ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ပြုလုပ်သည့် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအစီအစဉ်များ ထိရောက်မှု ရှိ၊ မရှိ စစ်တမ်းကောက်မည်

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ပြုလုပ်သည့် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအစီအစဉ်များ ထိရောက်မှု ရှိ၊ မရှိ စစ်တမ်းကောက်မည်

ကမ္ဘာ့ဘဏ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ချေးငွေဖြင့် အခြေခံပညာကျောင်းများတွင် ပြုလုပ်နေသည့် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီအစဉ်များထိရောက်မှု ရှိ၊ မရှိ ကမ္ဘာ့ဘဏ်က စစ်တမ်းကောက်ယူမည်ဟု အ ခြေခံပညာဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး ၀င်းက ပြောသည်။

ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေပေးခြင်း၊ ပညာသင် ထောက်ပံ့ကြေးပေးခြင်းနှင့် မူလတန်းအောက်အဆင့်ကလေးများ ၏ စာဖတ်စွမ်းရည်နှင့် သင်္ချာစွမ်း ရည်ဆန်းစစ်ခြင်း၊ ဆရာ၊ ဆရာမ အရည်အသွေးမြှင့်တင်သည့် Teacher Mentoring and School Cluster Support အစီအစဉ်များကို ကမ္ဘာ့ဘဏ်ချေးငွေ ဖြင့် ပညာရေးဝန်ကြီးဌာနက ၂၀၁၄-၁၅ ပညာသင်နှစ်ကစတင် ဆောင်ရွက်နေသည်။

ထိုအစီအစဉ်များ ထိရောက် မှုရှိ၊ မရှိ နိုင်ငံတစ်ဝန်းရှိ အ ခြေခံပညာကျောင်း ၂၀၉ ကျောင်းတွင် ကမ္ဘာ့ဘဏ်မှ တာဝန်ပေး ထားသည့် အရာရှိများက ကွင်း ဆင်းစစ်တမ်း ကောက်ယူမည် ဖြစ်သည်။

‘‘အရင်တုန်းက ဒီလို Surveyမလုပ်ပေမယ့် အခုလုပ်မယ်။ အဲဒီ SIF (ကျောင်းဖွံ့ဖြိုးတိုးတက် မှုရန်ပုံငွေ)တွေကို ထိထိရောက် ရောက် သုံးစေချင်လို့ပါ’’ဟု ဦးကို လေးဝင်းက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုလျှင် မြို့နယ်တစ်ခုမှ ငါးခု အထိ သတ်မှတ်ပြီး ထိုမြို့နယ်အ တွင်းရှိ ကျောင်းများသို့ ကွင်းဆင်း ကောက်ယူမည်ဖြစ်သည်။

ကချင်ပြည်နယ်တွင် ပူတာ အို၊ ကယားပြည်နယ်တွင် ရှား တော၊ ချင်းပြည်နယ်တွင် မင်း တပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကန့်ဘလူ၊ နန်းယွန်း၊ ပင်လည် ဘူး၊ တနင်္သာရီတိုင်းဒေသကြီး တွင် ရေဖြူ၊ ပဲခူးတိုင်းဒေသကြီး တွင် ရေတာရှည်၊ မကွေးတိုင်း သေကြီးတွင် နတ်မောက်၊ မန္တလေးတိုင်းဒေသကြီးတွင် မြစ်သာ၊  ငါန်းဇွန်၊ စဥ့်ကူး၊ ၀မ်းတွင်း၊ ရမည်းသင်း၊ မွန်ပြည်နယ်တွင် သံဖြူဇရပ်၊ ရေး၊ ရခိုင်ပြည်နယ် တွင် သံတွဲ၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် မှော်ဘီ၊ ခရမ်း၊ တိုက်ကြီး၊ ရှမ်းပြည်နယ်တွင် ပင်းတယ၊တန့်ယန်း၊ ဧရာဝတီတိုင်းဒေသ ကြီးတွင် ကျောင်းကုန်း၊ လပွတ္တာ၊ငပုတော၊ သာပေါင်းမြို့နယ်များ၌  ကောက်ယူရန် သတ်မှတ်ထား သည်။

‘‘ကျောင်းဖွံ့ဖြိုးမှု ရန်ပုံငွေ က သုံးစွဲတာကအစ ခွင့်ပြုတဲ့ ခေါင်းစဉ်အလိုက်ပဲ သုံးရတယ်။ သုံးစွဲပုံကိုလည်း ကျောင်းအုပ်ကြီး တွေကို နှစ်တိုင်းသင်တန်းကြိုပေး တယ်။ အခုလို Survey ကောက် တာတော့ ပထမဆုံးပဲ’’ဟု ပဲခူးတိုင်းဒေသကြီးမှ အထက်တန်း ကျောင်းအုပ်တစ်ဦးက ပြောသည်။

ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအနေဖြင့် မူလတန်း၊ မူလတန်းကျောင်းခွဲ၊ အလယ် တန်း၊ အလယ်တန်းကျောင်းခွဲများ ကို ကျောင်းသားအရေအတွက် ပေါ်မူတည်ကာ ကျပ်လေးသိန်းမှ ၄၂ သိန်း၊ အထက်တန်းနှင့် အ ထက်တန်းကျောင်းခွဲများအတွက် တစ်ကျောင်းလျှင် ကျပ်ငါးသိန်း အပြင် ကျောင်းသားတစ်ဦးလျှင် ကျပ် ငါးထောင်နှုန်း ကျောင်း သားအရေအတွက်ပေါ် မူတည် ကာ ထောက်ပံ့သည်။

ကမ္ဘာ့ဘဏ်မှ (အတိုးမဲ့)ချေးငွေ ကန်ဒေါ်လာ သန်း ၈၀၊ Aus-AID Muti-Donor Trust Fund (MDTF) မှ ကန်ဒေါ်လာသန်း ၂၀ ဖြင့် အခြေခံပညာကျောင်းများသို့ ၂၀၁၄-၁၅ ပညာသင်နှစ်က ကျောင်း ထောက်ပံ့ကြေးအဖြစ် စတင်ပေး အပ်ခဲ့ပြီး ၂၀၁၆-၁၇ ပညာသင် နှစ်တွင် ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေဟု အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။

အခြေခံပညာ အရည်အ သွေး ပိုမိုမြင့်မားလာစေရန်၊ ပြည်သူလူထုထံမှ ထည့်ဝင်နေရသည့် ထောက်ပံ့ငွေပမာဏလျှော့ချနိုင် စေရန် အခြေခံပညာကျောင်းများ၏ အရည်အသွေးမီသင်ကြား သင်ယူမှု ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ ယင်းအစီအစဉ် ဆောင်ရွက်ခြင်းဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

Source: 7 days new

News Read 1477 times