ရန်ကုန်ရှိ ကျောင်းကားများကို နိုင်ငံတကာကဲ့သို့ အဆင့်မြှင့်ရန်စီစဉ်

ရန်ကုန်ရှိ ကျောင်းကားများကို နိုင်ငံတကာကဲ့သို့ အဆင့်မြှင့်ရန်စီစဉ်

ကျောင်းကြိုပို့ ယာဉ်များ သည် အခြားယာဉ်များနှင့်မတူဘဲ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အ၀ါရောင်ကားများသာဖြစ်သင့် ကြောင်း၊ လက်ရှိပြေးဆွဲနေသော ကျောင်းကားများသည် လူစီးရန် မသင့်တော်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစည်းအဝေး၌ ပြောကြားခဲ့ သည်ဟု အစည်းအဝေးသို့ တက် ရောက်ခဲ့သည့် အထက်တန်း ကျောင်းအုပ်ဆရာမကြီးတစ်ဦး က ပြောသည်။

လက်ရှိ ပြေးဆွဲနေတဲ့ ကျောင်းကားတွေကို မဆွဲရဘူးလို့ မပြောဘူး။ ဒါပေမဲ့ နိုင်ငံတကာမှာလို ပြေးဆွဲနေတဲ့ ကျောင်းကား တွေလိုဖြစ်ဖို့ ဆွေးနွေးတယ်။ ကျောင်းသား၊ ကျောင်းသူတွေအ တွက် ပိုပြီးစိတ်ချရအောင်အတွက် ပြင်ချင်တာ။

ပုဂ္ဂလိကအခန်းကဏ္ဍက စီစဉ်နိုင်ရင် စီစဉ်ပေါ့။ မစီစဉ်နိုင်ရင် အစိုးရအဖွဲ့က စီစဉ်ပေးမယ်လို့ ပြောတယ်။ ဆုံးဖြတ်ချက်ကတော့မချရသေးဘူး။ ထပ်ပြီးဆွေးနွေးရဦးမယ်။ 

လက်ရှိပြေးဆွဲနေတဲ့ကျောင်း ကားတွေအနေနဲ့ ယာဉ်မောင်း တွေမှာလည်း စားဝတ်နေရေးရှိ သေးတော့ အဆင်ပြေအောင် လုပ် ရမယ်။ ကျောင်း ကားမောင်းတဲ့သူ တွေနဲ့လည်း ညှိနှိုင်းရမယ် ဟု ၎င်းက ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ဧပြီ ၂၅ ရက် နေ့လယ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးတွင် ၀န်ကြီးချုပ်နှင့် ကျောင်း ကားပြုလုပ်သင့်သည့် ကျောင်း များမှ တာဝန်ရှိသူများအစည်းအ ဝေးကျင်းပပြီး ကျောင်း ကားပြေး ဆွဲနေသည့် ယာဉ်ပိုင်ရှင်များကို သက်ဆိုင်ရာ အထက်တန်း ကျောင်းများမှ ခေါ်ယူပြောကြားမှု များမရှိသေးကြောင်း ကမာရွတ် မြို့နယ် အထက(၂)ကျောင်း တွင်ကျောင်းကားမောင်းနှင်သူ ကိုလှစိုးကပြောသည်။

‘‘ကျွန်တော်တို့ယာဉ်ပိုင်ရှင် တွေကိုတော့ ၂၈ ရက် ကျောင်း အုပ်ဆရာမကြီးက ခေါ်ထား တယ်။ ဘာတွေပြောမလဲဆိုတာ တော့ အဲဒီနေ့တွေ့မှ သိရမယ်’’ဟု ၎င်းက ပြောသည်။

အလားတူ အခြားအထက် တန်းကျောင်းများတွင် ကျောင်း ကားယာဉ်ပိုင်ရှင်များကို ခေါ်ယူ ခြင်းမရှိသေးဘဲ ကိုယ်ပိုင်ယာဉ် များဖြင့် လာရောက်ကြိုမည့် အိမ် ကားအချို့ကို ကျောင်းဝင်းအ တွင်း ရပ်တန့်ခွင့်မပြုရန် ပြောဆို မှုရှိသော်လည်း တရားဝင်ပြော ကြားခြင်းမရှိကြောင်း ကျောင်းကားမောင်းသူ ကိုဝေဖြိုးက ပြော သည်။

ကျောင်းကားအများစုသည် လိုက်ထရပ်ယာဉ်များဖြင့် ပြေး ဆွဲနေ၍ စီးနင်းသူကျောင်းသား၊ ကျောင်းသူများအန္တရာယ်မရှိစေ ရန် မီနီဘတ်စ်များဖြင့် အစားထိုး ပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း ယာဉ်ပိုင်ရှင်အများစုက ကန့်ကွက် ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

‘‘အိမ်က ကလေးတွေကို ကျောင်းကားနဲ့ စိတ်မချလို့ ကိုယ် ပိုင်ကားနဲ့ ပို့ပေးတယ်။ ကျောင်း ဖွင့်ချိန်က မိုးတွင်းဆိုတော့ ပိုစိတ် ပူတယ်။

ကျောင်းကားကို နိုင်ငံတကာမှာလို အဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင်တော့ ကောင်း ပါတယ်။ အခုယာဉ်မောင်းတွေက လည်း အသက်ငယ်တော့ ပိုစိတ် မချဘူး’’ဟု လမ်းမတော်မြို့နယ် နေ မစန်းစန်းမြင့်က ပြောသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ နာ မည်ကြီးကျောင်းအချို့တွင် ကိုယ် ပိုင်ယာဉ်များဖြင့် ကျောင်းကြိုပို့ မှုများကြောင့် ယာဉ်ကြော ကျပ်တည်းမှုများရှိခဲ့ကြောင်း ၀န် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့ သည့်နှစ်အတွင်း ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ပြောကြား ခဲ့ဖူးသည်။

ကျောင်းကား ပြေးဆွဲနေ သည့် လိုက်ထရပ်ယာဉ်များနေရာ ၌ မှန်လုံကားများဖြင့် ၂၀၁၆ တွင် ကျောင်းအများစု၌ အစားထိုးပြေးဆွဲနေသော်လည်း လိုက်ထရပ်ကားများဖြင့် ကျောင်းကြိုပို့ မောင်းနှင်နေသည့်ကားများ ရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 2494 times