မူလတန်း ဆရာအတတ်သင်တန်း ရေးဖြေစာမေးပွဲ ၅၅,၀၀၀ ကျော် ၀င်ရောက်ဖြေဆို

မူလတန်း ဆရာအတတ်သင်တန်း ရေးဖြေစာမေးပွဲ ၅၅,၀၀၀ ကျော် ၀င်ရောက်ဖြေဆို

ထိုသင်တန်း ရေးဖြေစာမေးပွဲကို မတ်လ ၂၅ ရက်နေ့က တစ်နိုင်ငံလုံး တစ်ပြိုင်တည်း စစ်ဆေးခဲ့ပြီး (ကျား) ၆,၂၂၂ ဦး၊ (မ) ၄၈,၉၆၁ ဦး စုစုပေါင်း ၅၅,၁၈၃ ဦး ၀င်ရောက်ဖြေဆိုခဲ့ကြပြီး ၀န်ကြီးဌာနအနေနှင့် သင်တန်းသား ခြောက်ထောင်ခန့်သာ ရွေးချယ်ခန့်ထားမည်ဖြစ်ပါသည်။

ဝိဇ္ဇာ၊ သိပ္ပံ ဘယ်နှစ်ဦးစီ ရှိတယ်ဆိုတာတော့ လျှောက်လွှာတွေကို ပြန်စိစစ်ပြီးမှ သိနိုင်မယ်။ ခေါ်တာကတော့ ၀ိဇ္ဇာရော၊ သိပ္ပံရောကို ဒီနှစ်ခေါ်ထားပါတယ်။ ခန့်တဲ့နေရာမှာတော့ ဘယ်လောက်ဆိုပြီး သတ်မှတ်မထားပါဘူး။ အောင်တဲ့ရာခိုင်နှုန်း အလိုက် တန်းစီပြီး ထုတ်ချလိုက်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် လိုအပ်သော ၀ိဇ္ဇာနှင့် သိပ္ပံ ဆရာ၊ ဆရာမများ ဦးရေ စာရင်းကို အခြေခံပညာ ဦးစီးဌာနအနေနှင့် ဆရာ အတတ်ပညာ ဌာနသို့ ပေးပို့ထားပြီး တိုင်းနှင့် ပြည်နယ်များတွင် ဆရာ၊ ဆရာမ ဦးရေ မည်မျှ လိုအပ်ကြောင်းကိုမူ ကိန်းဂဏန်းအနေနှင့် အသေးစိတ် မမှတ်မိကြောင်း ပြောဆိုထားပါသည်။

ထိုစာမေးပွဲကို မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အင်္ဂလိပ်စာနှင့် ညနေပိုင်းတွင် အထွေထွေ ဗဟုသုတများကို သက်ဆိုင်ရာ ပညာရေး ခရိုင်များတွင် ဖြေဆိုခဲ့ကြပြီး ရေး ဖြေ အောင်မြင်သူများသည် နှုတ်ဖြေ စာမေးပွဲကို ၂၀၁၇ ခုနှစ် မေလ၌ ထပ်မံဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါသင်တန်း ရေးဖြေ၊ နှုတ်ဖြေ အောင်မြင်ပြီး သင်တန်းတက်ရောက်ပြီးလျှင် လုပ်ငန်းခွင်အကြို မူလတန်း ဆရာ အတတ်သင်လက်မှတ် ရရှိမည်ဖြစ်ပြီး မူလတန်းပြ ဆရာအဖြစ် နေရာ ဒေသမရွေး ခန့်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: the voice weekly

News Read 4704 times