Sales Hotline : 09448001653       Download App



တစ်နိုင်ငံလုံးတွင် အခြေခံပညာဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်နေ

တစ်နိုင်ငံလုံးတွင် အခြေခံပညာဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်နေ

နှစ်စဉ်ကျောင်းသား၊ကျောင်းသူဦး ရေ တိုးလာသော်လည်း ပညာရေး ဝန်ကြီးဌာနအောက်ရှိ အခြေခံ ပညာကျောင်းများ၌ဆရာ၊ဆရာမ လိုအပ်ချက်များစွာရှိနေပြီး တစ် နိုင်ငံလုံးအတိုင်းအတာဖြင့်ဆရာ၊ ဆရာမရှစ်သောင်းကျော် လိုအပ် နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကပြောသည်။

စာရင်းအင်းအချက်အလက် များအရ အခြေခံပညာကျောင်း များတွင် မူလတန်းပြ ဆရာ၊ ဆရာမ ၅၀,၈၂၀ ဦး၊ အလယ် တန်းပြ ဆရာ၊ ဆရာမ ၂၂,၃၃၁ ဦး၊ အထက်တန်းပြဆရာ၊ ဆရာမ ၁၁,၃၅၀ ဦးလိုအပ်နေသည်။

‘‘ကျောင်းသား၊ ကျောင်းသူ ဦးရေတွေ တိုးလာတယ်။ သင်ယူ ပြီးမြောက်တဲ့ဦးရေတွေ တိုးတက် လာပေမယ့် ဆရာ၊ ဆရာမလိုအပ် ချက်ကတော့ ပညာရေးဝန်ကြီး ဌာနမှာ အများကြီးရှိနေပါတယ်။ လိုအပ်နေတဲ့ ဆရာ၊ ဆရာမ တွေကိုတော့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနဲ့ ညှိ နှိုင်းပြီးတော့ လိုအပ်တဲ့ သုံးပုံ တစ်ပုံကို ခန့်ထားနိုင်ဖို့ စီစဉ်ဆောင် ရွက်နေပါတယ်’’ ဟု ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။

လိုအပ်နေသည့် ဆရာ၊ ဆရာမများကို ယခု ၂၀၁၈-၁၉ ပညာသင်နှစ်ကစ၍ သုံးနှစ်အ တွင်း သုံးကြိမ်ခွဲကာဖြည့်ဆည်း ခန့်ထားရန် ပညာရေးဝန်ကြီးဌာန က စီစဉ်နေသည်။

ယင်း လိုအပ်ချက်များကို ပညာရေးကောလိပ်များမှ မွေး ထုတ်ပေးမည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်းဆင်းများ၊ လုပ်ငန်းခွင် အကြို ဆရာအတတ်ပညာ ကျွမ်း ကျင်မှုဒီပလိုမာသင်တန်းဆင်း များနှင့် နေ့စားလပေး မူလတန်းပြ များဖြင့် ဖြည့်ဆည်းခန့်ထားပေး မည်ဖြစ်သည်။

ထို့အပြင် ၂ နှစ် သင် ပညာရေးကောလိပ်များကို လေးနှစ်သင် ကျောင်းများအဖြစ် အဆင့်တိုးကာ ဆရာ၊ ဆရာမ ဦးရေ တိုးမြှင့်မွေးထုတ်ရန် စီစဉ် နေသည်။

‘‘ဆရာ၊ ဆရာမလိုအပ်ချက် အရ ခန့်ပေးမယ့် တချို့ဒေသတွေ က ဝေးလံခေါင်ဖျားနေရာတွေ ဖြစ်တော့ ခန့်ပြီးမှ မသွားတဲ့သူ တွေ၊ အလုပ်မဝင်တဲ့သူတွေ လည်းရှိတယ်။

ဒီတော့ လစ်လပ်၊ ပြုန်းတီးစာရင်းက နှစ်တိုင်းရှိ တယ်။ အခုသင်ရိုးသစ်စနေတဲ့အ ချိန်မှာဆို အလိုအပ်ဆုံးက မူလ တန်းပြပဲ’’ ဟု ရှမ်းပြည်နယ် (မြောက်ပိုင်း) ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။

source: 7day

News Read 5208 times