မူလတန်းအဆင့်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/သူများအား ကျောင်းဝတ်စုံ ထောက်ပံ့ပေးသွားမည်

မူလတန်းအဆင့်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/သူများအား ကျောင်းဝတ်စုံ ထောက်ပံ့ပေးသွားမည်

မူလတန်းအဆင့် ကျောင်းသား/သူများအားကျောင်းအပ်ရာတွင် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးသည့်အပြင် ဗလာစာအုပ်များကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ကျောင်းဝတ်စုံ ၃၈၅၄၆၉ အတွက် ကုန်ကျငွေမှာ ၅၃၉ ဒသမ ၆၅၆၆ သန်း တန်ဖိုးရှိပြီး မူလတန်းအဆင့် ကျောင်းသား/သူများအား ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့သကဲ့သို့ အတန်းစုံ ပုံနှိပ်စာအုပ်များကိုလည်း ထောက်ပံ့ပေးသွားမည်။

၂၅ ရက်နေ့ ကျောင်းသားတွေကို စတင်လက်ခံမှာဖြစ်သည့်အတွက် ဆရာ၊ ဆရာမများကို ၂၁ ရက်နေ့ ကျောင်း အရောက်သတ်မှတ်ထားပါသည်။

မကြာမှီကျောင်းအပ်နှံမှု လက်ခံတော့မည်ဖြစ်၍ ကျောင်းသား/သူမိဘများ သိရှိစေရန်းအတွက် လှုံ့ဆော်ရေးဆိုင်းဘုတ်များ၊ ဗီနိုင်းများကို ကျေးရွာနှင့် ရပ်ကွက် ကျောင်းများ အရောက်စိုက်ထူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 2324 times