ဆရာ၊ ဆရာမတိုင်းလို့ ပြောထားပေမယ့် ဆရာအတတ်သင်နေသူများ၊ ကျောင်းသားများ၊ ကျောင်းအုပ်၊ ပညာရေးမူဝါဒရေးဆွဲသူများ၊ အဖွဲ့အစည်းများနဲ့ သက်ဆိုင်တဲ့စာအုပ်တချို့လည်း ပါဝင်ပါတယ်။
၁။ Why Don’t Students Like School? By Daniel Willingham
ဒီစာအုပ်ထဲမှာ Willingham က cognitive scientists တွေရဲ့ လူ့စိတ်အကြောင်း လေ့လာတွေ့ရှိချက်တွေကို ဆရာ/မတွေ ဘယ်လိုလက်တွေ့အသုံးချနိုင်လဲဆိုတာ ပြောပြထားပါတယ်။
စာအုပ်ရဲ့ အဓိကအနှစ်သာရကတော့ “ကျွန်တော်တို့တွေဟာ သဘာဝကိုက သိလိုစိတ်ပြင်းပြပေမယ့် ကျွန်တော်တို့ မသိသေးတဲ့အရာတွေအကြောင်းကို မစဉ်းစားတတ်ကြပါဘူး၊ နည်းနည်းလောက်တော့ အခြေခံသိထားမှသာ အဲ့ဒါနဲ့ပတ်သက်ပြီး ဆက်စပ်စဉ်းစား တွေးတောနိုင်ကြတာပါ။
ဒီတော့ ကျောင်းသားတွေကို စာသင်တဲ့အခါမှာလည်း သူတို့မသိသေးတဲ့အရာတွေကို စဉ်းစားတတ်အောင် (critical thinking) သင်ပေးလို့မရပါဘူး။ ဒါကြောင့် ကိုယ်မသင်ခင် သူတို့လေးတွေဆီမှာ အကြောင်းအရာနဲ့ပတ်သက်တဲ့ အခြေခံအသိလောက်တော့ ရှိသင့်ပါတယ်။
၂။ The Hidden Lives of Learners by Graham Nuthall
Nuthall ရဲ့အဆိုအရ စာသင်ခန်းအတွင်းမှာတောင် ကမ္ဘာလေးသုံးခုရှိပါတယ်။ ပထမတစ်ခုကတော့ လူအများတွေ့နေရတဲ့ ကမ္ဘာလေးဖြစ်ပြီး ဆရာမတွေက အများဆုံးစီမံပြီး နေ့စဉ်မြင်တွေ့နေရတဲ့ စာသင်ကြားမှုပုံစံတွေ ပါဝင်ပါတယ်။
ဒုတိယအနေနဲ့ကတော့ “သက်တူရွယ်တူအချင်းချင်း ဆက်ဆံရေးတွေပါဝင်တဲ့ Semi-private ကမ္ဘာလေး” ဖြစ်ပြီး အဲ့ဒီမှာ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ အတန်းတွင်း လူဝင်ဆံ့နိုင်မှု (social roles) ကို ထိန်းသိမ်းမြှင့်တင်မှု ပြုကြပါတယ်။
နောက်ဆုံးအနေနဲ့တော့ သူတို့လေးတွေရဲ့ စိတ်အတွင်းထဲမှာဖွဲ့စည်းထားတဲ့ ကိုယ်ပိုင်ကမ္ဘာလေးဖြစ်ပြီး သင်ယူမှုက အဲ့ဒီမှာသာ ဖြစ်ပွားနေတာပါ။ ဒီစာအုပ်က အဲ့ဒီကမ္ဘာသုံးလွှာကို တစ်လွှာချင်းခွာချပြပြီး တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို ရေးသားဖော်ပြထားပါတယ်။
စာသင်သားတစ်ဦးချင်းစီကို ဘယ်လိုချဉ်းကပ်နိုင်လဲ ပြောပြထားပေမယ့် စာဘယ်လိုသင်ရမလဲ (စာသင်နည်း) ရေးထားတာမဟုတ်ဘူး Nuthall က ဆိုပါတယ်။
၃။ Trivium 21c by Martin Robinson
ယေဘုယျအားဖြင့် ကျောင်းသားတစ်ယောက် တကယ်ပညာတတ်မတတ်ဆိုတာကို စွမ်းရည်သုံးမျိုးဖြစ်တဲ့ Grammar (အရေးအဖတ်တတ်ခြင်း)၊ Logic (ကြောင်းကျိုးဆင်ခြင်၍ ဆန်းစစ်အဖြေရှာနိုင်ခြင်း)နဲ့ Rhetoric (နှုတ်ရေးကြွယ်မှု) တို့အပေါ်မှာမူတည်ပြီး ရှေးအစဉ်အဆက်ကတည်းက တိုင်းတာသတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုထိလည်း ဒီဘောင်ထဲကနေ မလွတ်သေးပါဘူး။ ဒီတော့ Robinson က သူ့သမီးအတွက် ဖြစ်စေချင်တဲ့ပညာရေးပုံစံကို သူ့ဘ၀တစ်လျှောက် ရှာဖွေရင်း သူ့ရဲ့ဆရာဖြစ်အတွေ့အကြုံတွေနဲ့ပါပေါင်းပြီး ချက်နဲ့လက်နဲ့ရေးသားပြုစုထားပါတယ်။
