မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ဇွန်လမှာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနဲ့ အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း နဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ တစ်ပြိုင်နက်ကျင်းပစစ်ဆေးသွားမယ်လို့သိရပါတယ်။

 

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုတဲ့ ကျောင်းသူ၊ကျောင်းသားများ၊ အသင်းဝင်များအား အသိအမှတ်သူနိုင်ရေးအတွက် ဦးတည်စစ်ဆေးတဲ့အမေးပွဲများ ဖြစ်ပါတယ်။

အဆိုပါ စာမေးပွဲမှာ Professional နယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သောအခြေအနေသို့ ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

 

Network Associate Examination (NA Exam) ကို ဇွန် ၂၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး စာမေးပွဲကျင်းပချိန်ကတော့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုဖို့အတွက် နောက်ဆုံးစာရင်းပေးရမယ့်ရက်က ဇွန် ၁၉ ရက်ဖြစ်ပါတယ်။ စာမေးပွဲကြေး ၂၀,၀၀၀ ကျပ် (NA Exam) ဖြစ်ပြီး MCPA အသင်းဝင်တွေအနေနဲ့ ၅၀ ရာခိုင်နှုန်းသက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ စာမေးပွဲကျင်းပမည့်နေရာက အမှတ် (၂၀၅) ၊ MICT Park ဖြစ်ပါတယ်။

 

 

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း ၀၁ - ၆၅၂၂၇၆  / ၀၉-၅၀၆၇၁၆၈ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

Source - Internet Journal

Vocational Read 976 times