UMG College

UMG College

UMG College ကို UMG group of companies က ဖွင့်လှစ်ထားပြီး UMG group သည် Volvo ၊ Hitachi ၊ Furukawa နှင့် Kawasaki စသည့် international ကုမ္ပဏီကြီးများ၏ Authorized Dealer ဖြစ်ပြီး UK နိုင်ငံရှိ Edexcel ပညာရေးအဖွဲ့အစည်းကြီးနှင့် ပူးပေါင်းဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

ထို College သည် University of the West of England ၊ Universitas Gadjah Mada ၊ Binus University ၊ Edexcel UK ၊ Grmatechno ၊ CIO Asia ၊ Universitas Diponegoro ၊ Pierson College နှင့် BTEC from Edexcel စသည်တို့နှင့် ချိတ်ဆက်ထားပါသည်။

သင်ကြားရေးတွင် အထောက်အကူပြုသည့် စာကြည့်တိုက်၊ ကွန်ပျူတာ၊ အင်တာနက်၊ လက်တွေ့စမ်းသပ်ခန်း၊ workshop (basic mechanical and engine ၊ machine tools (CNC ၊ lathe ၊ milling machine) နှင့် စက်ယန္တရားကြီးများ (Heavy Machinery) စသည်တို့ကို လိုအပ်သလို အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခ(ငြိမ်း) နှင့် ၀ါရင့်ဆရာကြီးများကိုယ်တိုင် ဦးစီးသင်ကြားပေးမည် ဖြစ်ပါသည်။

သင်ကြားပို့ချမည့်သင်တန်းများ

UMG College ၏ သင်တန်းများမှာ foundation နှင့် HND diploma တို့ ဖြစ်ပါသည်။

ပထမဆုံးအနေဖြင့် foundation သင်တန်းကို ၅ လ တက်ရောက်ရမည်ဖြစ်ပြီး အထူးပြု သင်ကြားမည့် ဘာသာရပ် ၃ ခု ရှိပါသည်။ ၄င်းတို့မှာ

·         Civil

·         Electrical

·         Mechanical တို့ဖြစ်ပါသည်။

ထို foundation သင်တန်းပြီးလျှင် HND diploma သင်တန်းကို ၂၀ လ တက်ရောက်ရမည် ဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်များမှာ

·         Business management

·         Information technology

·         Mechanical engineering

·         Civil engineering

·         Electrical and electronic engineering စသည်တို့ ဖြစ်သည်။

HND diploma ဘွဲ့ကို UK edexcel မှ တိုက်ရိုက်ချီးမြှင့်မည်ဖြစ်ပြီး ဒီပလိုမာပြီးဆုံးပါက UK ၊ Australia ၊ Singapore စသည့် နိုင်ငံတက္ကသိုလ်များတွင် top-up course များကို ဆက်လက်တက်ရောက်နိုင်ပြီး B.Sc(Hons) သို့မဟုတ် B.A(Hons) ဘွဲ့ကို ရရှိမည် ဖြစ်ပါသည်။

တက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ၊ IGCSE/GCE O-level အောင်မြင်သူများ၊ foundation course မှ စတင်တက်ရောက်နိုင်ပြီး AGTI ၊ B.Tech နှင့် အခြားဘွဲ့ရများသည် ပထမနှစ်မှ စတင်တက်ရောက်နိုင်ပါသည်။

Courses.

No.

Name

Duration

Student

Fee

1.

Foundation HND

၅ လ

၂၀

၁,၅၅၀,၀၀၀

2.

HND diploma

၂၀ လ

၂၀

၅,၉၀၀,၀၀၀

သင်တန်းကြေးများ

သင်တန်းကြေးမှာ foundation သင်တန်းအတွက် ကျပ် ၁,၅၅၀,၀၀၀ နှင့် HND diploma သင်တန်းအတွက် ကျပ် ၅,၉၀၀,၀၀၀ ဖြစ်ပါသည်။

သင်ကြားမည့် ဆရာ၊ ဆရာမများ

1. Dr. Kyaw San (Dean of UMG College)

2. U Thein Htay (Principal)

3. Daw Tin Kalyar (Assistant Director)

4. Daw Sabai (IT Department Head)

Contact Deatil

 

Vocational Read 3737 times