၎။ Embedded Formative Assessment by Dylan Wiliam
Formative Assessment ဆိုရင် ပညာရေးလောကမှာ Influencial Idea အဖြစ်ဆုံးဖြစ်တဲ့အပြင် အများဆုံးနားလည်မှုလွဲကြတဲ့ Idea လည်း ဖြစ်ပါတယ်။
Formative Assessment ဆိုတာကတော့ အကြမ်းဖျဉ်းပြောရရင် စာသင်သားတွေရဲ့ ပညာအရည်အချင်း မြင့်တက်လာအောင် စဉ်ဆက်မပြတ် အကဲဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ သူက အမှတ်ပေးပြီး စာတတ်မတတ်ကြည့်တာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ထဲထဲဝင်ဝင်သိချင်ရင် ဆရာ/မတွေ ဖတ်ကြည့်သင့်ပါတယ်။
နှစ်ပေါင်းများစွာပြုစုထားတဲ့ သုတေသနကို အခြေခံထားပြီး ဆရာတွေအနေနဲ့ Assessment ကို အတန်းတွင်း ဘယ်လိုအသုံးချရမလဲဆိုတာကို လက်တွေ့ဆန်တဲ့ဥပမာတွေနဲ့ ရှင်းပြထားပါတယ်။
၅။ Seven Myths About Education by Daisy Christodoulou
ဒီစာအုပ်ထဲမှာဆိုရင် ပညာရေးအယူသည်းမှုတွေဖြစ်တဲ့ Knowledge ထက် skills ကို ပိုဦးစားပေးခြင်း၊ ဆရာအခြေပြု သင်ကြားခြင်းက Passive ဖြစ်သည်ဟူသော အယူအဆနှင့် Google တွင် ရှာလိုက်ရုံနှင့်ပြီးမသွားခြင်း စသည်တို့ကို Christodoulou က ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြထားပါတယ်။
စာအုပ်ထဲပါတာမှန်သမျှကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဆရာ/မ၊ ဆရာအတတ်သင်နေသောသူ၊ မူဝါဒရေးဆွဲသူ၊ ကျောင်းအုပ်၊ သုတေသနပြုသူများနှင့် ကမ္ဘာတ၀ှမ်းလုံးရှိ ပညာရှင်များအနေဖြင့် သူ့ရဲ့ဝေဖန်ထောက်ပြမှုတွေနဲ့ အနည်ဆုံးတော့ ရင်းနှီးနေသင့်ပါတယ်။
၆။ Visible Learning and the Science of How We Learn by John Hattie and Gregory Yates
Hattie ရဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဒီစာအုပ်က Cognitive Psychologist နဲ့အတူတကွ ပြုစုထားတာပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ လေ့လာသင်ယူမှုလုပ်ငန်းစဉ်ကို ကျောင်းသားရာချီနဲ့ သုတေသနပြုထားတဲ့အတွက် ကျောင်းသား၊ ဆရာ ဒါမှမဟုတ် မိဘများအနေနဲ့ ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။
