ကျောင်းများတွင် ကိုယ်လက်လှုပ်ရှား ကာယပညာရေး တွန်းအားပေးဆောင်ရွက်ရန် Grade 1 မှ Grade 12 အထိ Text Book များတွင် ထည့်သွင်းရေးဆွဲမည့် အစီအစဉ်ကို အကောင်အထည် ဖော်မည်ဟုဆို

ကျောင်းများတွင် ကိုယ်လက်လှုပ်ရှား ကာယပညာရေး တွန်းအားပေးဆောင်ရွက်ရန် Grade 1 မှ Grade 12 အထိ Text Book များတွင် ထည့်သွင်းရေးဆွဲမည့် အစီအစဉ်ကို အကောင်အထည် ဖော်မည်ဟုဆို

ကျန်းမာကြံ့ခိုင်သော မြန်မာလူမျိုးများ ဖြစ်ပေါ်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ် ခြင်းသည် ကျန်းမာရေးအတွက် အဓိက အထောက်အကူပြုသည်ဟူသော Healthy Myanmar Seminar (Exercise is Medicine) အား နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၂ရက်တွင် ပညာရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ခဲ့သည်။

READ - မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံရေးလေ့လာမှု ပညာမဟာဘွဲ့သင်တန်းကို မန္တလေးတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ရန်စီစဉ်

ထိုဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းများတွင် ကိုယ်လက်လှုပ်ရှား ကာယ ပညာရေး တွန်းအားပေး ဆောင်ရွက်ရန် Grade 1 မှ Grade 12 အထိ Text Book များတွင် ထည့်သွင်းရေးဆွဲမည့် အစီအစဉ်ကို ထည့်သွင်းပြောကြားခဲ့သည်။

“အဲဒါက ပညာရေးနဲ့ အဓိက ဆိုင်တယ်လေ။ ပညာရေးဝန်ကြီးကလည်း အဖြေပေးပြီးသွားပြီ။ လာမယ့် ပညာသင်နှစ် ၂၀၁၈-၂၀၁၉ မှ အကောင်အထည်ဖော်နိုင်မယ်လို့ မြင်ပါတယ်။ လက်ရှိ ပညာသင်နှစ်က သင်ရိုးညွှန်းတမ်း ရေးဆွဲပြီးသား ဖြစ်နေတော့ အကောင်အထည် မဖော်နိုင်ဘဲ။ အားလပ်တဲ့ အချိန်တွေ လောက်ပဲ သင်ကြားပေးနိုင်မယ်လို့ မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 1683 times