ယခုပညာသင်နှစ်အတွက် ဘွဲ့ရနေ့စားလပေး မူလတန်းပြများကို ခေါ်ယူနိုင်တော့မည်မဟုတ်

ယခုပညာသင်နှစ်အတွက် ဘွဲ့ရနေ့စားလပေး မူလတန်းပြများကို ခေါ်ယူနိုင်တော့မည်မဟုတ်

ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် လိုအပ်နေသော မူလတန်းပြရာထူး နေရာများကို ဘွဲ့ရနေ့စားလပေးများဖြင့် ခေါ်ယူခန့်ထားရန်အတွက် တိုင်းဒေသကြီး ပြည်နယ်အလိုက် ဆရာ၊ ဆရာမ လိုအပ်ချက်များကို တောင်းခံပြီး လိုအပ်ချက်စာရင်းများကို ပြုစုခဲ့သော်လည်း လက်ရှိအချိန်အထိ ခေါ်ယူခြင်း မရှိ သေးသည့်အတွက် ယခုနှစ်အတွက ဘွဲ့ရနေ့စားလပေးများကို ခေါ်ယူနိုင်ခြေမှာ လွန်စွာနည်းပါးသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အခြေခံပညာဦးစီး ဌာနမှ သိရသည်။

READ - ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ GLOBAL ENGLISH COURSE သင်တန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အွန်လိုင်းဖြင့် လျှောက်ထားနိုင်ပြီ

“လက်ရှိခေါ်ဖို့လုပ်နေတာကတော့ တိုင်းရင်းသားဒေသတွေမှာ လက်ထောက်သင်ကြားရေး ၀န်ထမ်းတွေကို ခေါ်ဖို့အတွက် လုပ်နေပါတယ်။ နေ့စားလပေးကတော့ ဒီနှစ်အတွက် ခေါ်ယူနိုင်ခြေက နည်းနေပါပြီ။ ခေါ်ဖို့လမ်းမမြင်တော့ပါ။ ဘာလို့လဲဆိုတော့ ကျောင်းတွေက ပိတ်ခါနီးနေပါပြီ။ မနှစ်ကဆိုရင် ဒီအချိန်မှာ ခေါ်ပြီးလို့ အလုပ်တောင်ဝင်နေပြီ” ဟု ပြောသည်။

ယခုနှစ်အတွက် အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမလိုအပ်ချက်ကို ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမများဖြင့်သာ ဖြည့်ဆည်းခန့်ထားမှုများ ပြုလုပ်ခဲ့ပြီး ပြင်ပဘွဲ့ရများကို ခေါ်ယူခန့်ထားမှုမရှိခြင်းကြောင့် ဆရာလိုအပ်ချက်များစွာ မရှိနိုင်ကြောင်း လက်ရှိတွင် မြို့ပေါ်ရှိ ကျောင်းများတွင် ဆရာများ ပိုလျှံနေပြီး ကျေးရွာကျောင်းများတွင် ဆရာများလိုအပ်ချက်အရ ပိုသော ကျောင်းများမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းဖြင့် လိုအပ်ချက်အချို့ ဖြည့်ဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“အမှန်တကယ်ကတော့ သိပ်တော့မလိုဘူး။ တစ်ချို့တိုင်းနဲ့ ပြည်နယ်တွေက မြို့ပေါ်မှာ ပိုနေတဲ့ ဆရာတွေကို နယ်ဘက်ကို ယာယီပြောင်းရွှေ့ပေးပြီး ဆရာလိုနေတာကို ဖြည့်ဆည်းကြတယ်။ အဲဒီအတွက်လည်း ဆရာလိုအပ်ချက် အရမ်းဖြစ်မလာဘူး” ဟု ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5880 times