လူမှုရေးရာနဲ့ cognitive စိတ်ပညာကို အဓိကအခြေတည်ထားတဲ့ သုတေသနရလဒ်တွေကို ပညာအဆင့်အားလုံးမှာရှိတဲ့ (မူကြိုကနေ တက္ကသိုလ်၊ ပညာရေးအဖွဲ့အစည်းများအထိ) ဆရာနဲ့ကျောင်းသားတွေ လက်တွေ့အသုံးချနိုင်ဖို့ ခြုံငုံတင်ပြထားပါတယ်။
၇။ Bringing Words to Life by Isabel L Beck, Margaret G McKeown and Linda Kucan
ဒီစာအုပ်ကတော့ English Vocabulary အသုံးအနှုန်း သင်ကြားမှုကို ရေးသားထားတဲ့အတွက် အီးမေဂျာဆရာမနဲ့ ကျောင်းသားတွေအတွက် ပိုပြီးအသုံးတည့်မယ်ထင်ပါတယ်။ ဒီထဲမှာ ကျောင်းသားတွေရဲ့ ဝေါဟာရကြွယ်ဝမှု မြှင့်တင်နိုင်ဖို့အတွက် tier one ၊ tier two နဲ့ tier three words တွေ ဘယ်လိုသုံးရမလဲ ရှင်းပြထားပါတယ်။
၈။ Make It Stick by Peter C Brown, Henry L Reodiger and Mark A McDaniel
Make It Stick က ကျောင်းသား၊ ဆရာ/မ၊ နည်းပြ၊ အားကစားသမားနဲ့ တခြား Lifelong Learners များနှင့် ဘ၀တိုးတက်ရေးကြိုးပမ်းနေသူတွေ ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
ဦးနှောက်ရဲ့ Memory ထဲမှာ စာပေမှတ်သားပုံ အဆင့်ဆင့်ကို အလေးပေးရေးသားထားတဲ့အတွက် စာကျက်နည်းအမှန်မသိလို့ စာကိုခက်ခက်ခဲခဲ လေ့လာနေရသူတွေ၊ ထိရောက်မြန်ဆန်စွာနဲ့ စာပေလေ့လာမှတ်သားလိုသူတွေအတွက် ပိုပြီးအသုံးဝင်မှာပဲ ဖြစ်ပါတယ်။
၉။ Urban Myths About Learning and Education by Pedro De Bruyckere, Paul A Kirschner and Casper D Hulshof
ကျောင်းသားတွေမှာ မတူညီတဲ့ စာကျက်ပုံတွေရှိကြတယ်ဆိုတာ ဟုတ်သလား၊ သူတို့နဲ့ကိုက်ညီတဲ့ စာကျက်နည်းတွေတွေ့ပြီးရင် စာပိုရတယ်ဆိုတာ ဟုတ်သလား၊ ကျွန်တော်တို့ဟာ ဦးနှောက်ရဲ့ ၁၀% ကိုပဲ အသုံးပြုကြတယ်ဆိုတာ ဟုတ်သလား၊ Google လိုက်ရင် အားလုံးသိတဲ့ခေတ်မှာ ကျွန်တော်တို့ဟာ အချက်အလက်တွေကို အတိအကျလိုက်မှတ်ထားဖို့ လိုသေးလို့လား။
တကယ်လို့ ဒီလိုမေးခွန်းမျိုးတွေ တစ်ခုမဟုတ်တစ်ခု မေးချင်ခဲ့ဖူးတယ်၊ သိချင်ခဲ့တယ်ဆိုရင်တော့ ဒီစာအုပ်ကိုသာ ဖတ်လိုက်ပါတော့။ စာရေးဆရာက ဒီလိုမေးခွန်းမျိုးတွေကို သက်သေအများကြီးနဲ့တကွ ချက်ကျလက်ကျ ဖြေပြထားပါတယ်။
၁၀။ Why Knowledge Matters by ED Hirsch
ကျောင်းသားတွေ စာဘယ်လိုဖတ်ရမလဲ သင်နေကြရပေမယ့် ဘယ်လိုစာပေတွေကို ဖတ်ရမလဲဆိုတာတော့ မသင်ကြရပါဘူး။ ပြီးတော့ Cultural Literacy ဆိုတာ ၂၁ ရာစု အတတ်ပညာစွမ်းရည်တွေထက် ပိုပြီးအရေးကြီးတယ်လို့ ဆိုပါတယ်။
အတိုချုပ်ပြောရရင် တကယ့်တကယ်လုပ်ဆောင်ဖို့လိုအပ်နေတာက ပညာရေးသင်ရိုးကို ပြန်လေ့လာပြီး ဘယ်လိုသင်ရမလဲဆိုတာထက် ဘာတွေကိုသင်ကြမလဲဆိုတဲ့အပေါ်မှာ ပိုအလေးထားဖို့ပဲ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: The Guardian