နယ်မြေကျော် ကျောင်းအပ်လက်ခံပါက ကျောင်းအုပ်နှင့် မြို့နယ်ပညာရေးမှူးကို အရေးယူမည်ဟု ရန်ကုန်တိုင်းအစိုးရအသိပေး

နယ်မြေကျော် ကျောင်းအပ်လက်ခံပါက ကျောင်းအုပ်နှင့် မြို့နယ်ပညာရေးမှူးကို အရေးယူမည်ဟု ရန်ကုန်တိုင်းအစိုးရအသိပေး

လာမည့် ၂၀၁၉ - ၂၀  ပညာသင်နှစ်တွင် နယ်မြေကျော်  ကျောင်းအပ်မှု လက်ခံပါက ကျောင်းအုပ်နှင့် မြို့နယ်ပညာရေး မှူးကို အရေးယူမည်ဖြစ်ပြီး သတ် မှတ်စည်းကမ်းနှင့် ညီသည့် ကျောင်းကြိုပို့ဖယ်ရီကားစနစ် ပီပြင်စွာဆောင်ရွက်ရန် ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တစ်ဆင့် မြို့နယ်ပညာရေးမှူးများ သို့ညွှန်ကြားထားသည်။

ရန်ကုန်တိုင်းအစိုးရ၏ စက်တင်ဘာ ၇ ရက်က ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ  လာမည့် ပညာသင်နှစ်တွင် ကျောင်းကြိုပို့ဖယ်ရီကားစနစ် ပီပြင်စွာ ဆောင်ရွက်မည်ဖြစ်ရာ ကျောင်းအပ်လက်ခံရေးနှင့် ပတ် သက်၍ Catchment Area အတိုင်းလက်ခံဆောင်ရွက်ရန်၊ ကျောင်းကြိုပို့ယာဉ်အဖြစ်ဆောင်ရွက်သော ယာဉ်များသည် သတ် မှတ်ထားသည့် စည်းကမ်းချက် များအတိုင်းလိုက်နာရန်၊ ကျောင်း အချို့တွင် ပြေးဆွဲနေသည့် လိုက် ထရပ်ကားများသည် အန္တရာယ် ရှိပြီး ကုန်းလမ်းပို့ဆောင်ရေး သတ်မှတ်ချက်နှင့်   ကိုက်ညီမှုမရှိ ခြင်းကြောင့် ကျောင်းကားများ (School Bus) ဖြင့်သာ ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံးက စက်တင်ဘာ  ၂၈ ရက်စွဲ ဖြင့် ညွှန်ကြားထားသည်။

ထိုညွှန်ကြားချက်ကို မြို့ နယ်ပညာရေးမှူးများက အောက် တိုဘာ ပထမပတ်တွင် သက်ဆိုင် ရာ ကျောင်းအုပ်ကြီးများက ကျောင်းကားလုပ်ငန်းရှင်များ အား အဆင့်ဆင့်အသိပေးထား သည်။

‘‘နယ်ကျော်တွေ လက်မခံ တာက အရင်နှစ်ကတည်းက။ ကျောင်းအပ်နှံရေးနီးရင် ကျောင်း တွေမှာကြေညာတယ်။ ဒီနှစ်က ကျောင်းကားကိစ္စတွေလည်းရှိ တော့ ကြိုပြောတာပေါ့။ ကျောင်း ကားလုပ်ရင်ရှိရမယ့် အချက်(၁၂) ချက်ကိုလည်း ကညနကထုတ် ထားပြီးသား။ အခုနှစ်မှာ တချို့  အချက်တွေလျှော့ပေးထားတာရှိ တယ်။ နောက်နှစ်တော့ အကုန် ပြည့်စုံမှ ရလိမ့်မယ်’’ ဟု ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကျောင်းသားနှင့် စာသင်ခန်း   အချိုးမျှတစေရန်၊ နယ်မြေကျော် လက်ခံမှုကြောင့် ဖြစ်ပေါ်လာ သောလာဘ်စားမှုပြဿနာများ နှင့် ယာဉ်ကြောကျပ်တည်းမှုများ ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာနယ် မြေအလိုက် ကျောင်းအပ်နှံရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးပညာရေးမှူး ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြီးခဲ့သည့် ဇွန် လကျောင်းအပ်နှံရေးမတိုင်မီလုပ် ငန်းစဉ်များ ရှင်းလင်းပွဲတွင် ကျောင်းအုပ်ကြီးများအား ပြော ကြားထားသည်။

