တိုင်းရင်းသားဒေသများရှိ ကျောင်းများတွင် သင်ကြားရေး အထောက်အကူပြု နေ့စားလပေးဆရာ/မများ ခန့်အပ်မည်

တိုင်းရင်းသားဒေသများရှိ ကျောင်းများတွင် သင်ကြားရေး အထောက်အကူပြု နေ့စားလပေးဆရာ/မများ ခန့်အပ်မည်

တိုင်းရင်းသားဒေသများရှိ ကျောင်းသား ၁၀၀ လျှင် ဆရာတစ်ဦးသာရှိသည့် ကျောင်းများတွင် သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ/မများ ခန့်အပ်မည် ဖြစ်သည်၊

ယခုပညာသင်နှစ်တွင် တိုင်းရင်းသားဒေသများရှိ ဝေးလံခက်ခဲပြီး ကျောင်းသား ၁၀၀ လျှင် ဆရာတစ်ဦးသားရှိသည့် အခြေခံပညာကျောင်းများတွင် သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ၊ ဆရာမများ (Teaching Assistant) ခန့်အပ်ပေးမည် ဖြစ်သည်။

ထိုဆရာ/မများ ကို ခန့်ထားရာတွင် ဒေသခံတိုင်းရင်းသား ဘာသာစကားတတ်ကျွမ်းသူများအား ဦးစားပေးခန့်ထားမည် ဖြစ်သည်။

လိုအပ်ချက်အရ တက္ကသိုလ်ဝင်တန်းအောင်အဆင့်မှ စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

"ဘယ်လောက်ခန့်မယ်ဆိုတာကတော့ စာရင်းကတောင်းထားတုန်းပဲရှိတယ်၊ လိုအပ်တဲ့စာရင်းအပေါ် မူတည်ပြီး ခန့်ရမှာ။ အဓိကက မူလတန်းပြအတွက်ပဲခန့်မှာ၊ ဒေသခံတွေကို ဦးစားပေးမှာပါ။ ဒီနေရာတွေမှာကျတော့ လျှောက်တဲ့သူကနည်းတော့ ပညာအရည်အချင်းကို သိပ်ကန့်သတ်မထားဘူး" ဟု ပြောသည်။

Teaching Assistant များအဖြစ် တာဝန်ထမ်းဆောင်လိုသော ဒေသခံတိုင်းရင်းသားများ အနေဖြင့် အသက် (၁၈) နှစ်မှ (၃၀) နှစ်အထိ ရှိရန်လိုအပ်မည် ဖြစ်သော်လည်း လိုအပ်ချက်အရ အသက်ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစားမည် ဖြစ်သည်။

ကျောင်းသားဦးရေအပေါ် မူတည်ပြီး အရည်အချင်းနှင့် အရည်အသွေးများကို ရွေးချယ်ပြီး နေ့စားအဖြစ် ရွေးချယ်ခန့်ထားမည် ဖြစ်သည်။

ဘွဲ့ရပြီးပါက အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ရန် ဆရာဖြစ်သင်တန်းတက်ရောက်နိုင်ရေးကိုလျာထားသည်။

လက်ရှိ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ပြီး  သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ အသင်း၊ အဖွဲ့၊ တို့၏ အသိအမှတ်ပြု ထောက်ခံသူ ဖြစ်ပါက နေ့စားအဖြစ် ဆက်လက်ခန့်ထားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1522 times