မွန်ပြည်နယ်တွင် ဆရာ ဆရာမ ၃၀၀ ကျော် ဖြည့်စွက်ခန့်ထားရန် လိုအပ်နေဟုဆို

မွန်ပြည်နယ်တွင် ဆရာ ဆရာမ ၃၀၀ ကျော် ဖြည့်စွက်ခန့်ထားရန် လိုအပ်နေဟုဆို

 ၂၀၁၈-၁၉ ပညာသင်နှစ် တွင် ဆရာ၊ဆရာမများ ရာထူးတိုး အပြောင်းအရွှေ့ဆောင်ရွက်ခဲ့ ပြီးနောက် မွန်ပြည်နယ်အတွင်း အထက်တန်းပြ ၇၆ ဦး၊ အလယ် တန်းပြ ၁၄၁ ဦး၊ မူလတန်းပြ ၈၅ ဦးစုစုပေါင်း ၃၀၂ ဦးဖြည့်စွက်ခန့် ထားရန် လိုအပ်နေသည်ဟုဆို သည်။

‘‘ရာထူးတိုးတာ၊ ပြောင်းရွှေ့ တာတို့ လုပ်တာမကြာသေးတဲ့အ တွက် ဖြည့်စွက်ခန့်ထားဖို့ကိစ္စက နည်းနည်းတော့ကြာဦးမယ်။ အ ခြေခံပညာဦးစီးဌာနက လုပ်တဲ့ ကိစ္စပါ။ ဒီပညာသင်နှစ်မှာ ကျောင်းအဆင့်တိုးတာ ၇၆ ကျောင်းရှိတဲ့အတွက် အဲဒီအ တွက် ဖြည့်စွက်ရမယ့်ဆရာ၊ ဆရာမတွေ မြန်မြန်ဖြည့်စွက်ဖို့ရှိ တယ်’’ ဟု ဒေါ်လဲ့လဲ့ကြည်ကပြော သည်။

ထို့အပြင် မော်လမြိုင်မြို့ အထက်တန်းကျောင်းငါးကျောင်း တွင် ကျောင်းအုပ်ဆရာ၊ ဆရာမ များ လစ်လပ်နေပြီးအဆိုပါလို အပ်ချက်ကို အခြေခံပညာဦးစီးဌာနက ဆောင်ရွက်မည် ဖြစ် ကြောင်း ဒေါ်လဲ့လဲ့ကြည်က ဆို သည်။

ပြည်နယ်ပညာရေးမှူးရုံး၏ ၂၀၁၈ ဧပြီစာရင်းအရ မွန်ပြည် နယ်အခြေခံပညာဦးစီးဌာနလက် အောက်တွင် အထက်တန်းပြ ၁,၇၄၇ ဦး၊ အလယ်တန်းပြ ၆,၃၇၂ ဦး၊ မူလတန်းပြ ၇,၇၇၃ ဦးရှိသည်။

ပြည်နယ်အတွင်း ယခုပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ထားသည့်ကျောင်းများသည် အခြေခံပညာအထက်တန်း ခုနစ်ကျောင်း၊ အထက်တန်းခွဲငါးကျောင်း၊ အလယ်တန်း ၁၆ ကျောင်း၊ အလယ်တန်းခွဲ ၁၈ ကျောင်း၊ မူလတန်း လွန် ၁၄ ကျောင်း၊ မူလတန်း ခုနစ်ကျောင်းနှင့် မူလတန်းခွဲ ကိုး ကျောင်းဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးရုံးစာရင်းတွင် ဖော် ပြထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 1868 times