အင်္ဂလိပ်စာ သင်တန်းများကို အခမဲ့ရယူရန်အကောင်းဆုံးနေရာ ၇ ခု

ညအိပ်ဝတ်စုံလည်း လဲစရာမလိုဘဲ အခကြေးငွေမလိုဘဲ အင်္ဂလိပ်စာ အရည်အချင်းတိုးတက်စေမယ်ဆို စိတ်ဝင်စားပါသလား၊

MOOC သင်တန်းများရှိပါသည်။ MOOC ဆိုသည်မှာ Massive Open Online Course ဖြစ်ပြီး (များသောအားဖြင့်) ကောလိပ်အဆင့် သင်တန်းများကို အွန်လိုင်းများတွင် သင်ယူနိုင်သည့် သင်တန်းများကို ဆိုလိုပါသည်။ တစ်ကမ္ဘာလုံးရှိ အင်တာနက်အသုံးပြုသူများ သင်ယူနိင်ရန် စီစဉ်ပေးထားပြီး လက််ရှိ တက္ကသိုလ်များတွင် ပို့ချနေသော ဆရာများမှ သင်ကြားပေးထားခြင်းဖြစ်ပြီး သင်တန်းအများစုမှ အခမဲ့ ဖြစ်ပါသည်။

သင့်အနေဖြင့် အင်တာနက်လိုင်းနှင့် သင်ယူလိုစိတ်သာရှိမယ်ဆိုလျှင် အောက်ပါ နေရာ ၇ ခုသည် အွန်လိုင်းတွင် အင်္ဂလိပ်စာသင်ယူရန် အကောင်းဆုံး နေရာဖြစ်ပါသည်။

၁။ Alison

၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သော Alison သည် MOOC သင်တန်းများ၏ ပထမအစအဖြစ် သတ်မှတ်လို့ရပါသည်။ အဆိုပါဝက်ဘ်ဆိုက်တွင် သင်တန်းပေါင်း ၁၀၀၀ ကျော်ရှိပါသည်။ အလုပ်အသစ်တစ်ခုကိုရရှိရန် သို့မဟုတ်သင်၏လက်ရှိအလုပ်တွင် ရာထူးတိုးမြှင့်ခြင်းအတွက် အလုပ်ကျွမ်းကျင်မှုတိုးတက်စေရန် အတွက် အဓိကဖြစ်ပါသည်။ ထို့ကြောင့် Alisonတွင် အင်္ဂလိပ်စာသင်တန်းများအားလုံးနှင့်အဆင့်အမျိုးမျိုးအတွက်အင်္ဂလိပ်စာသင်တန်းများများစွာရှိပါသည်။

တက်သင့်သောသင်တန်းများ -

  • Social English Language Skills - ဤသင်တန်းသည် အင်္ဂလိပ်စာ စကားပြော အရည်အချင်းကို တိုးတက်စေရန်အတွက် အထောက်အကူ ဖြစ်စေသော သင်တန်း ဖြစ်ပါသည်။

  • Introduction to English Grammar - ဤသင်တန်းသည် သဒ္ဒါဖွဲ့စည်းပုံများကိုလေ့လာနိုင်ပြီး ကောင်းမွန်သော ဝါကျများတည်ဆောက်နိုင်ရန် အတွက် အထောက်အကူဖြစ်စေပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

၂။ MOOEC

Massive Open Online English Course တွင် အခြေခံမှ အဆင့်မြင့် အထိ အဆင့်အမျိုးမျိုးရှိသောသင်တန်းများရှိပါသည်။ MOOEC မှ သင်တန်းများသည် MOOC မှ ပေးအပ်သောသင်တန်းများထက် သင်တန်းကာလ တိုတောင်းကာ ဘာသာရပ်တစ်ခုချင်းစီအလိုက် သင်တန်းများရှိပါသည်။

တက်သင့်သောသင်တန်းများ -

  • Elementary English Course - အင်္ဂလိပ်စာကို အစမှ စသင်သူများအတွက် အဆင်ပြေပါသည်။

  • Common Mistakes - အင်္ဂလိပ်စာတွင် မှားလေ့မှားထရှိသော အမှားများအတွက် အထောက်အကူ ဖြစ်စေမှာပါ။

