ပညာရေးကောလိပ်မူလတန်းဆရာအတတ်ပညာ သင်တန်းသားများအား အစိုးရက တစ်လ ကျပ်သုံးသောင်း ထောက်ပံ့ကြေးပေး

ပညာရေးကောလိပ်မူလတန်းဆရာအတတ်ပညာ သင်တန်းသားများအား အစိုးရက တစ်လ ကျပ်သုံးသောင်း ထောက်ပံ့ကြေးပေး

အခြေခံပညာကျောင်းများ တွင် မူလတန်းပြဆရာအဖြစ် ခန့် အပ်မည့် PPTT သင်တန်းဝင်ခွင့်ရ သူများ စာရင်းကို မတ်လ ၂၆ ရက် က ကြေညာရာ လျှောက်ထားသူ လေးသောင်းကျော်အနက် ၇,၀၀၀ ကျော် သင်တန်းတက်ရောက်ခွင့် ရရှိခဲ့သည်။

သင်တန်းတက်ရောက်ခွင့်ရ သူများအားလုံးကို သင်တန်းကာ လ စာတွေ့လေးလအတွက် တစ် လလျှင် ကျပ် သုံးသောင်းနှုန်း၊ စာသင်ကျောင်းများတွင် တန်းပြ ဆရာမအဖြစ် လက်တွေ့ဆင်းရ မည့်နှစ်လ၌ ကျောင်းဖွင့်ရက် တစ်ရက်လျှင် ကျပ် ၁,၁၀၀ နှုန်း ပညာရေးဘတ်ဂျက်မှ ထောက်ပံ့ မည်ဖြစ်သည်။

‘‘ပညာရေးကောလိပ်က သင် တန်းသားဆရာ၊ ဆရာမလောင်း တွေအတွက် ပညာရေးဝန်ကြီးဌာ နက ပံ့ပိုးပေးတဲ့သဘောပါ။ တခြား ဆရာအတတ်ပညာဒီပလိုမာ (D.TEd) သင်တန်းသားတွေကို လည်း တစ်လ သုံးသောင်းပညာ သင်နှစ်ပြီးတဲ့အထိ ပံ့ပိုးပေးပါ တယ်’’ဟု ဒေါက်တာအောင် အောင်မင်းက ပြောသည်။

PPTT သင်တန်းကို တစ်နိုင် ငံလုံးရှိ ပညာရေးကောလိပ်များ၌ ဧပြီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းဝင်ခွင့်ရွေးချယ်ခံ ရ၍ သင်တန်းမတက်ရောက်ပါက လျော်ကြေး ကျပ်သုံးသိန်းပေး ဆောင်ရန် ပညာရေးဝန်ကြီးဌာန က သတ်မှတ်ထားသည်။

PPTT သင်တန်းသို့ အသက် (၃၀)နှစ်ထက်မကြီးသည့် တက္က သိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ နှင့် ဝန်ထမ်း ဖြစ်ပါက (၃၅)နှစ် ထက် မကြီးသူများအား သက်ဆိုင် ရာဌာန၊ ဝန်ထမ်းအဖွဲ့အစည်းအ ကြီးအကဲ ခွင့်ပြုချက်ဖြင့် လျှောက် ထားခွင့်ပြုခဲ့သည်။

PPTT သင်တန်းများကို တစ် နိုင်ငံလုံးရှိ ပညာရေးကောလိပ်များ တွင် ဖွင့်လှစ်မည်ဖြစ်ပြီး စာတွေ့ လေးလ၊ အခြေခံပညာကျောင်း များ၌ လက်တွေ့နှစ်လ သင်တန်း တက်ရောက်ရမည်ဖြစ်သည်။

သင်တန်းတက်ရောက်စဉ် ပညာရေး ကောလိပ်များ၌ အဆောင်နေထိုင်ရမည်ဖြစ်ပြီး ကျောင်းစည်းကမ်း၊ အဆောင် စည်းကမ်း၊ ကျောင်းဆောင်စည်း ကမ်းများ ချိုးဖောက်ပါက အရေး ယူခြင်းခံရမည်ဖြစ်ကြောင်း ပညာ ရေးကောလိပ်များက ကြေညာ ထားသည်။

မူလတန်းပြဆရာ လိုအပ် ချက်ဖြည့်ဆည်းရန် PPTT သင်တန်းကို ၂၀၁၄ တွင် ပထမအကြိမ် စတင်ဖွင့်လှစ်ခဲ့ သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 1854 times