အခြေခံပညာ ကျောင်းများ၌ တိုင်းရင်းသားစာပေ သင်ကြားပေးမည့် ဆရာ၊ ဆရာမ ၈၀၀ ကျော် လျှောက်ထားကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မွန်၊ ကရင်နှင့် ပအိုဝ်းစာပေများ သင်ကြားနေသည့် ကျောင်းများလည်းရှိပြီး မွန်စာပေကို မွန်ပြည်နယ်အတွင်း မြို့နယ်ရှစ် မြို့နယ် ရှိ ကျောင်းပေါင်း ၂၇၃ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၂၁၀၀၀ ကျော်ကိုလည်း ကောင်း၊ ကရင်စာပေကို မြို့နယ်ရှစ်မြို့ရှိ စကောကရင်နှင့် အရှေ့ပိုင်းပိုးကရင်စာပေကျောင်းပေါင်း ၂၇၃ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၁၅၆၀၀ ကျော်ကိုလည်းကောင်း၊ ပအိုဝ်းစာပေကို မြို့နယ်လေးမြို့နယ်ရှိ ကျောင်းပေါင်း ၃၀ ၌ ကျောင်းသား၊ ကျောင်းသူ ၂၇၀၀ ကျော်ကိုလည်းကောင်း ဆရာ၊ ဆရာမ ၁၃၀၀ ဦးက သင်ကြားပေးလျက်ရှိသည်။
မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသားစာပေသင်ကြားရေးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သင်ကြားပေးသည့် ဆရာ၊ ဆရာမများသည် အစိုးရ၀န်ထမ်း ဆရာ၊ ဆရာမများအပြင် ပြင်ပမှ လာရောက်သင်ကြားပေးနေသော ဆရာ၊ ဆရာမများလည်း ရှိသည်။
ယခုတိုင်းရင်းသား စာပေ သင်ကြားပေးရန် လျှောက်ထားလာသူ ဆရာ၊ ဆရာမ ၈၀၀ ကျော်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မွန်ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: မြ၀တီ