  • Coffee Culture - ဩစတေးလျ နိုင်ငံ၏ ယဉ်ကျေးမှုနှင့် နေ့စဉ်သုံးအင်္ဂလိပ်စာ များကို လေ့လာလိုပါက အသုံးတည့်လှပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

၃။ FutureLearn

FutureLearn မှ သင်တန်းများမှာ နိုင်ငံပေါင်း ၄၀ ခန့်မှလာကြပြီး အချို့ထိပ်တန်း ဗြိတိန်အင်စတီကျူများ ဖြစ်သည့် British Council နှင့် British Museum များမှ သင်ခန်းစာများ ပါဝင်ပါသည်။ MOOCs ကဲ့သို့ပင် FutureLearn မှ သင်ခန်းစာများသည် အပတ်တိုင်း တင်ပေးထားပြီး အခြားသော ကျောင်းသားများနှင့် ပြောဆိုဆက်သွယ်ရန် အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါသည်။

တက်သင့်သောသင်တန်းများ

  • A Beginner’s Guide to Writing in English for University Study - အင်္ဂလိပ်စကားပြောသောနိုင်ငံတွင်လေ့လာလိုသူများအတွက်ရည်ရွယ်ထားသော်လည်းအင်္ဂလိပ်စာသင်ကြားသူတိုင်းအတွက်အသုံးဝင်ပါသည်။

  • Understanding IELTS: Techniques for English Language Tests - IELTS ကဲ့သို့ အရည်အချင်းစစ်စာမေးပွဲများ ဖြေဆိုရန် ပြင်ဆင်လိုပါက ဤသင်တန်းသည် အလွန်ကောင်းပါသည်။

  • Exploring English: Language and Culture - အင်္ဂလိပ်စာတိုးတက်လာသည်နှင့်အမျှဗြိတိသျှယဉ်ကျေးမှုအကြောင်းလေ့လာနိုင်မည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

၄။ edX

edX သည် MOOCs ဝက်ဘ်ဆိုက်များတွင် အကြီးဆုံးတစ်ခု ဖြစ်ပါသည်။၎င်းကို အမေရိကရှိအလွန်ကျော်ကြားပြီးစျေးကြီးသည့် တက္ကသိုလ်များ ဖြစ်သည့် ဟားဗတ်နှင့် MIT တို့မှ တည်ထောင်ထားခြင်းဖြစ်ပါသည်။ ထိပ်တန်းတက္ကသိုလ်များမှ ပါမောက္ခများဖန်တီးပြီးသင်ကြားသောကောလိပ်အဆင့်သင်တန်းများကို ရှာဖွေနိုင်ပါသည်။ သင်တန်းကြေးများမှာ အခမဲ့ မဟုတ်သော်လည်း မိခင်တက္ကသိုလ်များထက် ပို၍ သက်သာပါသည်။ အချို့သင်တန်းများမှာ သင်တန်းဆင်းလက်မှတ်များပါ ရရှိနိုင်ပါသည်။

တက်သင့်သောသင်တန်းများ

  • English Grammar and Style - Intermediate မှ advanced အဆင့်ရှိ သင်ယူသူများ အတွက်ပိုမို ကောင်းမွန်သော စာရေးဆရာဖြစ်ရန်အတွက် အထောက်အကူ ဖြစ်စေပါသည်။

  • Conversational English Skills - အင်္ဂလိပ်စာ စကားပြောလေ့ကျင့်ရန် ပိုမိုလွယ်ကူသော နည်းများကို ရှာဖွေနေပါက ဤသင်တန်းသည် အသင့်တော်ဆုံး ဖြစ်နိုင်ပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

၅။ Udemy

Udemy တွင် သောင်းနှင့် ချီသော သင်တန်းများရှိပြီး ၎င်းတို့မှာ လူသိများ ထင်ရှားသော တက္ကသိုလ်များမှ မဟုတ်သော်လည်း ‌ရွေးချယ်စရာ များအတွက် အကောင်းဆုံးဖြစ်ပါသည်။ သင်တန်းအားလုံးမှာ အခမဲ့ မဟုတ်သော်လည်း အချို့ကောင်းသော အခမဲ့သင်တန်းများမှာ အလွန် တန်ဖိုးရှိလှပါသည်။ Udemy သည် သင်ခန်းစာများကို ဗီဒီယိုများဖြင့် သင်ကြားပိုချထားပြီး ဥာဏ်စမ်းပဟေဠိများကိုဖြင့် စာဖြင့်ရေးသားထားသော စာရွက်စာတမ်းများဖြင့် အသုံးပြုထားသောကြောင့် သင်တန်းသားများအတွက် စိတ်ဝင်စားဖွယ်ကောင်းမှာအမှန်ပင် ဖြစ်သည်။

