ကျောင်းမနေနိုင်သည့်ကလေးငယ်များအတွက် အသက်မွေးဆိုင်ရာ သင်တန်းကျောင်းဖွင့်လှစ်ပေးမည်

ကျောင်းမနေနိုင်သည့်ကလေးငယ်များအတွက်  အသက်မွေးဆိုင်ရာ သင်တန်းကျောင်းဖွင့်လှစ်ပေးမည်

သီပေါပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒ၀င်းက ပြောသည်။

ထိုကျောင်းတွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး လုပ်ငန်းခွင်များ ၀င်နိုင်သည်အထိ ဆောင်ရွက်ပေးမည် ဟု ဆိုသည်။

"ကျောင်းက အင်္ဂပူဘက်မှာ စပြီး တည်ထောင်ဖို့ လုပ်နေပါတယ်။ အင်္ဂပူမှာပဲ ဆရာက 'နေဖြစ်မယ့် လူပျိုးခင်း'ဆိုတာ ကျောင်းမနေနိုင်တဲ့ကလေးတွေ ထားတာ၊ အဲဒီကလေးများအတွက်ကို အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပေးဖို့လုပ်ပါတယ်။ ၂၀၁၉ခုနှစ် မှာစတင်ဖို့ လုပ်ထားတယ်။

အင်္ဂပူမှာပဲ ဆရာကျောင်းထားတဲ့ကလေးတွေကရှိလို့ အဲဒီမှာပဲ ဆက်လုပ်မယ်" ဟုပြောသည်။

မရှိဆင်းရဲသားကလေးငယ်များကို မရှိခိုးနိုးဆိုသည့် 'ဘ၀ကျောင်း'အဖြစ်တည်ထောင်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးမည် ဟုဆိုသည်။

"မကြာမီ 'ဘ၀ကျောင်း' ဆိုတာကို တည်ထောင်ပြီး အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ကြားပေးသွားမယ်" ဟုပြောသည်။

သီပေါပြည်သူ့ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒ၀င်းသည် သီပေါတွင် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရင်း ရင်သားအဆမတန်ကြီးထွားနေသည့် မိန်းကလေးငယ်လေးအား ခွဲစိတ်ကုသပေးခဲ့ရာ

အောင်မြင်ခဲ့သဖြင့် နာမည်ကျော်ကြားသော ဆရာဝန်တစ်ဦးဖြစ်လာပြီး ကျောင်းမနေနိုင်သော ကလေးငယ်များကို အင်္ဂပူမြို့နယ်တွင် ကျောင်းထားပေးခြင်းများ ဆောင်ရွက်နေသည့်အပြင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း သင်ကြားပေးရန် အစီအစဉ်များ ရှိလာခြင်းဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1686 times