ဆရာ၊ ဆရာမများ တံစိုးလက်ဆောင်တွေ လက်မခံဖို့ အခြေခံပညာရေး ဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲ

ဆရာ၊ ဆရာမများ တံစိုးလက်ဆောင်တွေ လက်မခံဖို့ အခြေခံပညာရေး ဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲ

သင်ယူမှု ပတ်ဝန်းကျင်ကောင်း ဖန်တီး နိုင်ဖို့ ပညာအရည်အသွေးမြင့်မားဖို့နဲ့ ဆရာ၊ ဆရာမတွေ ရဲ့ လူမှုဘဝ တိုးတက်ရေးတွေအတွက် ဆရာအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိမယ်လို့ သိရပါတယ်။

အဆိုပါ ဥပဒေမူကြမ်းက ယခု အစိုးရ သစ်လက်ထက်ထုတ်ပြန်တာဖြစ်ပြီး အခြေ ခံ ပညာရေး ဥပဒေမူကြမ်းမှာ ကျောင်းနေ အရွယ်ကလေးတွေ အားလုံးနဲ့ မသန်စွမ်းသူတွေ အပါအဝင် ပညာသင်ခွင့်ရရှိရေး အတွက် အခြေခံပညာအဆင့်တိုင်းမှာ လူ တိုင်း အကျုံးဝင် ပညာရေးနဲ့ ကျောင်း ပြင်ပတစ်သက်တာ ပညာရေးမှာ အခြေခံ ပညာ သင်ယူခွင့် ရရှိရေးတွေ ထည့်သွင်းရေးဆွဲ ထားတယ်လို့ သိရပါတယ်။

အဲဒီလိုတစ်ခါတည်း ထုတ်လိုက်တာ ကောင်းပါတယ်၊ ဒါပေမယ့် ဆရာ ဆရာမတွေ ကို တားမြစ်ရုံနဲ့ မပြီးဘူး၊ နားလည်မှုဆိုတဲ့ စကားအောက်မှာ လုပ်နေတာတွေ အများကြီးရှိပါတယ်။

မိဘတွေကလည်း ဒါကို သိရမယ်၊ မိဘတွေနဲ့ ဆရာ ဆရာမတွေကြားမှာ လမ်းလွဲနေတာတွေလဲ ရှိတယ်၊ တချို့ ငွေကြေးတစ်ခုတည်း အတွက် ကြည့်ပြီး သင်တဲ့သူတွေရှိသလို တကယ့်စေတနာ အမှန်နဲ့ သင်ပေးတာတွေလဲ ရှိပါတယ်။

အခုလို ထည့်တော့ နည်းနည်းတော့ တန့် သွားမှာပါ၊ အကုန်လုံးပျောက်ဖို့ ဆိုတာ တော့ အချိန်ယူရမှာပါ လို့ အခြေခံ ပညာအထက်တန်းကျောင်း တစ်ခုမှာ အထက်တန်း ပြ တာဝန် ထမ်းဆောင်နေတဲ့ ဆရာတစ်ဦးက ပြောပါတယ်။

အသစ်ထုတ်ပြန်လိုက်တဲ့ အခြေခံ ပညာရေး ဥပဒေ မူကြမ်းမှာ ဆရာ ဆရာမတွေရဲ့ တာဝန်အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆရာ ဆရာမတွေ အနေနဲ့ ကလေးတွေကို စာသင်ကြားတဲ့အခါမှာ အပြုသဘောဆောင်ပြီး ဆရာကျောင်းသား ဆက်ဆံ ရေးမှာ ကျောင်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ထိခိုက်မှုမရှိအောင် သင်ကြားရမယ်လို့ ပါရှိပါတယ်။

ထို့အပြင် ဆရာ ဆရာမ တွေအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း သတ်မှတ်သင်ခန်းစာကို ပြီးမြောက်အောင် သင်ကြားပေးရမှာဖြစ်ပြီး သင်ယူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီတဲ့နည်းစနစ်တွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိရမယ်လို့ အခြေခံပညာရေး ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

Source and photo: kumudar journal

News Read 5548 times