ပထမတန်းသင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းကို ဧပြီလ ၂၉ ရက်နေ့တွင် စတင်မည်

ပထမတန်းသင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းကို ဧပြီလ ၂၉ ရက်နေ့တွင် စတင်မည်

မြို့နယ်ပညာရေးမှူးတွေရဲ့ ကြီးကြပ်မှုတွေနဲ့အတူ ပြန်ပြီး ပို့ချရမှာပါ၊ အဲဒီလိုပို့ချတဲ့အခါမှာ သက်ဆိုင်ရာမြို့နယ် ကြီး ကြပ်ရေးမှူးတွေ တက်ရောက်နိုင်တဲ့ လူဦးရေနဲ့ ချိန်ညှိဖို့လိုပါတယ်။

ပြောင်းလာမယ့် သင်ရိုးသစ်တွေအတွက် ဂျပန်နိုင်ငံဂျိုက်ကာကနေ ကူညီပံ့ပိုးပေးတာဖြစ်ပြီး အခြေခံ ပညာသင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့တို့ ပူးပေါင်းရေးဆွဲတာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်မီ နိုင်ငံပေါင်း ၁၄ နိုင်ငံရဲ့သင်ရိုးညွှန်းတမ်းတွေကို ခြုံငုံရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

သင်ရိုးသစ်မှာ လက်ရှိနည်းပညာနဲ့ ကမ္ဘာ့အဆင့်မီသင်ရိုးတွေကို ချိန်ဆရေးဆွဲထားပြီး ယနေ့ခေတ်နဲ့ လိုက်လျောညီထွေမှု မရှိတော့တဲ့ သင်ခန်းစာတွေကို ဖြုတ်ထားပါတယ်။

အခုပညာသင်နှစ်မှာ ပြောင်းလဲကျင့်သုံးခဲ့တဲ့ KG+12 ပညာရေးစနစ် အရ အခု ပညာသင်နှစ်မှာ သူငယ်တန်းတက်ရောက်နေတဲ့ ကလေးတွေက လာမယ့် (၂၀၁၇- ၂၀၁၈) ပညာသင်နှစ်မှာ ပထမတန်း တက်ရောက်ရမှာဖြစ်ပြီး အတန်းတိုင်းမှာ သင်ရိုးသစ်နဲ့ သင်ကြားရမှာ ဖြစ်ပါတယ်။

ပထမတန်းမှာ သင်ကြားမယ့် ဆရာ ဆရာမတွေကို လေ့ကျင့် သင်ကြားပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ပြီး ဗဟိုအဆင့်နည်းပြ သင်တန်းတွေ ပို့ချပေးနေတာဖြစ်ပါတယ်။

ကျောင်းဖွင့်ချိန်မတိုင်ခင် လာမယ့် မေလ ၁၁ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ ကျောင်းအဆင့်သင်တန်းတွေကို ပို့ချပေးမယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

News Read 6666 times