တတိယတန်းနှင့် ဆဌမတန်းသင်ရိုးသစ်ကို သင်ကြားမည့် ဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းကျော် သင်တန်းပို့ချမည်

တတိယတန်းနှင့် ဆဌမတန်းသင်ရိုးသစ်ကို သင်ကြားမည့် ဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းကျော် သင်တန်းပို့ချမည်

လာမည့်နှစ်တွင် သင်ကြားမည့် တတိယတန်းနှင့် ဆဌမတန်း၏ သင်ကြားနည်းစနစ်သစ်ကို  အလယ်တန်းပြ ဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းကျော်ကို သင်တန်းပို့ချမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာအတန်းများ၏ သင်ရိုးများကို ပြုပြင်ပြောင်းလဲရာ လာမည့်ပညာသင်နှစ်တွင် တတိယတန်းနှင့် ဆဌမတန်းကို သင်ရိုးသစ်ဖြင့် သင်ကြားရန် စီစဉ်ထားပြီး ဖြစ်သည်။

ယင်းသင်ရိုးသစ်၏ သင်ကြားပုံ နည်းစနစ်များကို တစ်နိုင်ငံလုံးရှိ အလယ်တန်းပြ ဆရာ၊ ဆရာမ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ် တစ်သိန်းနှစ်သောင်းကျော်ကို သင်တန်းများ ပို့ချပေးမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

သင်ရိုးသစ်နည်းပြ အဆင့်သင်တန်းကို လာမည့် ဧပြီလ ၁ ရက်မှ ၅ ရက်အထိကို အထက်မြန်မာပြည် မှ ဆရာ၊ ဆရာမ ၂၅၀၀ ကို ငါးရက်အကြာ သင်တန်းပို့ချမည် ဖြစ်သည်။

အောက်မြန်မာပြည်မှ ဆရာ၊ ဆရာမ ၂၅၀၀ ကို ရန်ကုန်တွင် ဧပြီလ ၂၂ ရက်တွင် ပို့ချမည် ဖြစ်သည်။

ထိုဆရာ၊ ဆရာမ ၅၀၀၀ သည် မြို့နယ်အဆင့် သင်တန်းများအဖြစ် မေလ ၆ ရက်မှ ၁၉ ရက်အထိကို ထပ်ဆင့်ပို့ချပေးမည် ဖြစ်သည်။

အလယ်တန်းပြ ဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်း တက်ရောက်ရမည် ဖြစ်သည်။

source: democracy

News Read 3258 times