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့မှ (၁၁)ရက်နေ့အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် ၂း၀၀ နာရီသတ်မှတ်၍ စစ်ဆေးရန်နှင့် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန် ထပ်ဆင့်အကြောင်းကြားပါသည်။

မှတ်ချက် - ခရိုင်များမှ မိမိခရိုင်အတွင်းရှိ မြို့နယ်များသို့ (အမြန်) ဆက်လက်ဖြန့်ဝေရန်။

News Read 3691 times