ပထမတန်းသင်ရိုးသစ် သင်ကြားရန်အတွက် မူလတန်းဆရာ၊ ဆရာမ ၃ သိန်းကျော်ကို သင်တန်းပေးမည်

ပထမတန်းသင်ရိုးသစ် သင်ကြားရန်အတွက် မူလတန်းဆရာ၊ ဆရာမ ၃ သိန်းကျော်ကို သင်တန်းပေးမည်

အခုက ကြီးကြပ်သူတွေကို အရင် သင်တန်းပေးနေတယ်။ ပြီးရင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအုပ်စုအဆင့်ဆိုပြီး

သင်တန်းတွေ အဆင့်ဆင့်ပေးမှာပါ။ မူလတန်း ဆရာ၊ ဆရာမ ၃ သိန်း ကျော်လောက်ကို သင်တန်းပေးဖို့ လျာထားခြင်း ဖြစ်ပါတယ်။

ဗဟိုအဆင့်သင်တန်းကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဖေ ဖော်ဝါရီလ ၇ ရက်နေ့အထိ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၈ ရက် နေ့အထိ အဖွဲ့ ၂ဖွဲ့ခွဲ၍ လည်း ကောင်း၊

တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့်သင်တန်းကို မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့ အထိလည်းကောင်း၊ မြို့နယ်အဆင့် သင်တန်းကို ဧပြီလ ၂၄ ရက်နေ့

မှ မေလ ၉ ရက်နေ့အထိလည်း ကောင်း၊ ကျောင်းအုပ်စုအဆင့် သင်တန်းကို မေလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရ

သည်။

ယင်းသင်တန်းများတွင် ပညာရေးကောလိပ်များမှ ဆရာ၊ ဆရာ မများကိုပါ ပို့ချပေးမည်ဖြစ်ပါတယ်။

ပထမတန်းသင်ရိုးသစ်တွင် ကျောင်းသားကျောင်းသူများအား ဗလ ၅တန်နှင့် ပြည့်စုံသည့် ၂၁ ရာစုနှင့် ကိုက်ညီသော ကျွမ်းကျင်မှုများ ရရှိလာစေရန် သင်ခန်းစာ

များထည့်သွင်းရေးဆွဲထားပြီး တန်းတူ အရေးပါသော ဘာသာရပ် ၉ ခုနှင့် ဒေသဆိုင်ရာသင်ရိုးပါဝင်မည်ဟု သိရသည်။

Source: education digest

News Read 8028 times