ပထမတန်း သိပ္ပံသင်ရိုးသစ် လက်တွေ့ကနေ သီအိုရီချမှတ်တဲ့ သင်ကြားနည်းစနစ်ကို အသုံးပြုထား

ပထမတန်း သိပ္ပံသင်ရိုးသစ် လက်တွေ့ကနေ သီအိုရီချမှတ်တဲ့ သင်ကြားနည်းစနစ်ကို အသုံးပြုထား

အခုသင်ရိုးသစ်က လက်တွေ့လုပ်ပြီး သီအိုရီကို သွားမှာ၊ ဒါက နိုင်ငံတကာက ပြောင်းလဲနေတဲ့ သိပ္ပံသင်နည်းစတိုင်ပါ၊ ကလေးက လက်တွေ့ကြည့်ပြီး သူဘာသာ ကွန်ကလူးရှင်းဆွဲတော့ သီအိုရီဆိုပြီး ထွက်လာမယ်၊ ကလေးကလဲ အမှန်တကယ် စာတတ်မြောက်တာမျိုးဖြစ်ပါ့မယ်။

ပထမတန်းသိပ္ပံသင်ရိုးက လက်တွေ့လေ့လာစူးစမ်းမှု ပြုလုပ်တဲ့ စနစ်ကို အခြေခံထားတာကြောင့် ကလေးတွေအတွက် အမှန်တကယ် လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ရမှာပါ။

လက်တွေ့လုပ်ရမယ်ဆိုပေမယ့် ပထမတန်းကလေးဆိုတာ အသက်ခြောက်နှစ်ကလေးဆိုတော့ သူတို့နဲ့ လိုက်လျောညီထွေဖြစ်အောင် ပေးရမှာပါ။

အတန်းစဉ်အလိုက် ချိတ်ဆက်ထား

သင်ရိုးညွှန်းတမ်းဘောင်မှာလည်း ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေတဲ့ပစ္စည်းတွေကိုပဲ စူးစမ်းလေ့လာရတယ်လို့ ဆိုပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အတန်းစဉ်အလိုက် တစ်ဆင့်ပြီးတစ်ဆင့် ချိတ်ဆက်မှုရှိအောင် ရေးဆွဲထားတာဖြစ်ပြီး နှစ်တွေအလိုက် ပြောင်းလဲရေးဆွဲမယ့် အတန်းတွေရဲ့ သိပ္ပံသင်ရိုးတွေနဲ့ အချိတ်အဆက် မိအောင် တစ်ဆင့်ပြီး တစ်ဆင့် ရေးဆွဲထားပါတယ်။

သင်ရိုးသစ်နဲ့ သင်ရိုးအဟောင်း ဘာကွားခြားသွားသလဲဆိုရင် သင်ရိုးသစ်မှာ အခုလုပ်မယ့် ပထမတန်းမှာရော လာမယ့် သင်ရိုးမှာရော သိပ္ပံအသိသညာတစ်ခုတည်း မဟုတ်ပါဘူး။ သိပ္ပံဆိုင်ရာ ကျွမ်းကျင်မှုပါပေးပါတယ်။

Grade 1 မှာ အပင်ရဲ့အစိတ်အပိုင်းသုံးမျိုးကို သင်ရမှာဖြစ်ပါတယ်။ အရွက်၊ ပင်စည်၊ အမြစ် စတဲ့ အကြောင်းအရာသုံးခုကို သင်ကြားရမှာ ဖြစ်ပါတယ်။

Grade 2 ရောက်တဲ့အချိန်မှာ အပင်နဲ့ အသီး အကြောင်း ထပ်မံသင်ကြားရမှာ ဖြစ်ပါတယ်။

တစ်ပတ်နှစ်ချိန်

အခုသင်ရိုးသစ်မှာဆိုရင် အခန်းခြောက်ခန်းပါဝင်ပြီး သင်ခန်းစာခြောက်ခုလုံးကို စာသင်ချိန်ပေါင်း ၆၄ ကြိမ်နဲ့ သင်ကြားနိုင်တာကြောင့် စာသင်ချိန်ရှစ်ကြိမ်ပိုမို ထည့်သွင်းပေးထားပါတယ်။

သတိထားရမယ့်အချက်က ကေဂျီကနေ တက်လာတာဖြစ်တော့ ကေဂျီနဲ့ ချိတ်ဆက်မှုရှိအောင် သိပ္ပံသင်ရိုးမှာ အခန်း ၆ ခန်း ရှိတဲ့ အထဲက အခန်း (၁) ကနေ (၄) အထိ ကလေးကို နှုတ်မေးနှုတ်ဖြေနဲ့ပဲ လုပ်ရမယ်၊ အခန်း (၅) နဲ့ (၆) ရောက်မှ အရေးအဖတ် စရမှာ ဖြစ်ပါတယ်။

သုံးနှစ် အချိန်ယူရေးဆွဲခဲ့

ပထမတန်းသိပ္ပံသင်ရိုးသစ်ကို သုံးနှစ်ခန့် အချိန်ယူရေးဆွဲထားတာဖြစ်ပြီး ဂျပန်နိုင်ငံ ဂျိုက်ကာအဖွဲ့နဲ့ ပူးပေါင်းရေးဆွဲထားပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ လက်ရှိသင်ကြားနေတဲ့ အခြေခံပညာအဆင့်က သင်ရိုးညွှန်းတမ်းတွေကို တစ်နှစ်ကို အတန်း တစ်တန်းနှုန်းနဲ့ ပြောင်းလဲရေးဆွဲမှာဖြစ်ပါတယ်။

KG + 12 ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ KG တန်းစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

News Read 3199 times