‘‘နှစ်တိုင်း နာမည်ကြီး ကျောင်းတွေမှာ မိဘတွေကထား ချင်တာကြောင့် နယ်ကျော်ပြီးအပ် ကြတယ်။ ကျောင်းတွေကလက် ခံနိုင်တာထက် ကျော်သွားတော့ လူ ၄၀ လောက်ပဲရှိရမယ့် စာသင် ခန်းက ၆၀ လောက်ဖြစ်သွား တယ်။ သင်ရိုးသစ်မှာ ဒီလိုလုပ်လို့ မရပါဘူး။ သင်ကြားရေးအတွက် ရော၊ ယာဉ်ကြောကျပ်တဲ့ပြဿ နာအတွက်ရော ပြေလည်သွား အောင်သတ်မှတ်လိုက်တာပါ’’  ဟု ၎င်းကဆိုသည်။

ဗဟန်းအထက (၂)ကျောင်းကားလုပ်ငန်းရှင် ဦးကြည်ဝင်းက ‘‘ဟိုတစ်နေ့ကပဲ နောက်နှစ်၂၀၁၉ - ၂၀ ပညာ သင်နှစ်မှာ နယ်ကျော်ကျောင်း အပ်ရင် အရေးယူမယ်ဆိုတာနဲ့ (၁၂)ချက်နဲ့ မညီတဲ့ကားတွေမ ပြေးဆွဲဖို့ တိုင်းအစိုးရအဖွဲ့က တိုင်းပညာရေး၊ တိုင်းပညာရေးက နေ ကျွန်တော်တို့ဆီအဆင့်ဆင့် ပြောထားပါတယ်။  ကျွန်တော်တို့  ကျောင်းတွေမှာ ကျောင်းကား ကော်မတီတွေရှိတယ်။ အဲဒီက တစ်ဆင့် ကျောင်းကားလုပ်ငန်း ရှင်တွေကို ကျွန်တော်တို့ပြောပြီး ပါပြီ။ ဆက်ဆွဲချင်ရင်တော့ ဒါ ကျွန်တော်တို့ ပြင်ဆင်ထားရမှာ တွေပါပဲ’’ ဟု ဆိုသည်။

ကျောင်းကြိုပို့ ယာဉ် (School Bus) ပြေးဆွဲမည့် ကားများသည် လူ ၁၀ ဦးနှင့် အထက် တင်ဆောင်နိုင်သော Micro Bus, Mini Bus, Bus  အ မျိုးအစားဖြစ်ရန်၊ ထိုင်ခုံတိုင်း အသက်ကယ်ထိုင်ခုံ ခါးပတ်ပါရှိ ရန်၊ ဘယ်မောင်းယာဉ်ဖြစ်ရန်နှင့် ယာဉ် ညာဘက်တွင် အတက်အ ဆင်းတံခါးပေါက်ပါရန်၊ ရှေးဦး သူနာပြုသေတ္တာပါရှိရန်၊ ယာဉ်  ကို အ၀ါရောင်သုတ်၍ အရှေ့၊ အနောက်တွင် ‘School Bus’ စာလုံး ထင်ရှားစွာရေးရန်၊ ကျောင်းအမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ယာဉ်၏ ဘေး ဘက်တွင်ရေးထားရန်၊ ယာဉ် မောင်းသူသည် အနိမ့်ဆုံး ‘ဃ’ လိုင်စင်ရှိရန်၊ တစ်နာရီ ၂၅ မိုင်ထက်ပိုမမောင်းရန်၊ အ ငှားယာဉ် (ကျောင်းကြိုပို့လုပ်ငန်း  သုံးယာဉ်)အဖြစ် ဆောင်ရွက်ရန်၊  အသက်(၁၂) နှစ်အထက်ကျောင်း  သားများကိုလူကြီးထိုင်ခုံအဖြစ် သတ်မှတ်ပေးရန်၊ အသက် (၁၂) နှစ်အောက်ကျောင်းသားများအ တွက် ကျောင်းကားဖြစ်ပါက လူ ကြီးထိုင်ခုံအရေအတွက်၏ တစ် ဆခွဲထက်ပိုမထားရန် ဟူသည့် (၁၂) ချက်ကို ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ဘယ်မောင်းကျောင်းကား များသာ ပြေးဆွဲရမည်ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရက ညွှန် ကြားထားသော်လည်း ယခု ၂၀၁၈ - ၁၉ ပညာသင်နှစ်အ တွက် ညာမောင်းယာဉ်များကို အသုံးပြုခွင့်ပေးထားသည်။

ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး အချက်အလက် များအရ ရန်ကုန်တိုင်းဒေသကြီး  အတွင်းအခြေခံပညာကျောင်း ၂,၀၀၀ ကျော်ရှိနေပြီး ကျောင်း ကားအစီးရေ ၁,၅၀၀ ခန့်ပြေးဆွဲ နေသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 2592 times