လူရယ်လို့ ဖြစ်လာပြီဆိုရင် ကျွန်မတို့သိတတ်အရွယ်ရောက်ပြီရင် လုပ်ငန်းခွင်ဆိုတာ/အလုပ်အကိုင်ဆိုတာ မလုပ်မဖြစ်လုပ်ကိုင်ရမယ့် အရာဖြစ်တယ်။
ကျောင်းပညာရေးပြီးလို့ လုပ်ငန်းခွင်ဝင်သူရှိသလို ကျောင်းမပြီးပဲ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်သူများလည်းရှိပါတယ်။
အဲ့ဒီလို လုပ်ငန်းခွင်ဝင်ရောက်လိုက်တိုင်း ပညာရေးဆိုတာ ပြီးဆုံးသွားတာမျိုးမဟုတ်ပါဘူး။
မိမိကိုယ်တိုင်က ပညာသင်ယူလိုစိတ်၊ ဘယ်အရာမဆိုလေ့လာလိုစိတ်ရှိဖို့ပဲ လိုအပ်တာပါ။
ပညာသင်ယူတဲ့နေရာမှာ တချို့က ငွေကြေးမရှိ/မတတ်နိုင်လို့၊ အချိန်မရှိလို့ အကြောင်းအမျိုးမျိုးရှိနေနိုင်ပါတယ်။
Notary (56) စာချူပ်စာတမ်းကိစ္စရပ်များနှင့် ပတ်သက်ပြီး (56) ခုရှာရန်နှိပ်ပါ။
ဒါဆိုရင် ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုပညာမျိုးများ ရနိုင်မလဲစဉ်းစားပါ။
အဲ့ဒီလို လေ့လာသင်ယူလိုက်ရင် လုပ်ငန်းခွင်မှာ ပိုမိုလုပ်ကိုင်ရအဆင်ပြေလာနိုင်တယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကိုလဲ ပိုမိုကျွမ်းကျင်လာနိုင်တယ်။ ရာထူးပေးရမယ်ဆိုရင်တောင် ကိုယ်လေ့လာသင်ယူထားတဲ့အပေါ်မှာ ဒီလူကို တင်လိုက်ရင်တော့ အဆင်ပြေမယ်ဆိုတဲ့ အတွေးမျိုး အထက်လူကြီးများစဉ်းစားလာပါလိမ့်မယ်။
သင်ယူရင်းနဲ့ အမှားများစွာသင်ကိုယ်တိုင်တွေ့လာပါလိမ့်မယ်။ အမှားများထဲကနေ သင်အမှန်ကိုလည်း သိလာပါလိမ့်မယ် အဲ့ဒီလိုနဲ့ လုပ်ငန်းခွင်ပညာရေးလဲ တိုးတက်လာနိုင်ပါတယ်။
သင်အမှန်တကယ် လုပ်ငန်းခွင်နဲ့ ပညာကို မတတ်လဲလုပ်မယ်/ တတ်လဲလုပ်မယ် ဆိုရင်သင့်အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပညာရပ်ကိုကျွမ်းကျင်ရုံတင်မဟုတ်ပဲ အချိန်/ငွေကြေး/ ပိုက်ဆံ မလိုပဲ လေ့လာလို့ရမယ် ပညာကို ရှာကြည့်ပါ။ ကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်တခုထဲနဲ့တင် လေ့လာသင်ယူနိုင်ပါတယ်။
**အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေ ပညာကိုဘယ်လိုအချိန်ပေးပြီး လေ့လာသင်ယူမလဲ**
လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်တစ်ယောက်အတွက် တစ်ဖက်တစ်လမ်းကနေ အချိန်ပေးပြီး ပညာရပ်တစ်ခုကို လေ့လာသင်ယူဖို့ဆိုတာ တကယ်တမ်းပြောသလောက်မလွယ်ကူပါဘူး။
ဒါဆိုရင် သင်ယူလေ့လာလို့ရအောင် ဘယ်လိုကြံစည်မလဲဆိုတာပါပဲ။
မလိမ်ညာတမ်းပြောရရင် မိုးလင်းတာနဲ့ မျက်နှာအရင်မသစ်ခင် အရင်ဆုံးလုပ်ကိုင်တာက ဖုန်းကိုင်လိုက်ပြီး Facebook ဖွင့်လိုက်တာပါပဲ။
ဒီလိုသာဆိုရင် ငါတို့ဒီ Facebook ထဲက အကျိုးရှိမယ့် ဘယ်လိုပညာရပ်တွေ လေ့လာလို့ရမလဲ စဉ်းစားကြရမယ်။
လေ့လာတောမယ်ဆိုတာနဲ့ ဘယ်လိုအကြောင်းကို လေ့လာမလဲ ဘာကြောင့်လေ့လာဖို့လိုအပ်သလဲ စတင်သိအောင်လုပ်ဆောင်ပါ။
အရင်ဆုံးလေ့လာတော့မယ်ဆိုရင် အလွယ်တကူလေ့လာလို့ရနိုင်မယ့် လုပ်ငန်းခွင်လဲအကျိုးရှိမယ့် ကိုယ်ကလဲဝါသနာပါမယ့် ဘာသာစကားပြော တခုခုလောက်လေ့လာလိုက်ပါ။ ကြိုက်နှစ်သက်ရာကို သာသာစကားကိုလိုက်လံရှာဖွေပါ။ Group ထဲတွေ ဝင်လိုက်ပါ။ အဲ့ဒီမှာတင်ပေးသလောက်တွေကိုပဲ အရင်လေ့လာကြည့်လိုက်ပါ။