တက်သင့်သောသင်တန်းများ

  • English as a Foreign Language - ဤ သင်တန်းတွင် နေ့စဉ်စကားပြောခြင်းများမှ သဒ္ဒါများကို ထည့်သွင်းသင်ကြားပေးထားပါသည်။

  • English Grammar for Beginners - ဤသင်တန်းတွင် အခြေခံသဒ္ဒါနှင့် အင်္ဂလိပ်စာကို အစမှ သင်ကြားနေသူများအတွက် အလွန် အဆင်ပြေပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

၆။ Coursera

Coursera သည်အဆင့်မြင့်သင်ယူသူများအတွက် အကောင်းဆုံး အကြံပြုချက်များရထားသည့် သင်တန်းတစ်ခုဖြစ်ပါသည်။ သင်ခန်းစာတိုင်းတွင် ဗီဒီယိုများဖြင့် သင်ကြားပို့ချထားခြင်းများ ပါရှိပြီး သင်ခန်းစာ နားလည်တတ်မြောက်မှုများအတွက် ဥာဏ်စမ်းပဟေဠိများကိုလည်း အလွယ်တကူ ဖြေဆိုနိုင်ပါသေးသည်။

တက်သင့်သောသင်တန်းများ

  • Essentials for English Speeches and Presentations - အင်္ဂလိပ်စာကို အဓိကထားသင်ယူနေသည့် တရုတ်ကျောင်းသားများအတွက် ရည်ရွယ်ထားသည့် သင်တန်းဖြစ်ပြီး နေ့စဉ်သုံးအင်္ဂလိပ်စကားပြောများကို လေ့ကျင့်နိုင်ပါသည်။

  • English Composition I - Duke တက္ကသိုလ်မှ ဆရာများမှ သင်ကြားပို့ချပေးနေခြင်းဖြစ်ပြီး ကောလိပ်အဆင့် အရေးအသားများအတွက် အလွန်အသုံးဝင်လှပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

၇။ Udacity

စီးပွားရေး၊ ကွန်ပျူတာသိပ္ပံ (သို့) ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုသင်တန်းများကို အင်္ဂလိပ်စကားဖြင့် သင်ကြားပေးနေပြီး အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားကဲ့သို့တတ်ကျွမ်းသကဲ့သို့ ခံစားရစေမည် ဖြစ်ပါသည်။ Udacity တွင် အင်္ဂလိပ်စာသင်တန်းပေါင်း ၂၈၆ ခု ခန့်ရှိပါသည်။

တက်သင့်သောသင်တန်းများ

  • Refresh Your Resume - ဂူးဂဲလ်သင်ခန်းစာများ၏ ကျေးဇူးကြောင့် အကောင်းဆုံး အင်္ဂလိပ် ကိုယ်ရေးရာဇဝင်ကို ရရှိနိုင်မည်ဖြစ်သည်။

  • Introduction to Artificial Intelligence - Artificial Intelligence သည် နေရာတိုင်းတွင်ရှိပါသည်။ Machine Learning မှ Robotics အထိ သက်ဆိုင်ရာ သင်ခန်းစာများကို သင်ကြားပြီးပါက မိမိကိုယ် မိမိ AI ၏ ဘုရင်/ဘုရင်မ ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။

  • College Algebra - အကယ်၍ သင်ဟာ နံပါတ်များ၊ ညီမျှခြင်းများနှင့်လော်ဂရစ်သမ်များကို နှစ်သက်သူဖြစ်ပါက ဤသင်တန်းသည် သင်၏သင်္ချာဆိုင်ရာ အင်္ဂလိပ်ဝေါဟာရကိုအမြင့်ဆုံးအထိမြှင့်တင်ပေးလိမ့်မည် ဖြစ်ပေသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

By Myanmar Education Guide - EDGE

 

Knowledge Read 3483 times