အဋ္ဌမတန်း အောင်မြင်ထား သူများ အခမဲ့ တက်ရောက်နိုင်မည့် သက်မွေးသင်တန်းငါးခုကို လျှောက်ထားနိုင်

အဋ္ဌမတန်း အောင်မြင်ထား သူများ အခမဲ့ တက်ရောက်နိုင်မည့် သက်မွေးသင်တန်းငါးခုကို လျှောက်ထားနိုင်

ကုမ္ပဏီတစ်ခုခုတွင် တာဝန် ထမ်းဆောင်နေသည့် ၀န်ထမ်းများ လျှောက်ထားနိုင်သကဲ့သို့ အလုပ် အကိုင် မရရှိသေးသူများလည်း သင်တန်းနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီများတွင် အလုပ်သင်ဝန် ထမ်းအဖြစ် တစ်ပါတည်း လျှောက်ထားနိုင်သည်။

စီးပွားရေးပညာအထောက် အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်း ကျင်မှုပညာသင်တန်း၊ ပရိဘောဂ ပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း၊ သတ္တု ပစ္စည်းထုတ်လုပ်မှု အတတ်ပညာ သင်တန်းများကို အလုပ်သင် သင် တန်းသားများအဖြစ် သင်တန်း ကာလ သုံးနှစ်တက်ရောက်ရမည် ဖြစ်သည်။

တစ်ပတ်လျှင် တစ်ရက် သာ CVT ကျောင်းတွင် စာတွေ့ သင်ကြားရမည်ဖြစ်ပြီး ကျန်ရက် များ၌ သက်ဆိုင်ရာလုပ်ငန်းခွင် တွင် လက်တွေ့သင်ကြားရမည် ဖြစ်သည်။

‘‘ကိုယ့်ကိုအလုပ်သင် သင်တန်းသားအဖြစ်စေလွှတ်တဲ့ ကုမ္ပဏီမှာ၊ လုပ်ငန်းမှာ လက်တွေ့၊ CVTကျောင်းမှာက စာတွေ့သင် ယူခြင်းအားဖြင့် သုံးနှစ်အတွင်းမှာ ကျွမ်းကျင်ပညာရှင်တွေဖြစ်လာဖို့ မျှော်မှန်းပါတယ်’’ဟု CVT Myanmar  အကြီးတန်းဆက်ဆံ ရေးအရာရှိ ဒေါ်ရင်ရင်စိုးက ပြော သည်။

CVT Myanmar ၏ စီးပွား ရေးအထောက်အကူပြုသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း၊ လျှပ်စစ် ကျွမ်းကျင်မှု ပညာသင်တန်းများ သို့ အနည်းဆုံးအခြေခံပညာအ ထက်တန်း အဆင့်ရှိသူများတက် ရောက်နိုင်ပြီး ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ သတ္တု ပစ္စည်းထုတ်လုပ်မှု အတတ်ပညာ သင်တန်းမျာသို့ အဋ္ဌမတန်း အောင်မြင်သူများ တက်ရောက် နိုင်သည်။

READ - သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းလျှောက်လွှာခေါ်ယူခြင်း

အသက်(၁၇)နှစ်မှ (၂၆)နှစ် အတွင်း လူငယ်များအနေဖြင့် အ လုပ်သင်သက်မွေးသင်တန်းများ သို့ တက်ရောက်နိုင်ပြီး သင်တန်း ကာလပြီးဆုံးပါက စာတွေ့၊ လက် တွေ့ စာမေးပွဲကိုဖြေဆိုရမည်ဖြစ် ကာ မြန်မာနှင့် ဆွစ်ဇာလန်နိုင်ငံ အသင်းအဖွဲ့များမှ အသိအမှတ်ပြု သည့် Junior Professionals အ ဆင့်ကျွမ်းကျင်ဝန်ထမ်းလက်မှတ် များ ရရှိမည် ဖြစ်သည်။

၂၀၁၈-၁၉ ပညာသင်နှစ်အ တွက် သင်တန်းသား ၂၇၅ ဦး လက်ခံမည်ဖြစ်ပြီး မတ်လ ၃၁ ရက် နောက်ဆုံးထားကာ ဗိုလ်တ ထောင်မြို့နယ်ရှိ CVT Myanmar သင်တန်းကျောင်းတွင် သင်တန်း ၀င်ခွင့်လျှောက်ထားရမည် ဖြစ် သည်။

သင်တန်းများကို မေလ ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ 

CVT Myanmar ၏ အခမဲ့ အသက်မွေးဝမ်းကျောင်းသင်တန်း များကို ဆွစ်ဇာလန်နိုင်ငံ၏ အလုပ်သင်ပညာရေးပုံစံကို အခြေခံ၍ သင်ကြားနေပြီး သင်တန်းကျောင်း ၏ ကုန်ကျစရိတ်များကို ဆွစ်ဇာလန်နိုင်ငံမှ လုပ်ငန်းရှင်များ၊ စေတနာရှင်များနှင့် Swiss Agency for Development and Cooperation တို့က ထောက်ပံ့ပေးထားသည်။

သင်တန်းသားစေလွှတ်သည့် ကုမ္ပဏီများကလည်း မှတ်ပုံတင်ကြေး၊ သင်တန်းကြေးများကို သင်တန်းကျောင်းအတွက် အလှူငွေအဖြစ် ထည့်ဝင်လှူဒါန်းသည်။ 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 33546 times