ငွေကြေး၊ အချိန်၊ နေရာ အဆင်မပြေလို့ခက်ခဲနေသူတွေအတွက် Facebook ဆိုတာက သုံးတတ်ရင် တကယ့်ကို အကျိုးရှိစေပါတယ်။
ပင်ပန်းပြီးလေ့လာနေစရာမလိုဘူး၊ အချိန်လဲတကူးတကပေးစရာမလိုဘူး၊ Facebook သုံးနေရင်းလေ့လာကျက်မှတ်လိုက်ပါ။ အများကြီးလဲသင်ယူနေစရာမလိုဘူး၊ ကိုယ်နဲ့အဆင်ပြေလောက်မယ့် ၊ အသုံးချလို့ရနိုင်တဲ့ အရာမျိုးကို ရွေးချယ်ပြီးအတိုအထွာလေးတွေကို လေ့လာကျက်မှတ်လိုက်ပါ။
ကားစီးနေတဲ့အချိန်မှာ ဖုန်းကိုင်ရင်း Facebook သုံးရင်းပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ Internet နဲ့လုပ်ကိုင်နေရတဲ့အချိန်ပဲဖြစ်ဖြစ် ၊ အလုပ်ပြန်ချိန်၊ လာချိန်၊ ညအိပ်ယာဝင်ချိန် အနည်းငယ်အချိန်လေးပေးပြီးလေ့လာလိုက်ပါ ပညာရပ်တစ်ခုတိုးလာပါလိမ့်မယ်။
ပညာဒါနသင်တန်းတွေကို ချိတ်ဆက်ပါ။ ဘယ်အချိန်တက်ရနိုင်မလဲ ဆိုပြီးမေးမြန်းပါ။ ရရင်တက်ပါ။
ကိုယ်ကပညာရပ်တစ်ခုကို လေ့လာချင်တယ်၊ ငွေကြေးလဲမတတ်နိုင်ဘူး၊ အချိန်ဆိုတာကလဲ တစ်ပတ် (၁) ရက်လောက်ပဲဆို ဘယ်လိုမှ မလွယ်ကူလောက်ပါဘူး၊ ဒါကြောင့်** လုပ်နေရင်း သင်ယူလိုက်ပါ၊ သင်ယူရင်း လုပ်နေလိုက်ပါ** အချိန်မြန်မြန်နဲ့ တတ်မြောက်တာနဲ့၊ အချိန်ကြာပြီးမှ တတ်မြောက်တာ ဒါပဲကွာမယ်။ အချိန်တန်ရင် လေ့လာရင် လေ့လာသလောက် တတ်မြောက်လာနိုင်ပါတယ်။
ဒါဆိုရင် သင်လုပ်ငန်းခွင်မှာလဲတိုးတက်လာနိုင်သလို၊ ပညာရေးပိုင်းလဲ တိုးတက်လာနိုင်ပါတယ်။
ကျောထောက်နောက်ခံ မရှိတဲ့ အခြေခံလူတန်းစားများအဖို့ အခုလိုလုပ်မှပဲ ပညာရေးကိုသင်လို့ရမှာပါ။
အားလုံးလဲ အခုလိုအကြောင်းအရာကို သိပြီးသားဖြစ်မှာပါ။ မလုပ်ဆောင်ကြသေးတာပါ။
Read More:>>>> တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာ (၂) ရက်နေ့မှစတင်လက်ခံနေပါပြီ
သင်အခုလိုလုပ်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ အရာတစ်ခုကို ချက်ချင်းလုပ်ဆောင်လိုက်ပါ။ နောက်သို့မရွေ့ပါနဲ့။ အဲ့ဒီလိုဆို နောက်ဘယ်တော့မှ မလုပ်ဖြစ်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။
အခုခေတ်မှာ အိမ်တစ်အိမ်မှာ မိသားစု (၅) ယောက်ရှိရင် (၅) ယောက်လုံးလုပ်ကိုင်မှသာ အဆင်ပြေနိုင်တာမျိုးပါ၊ အဲ့ဒီလိုအခြေအနေမျိုးမှာ ပညာရပ်တစ်ခုကို လေ့လာသင်ယူနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကိုယ်တိုင်ကြိုးစားအားထုတ်မှသာ ရနိုင်တာမျိုးပါ။
လူငယ်တွေ လမ်းပျောက်နေတာ မဟုတ်ပါဘူး၊ ဘယ်တုန်းကမှ ကိုယ်လျှောက်မယ့်လမ်းကို မဖောက်ခဲ့ဘူးသေးတာပါ။
**အလုပ်လုပ်ကိုင်ရင်း ပညာလေ့လာနိုင်တဲ့ လူငယ်များဖြစ်လာနိုင်ပါစေ**
(မိမိကြုံတွေ့နေရသော အခြေအနေနဲ့ လုပ်ငန်းခွင်အတွေ့အကြုံ တစ်ခုဖြင့် ပေါင်းစပ်ရေးသားလိုက်ခြင်းဖြစ်ပါသည်။)
Authoress By Phyoe Thazin Shwe