တတိယတန်းနှင့် ဆဋ္ဌမတန်း သင်ရိုးသစ်အတွက် မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမအားလုံးကို သင်တန်းပေးမည်

တတိယတန်းနှင့် ဆဋ္ဌမတန်း သင်ရိုးသစ်အတွက် မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမအားလုံးကို သင်တန်းပေးမည်

လာမည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် တတိယတန်း နှင့် ဆဋ္ဌမတန်းကို သင်ရိုးသစ် ပြောင်းလဲမည်ဖြစ်ရာ ဒီဇင်ဘာ ၁၇ ရက်မှ စ၍ ဆရာ၊ ဆရာမ များကို သင်ရိုးသစ် သင်ပြနည်း သင်တန်းပေး မည်ဖြစ်သည်။

တတိယတန်းသင်ရိုးသစ်အတွက် တစ်နိုင်ငံလုံးရှိ မူလတန်းပြ ဆရာ၊ ဆရာမအားလုံး သင်ပြနည်းသင်တန်းတက်ရမည်ဖြစ်ပြီး ဆဋ္ဌမတန်းသင်ရိုးသစ် သင်ပြ နည်းသင်တန်းကို အလယ်တန်းပြ ဆရာ၊ ဆရာမအားလုံး တက် ရောက်ရမည်ဟု အခြေခံပညာ ဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

သင်ရိုးသစ် ကြီးကြပ်သူများ အဆင့်၊ ဗဟိုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်၊ မြို့နယ် အဆင့်ဟူ၍ အဆင့်လေးဆင့်ခွဲ ကာ သင်ရိုးသစ်ဆိုင်ရာ သင်တန်း ပေးမည်ဖြစ်သည်။

ကြီးကြပ်သူ များအတွက် သင်ရိုးသစ်သင်တန်းကို တတိယတန်း ဒီဇင်ဘာ ၁၇ ရက်၊ ဆဋ္ဌမတန်း ဒီဇင်ဘာ ၁၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်သည်။ ကြီးကြပ် သူများအဆင့် သင်တန်းကို ပညာ ရေးမှူးများ၊ မူလတန်းနှင့် အလယ်တန်း ကျောင်းအုပ်များ တက် ရောက်ရမည်ဖြစ်သည်။

ဗဟိုအဆင့်သင်တန်းများကို ဇန်နဝါရီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သင်တန်းများကို ဧပြီ၊ မြို့နယ်အဆင့် သင်တန်းများကို မေလတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ထို သင်တန်းအဆင့်များ၌ အခြေခံပညာကျောင်းများတွင် လက်တွေ့သင်ကြားမည့် မူလတန်းပြ၊ အ လယ်တန်းပြ ဆရာ၊ ဆရာမအား လုံးကို ပို့ချရန် အခြေခံပညာဦးစီး ဌာနက စီစဉ်ထားသည်။

‘‘ဇွန်လမတိုင်ခင်မှာ သင် တန်း အပြီးပေးမှာ။ သုံးတန်းအ တွက် မူလတန်းသင် ဆရာ၊ ဆရာမ အကုန်လုံးကို Training (သင်တန်း) ပေးမယ်။ ခြောက် တန်းအတွက် အလယ်တန်းသင် ဆရာ၊ ဆရာမ အကုန်လုံး Train-ing ပေးမယ်။ Training Sche-dule (သင်တန်းအချိန်ဇယား) တွေက မနှစ်က Grade-2(ဒုတိယတန်း)ကို Training ပေးတဲ့အချိန်တွေအတိုင်းပဲ သိပ်မကွာဘူး’’ဟု ဦးကိုလေးဝင်းက ဆိုသည်။

အခြေခံပညာ အတန်းများ ကို တစ်နှစ်တစ်တန်းနှုန်း သင်ရိုး ညွှန်းတမ်းသစ်များဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်သင် ကြားနေပြီး တတိယတန်းနှင့် ဆဋ္ဌမတန်းကို ၂၀၁၉-၂၀ ပညာ သင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင် ကြားမည်ဖြစ်သည်။

အခြေခံပညာမူလတန်းသင် ရိုးညွှန်းတမ်းသစ်များအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အထက်တန်း သင်ရိုးညွှန်းတမ်းသစ်များ  အ တွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပညာရေးဝန်ကြီး ဌာနကို နည်းပညာနှင့် ဘဏ္ဍာရေး ပံ့ပိုးထားသည်။

လာမည့် ပညာသင်နှစ်တွင် ပြောင်းလဲသင်ကြားမည့် ဆဋ္ဌမ တန်း သင်ရိုးသစ်၌ လက်ရှိ ပဉ္စမ တန်း (Grade-5) သင်ရိုးဟောင်း များ ၇၀ ရာခိုင်နှုန်း ပြန်လည်ထည့် သွင်းထားပြီး ၃၀ ရာခိုင်နှုန်းသည် သင်ခန်းစာအသစ်များဖြစ်သည် ဟု ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ပြောကြားထားသည်။

၂၀၁၇-၁၈ ပညာသင်နှစ် က စတင်သည့် ပထမတန်းသင် ရိုးသစ်၌ သင်ကြားမည့် ဆရာ၊ ဆရာမ ၅၀,၀၀၀ ခန့်ကိုသာ နည်းပြသင်တန်းများ ပေးခဲ့ရာ ရာထူးတိုးနှင့် အပြောင်းအရွှေ့များ ဆောင်ရွက်ပြီး ချိန်တွင် သင်တန်း ပေးထားသော ဆရာ၊ ဆရာမများ ပြောင်းရွှေ့ခဲ့သည်။

ထို့ကြောင့် ယခု ၂၀၁၈-၁၉ ပညာသင်နှစ် တွင် စတင်သည့် ဒုတိယတန်း သင်ရိုးသစ်အတွက် မူလတန်းပြ ဆရာ၊ ဆရာမအားလုံးကို သင်ပြ နည်းသင်တန်းပေးခဲ့သည်။

အခြေခံပညာရေးကို သူငယ် တန်းအပါအဝင် မူလတန်း ငါး နှစ်၊ အလယ်တန်း လေးနှစ်၊ အ ထက်တန်း သုံးနှစ် (သူငယ်တန်း+ ၁၂ တန်း) စနစ်သစ်အဖြစ် စတင် ပြောင်းလဲနေသည်။ ယခင်က သူ ငယ်တန်းမှ ဒသမတန်းအထိ ၁၁ တန်းတက်ရောက်ရသော်လည်း စနစ်သစ်အရ သူငယ်တန်းမှ ဒွါ ဒသမတန်းအထိ ၁၃ တန်း တက် ရောက်ရမည်ဖြစ်သည်။

source: 7day

News Read 3445 times