နွေရာသီ လူငယ်ဘောလုံးသင်တန်း ဖွင့်လှစ်မည်

နွေရာသီ လူငယ်ဘောလုံးသင်တန်း ဖွင့်လှစ်မည်

အခြေခံ ဘောလုံး သင်တန်းသို့ အသက် ၁၀ နှစ်မှ ၁၄ နှစ် အတွင်း (ကျား/မ) မည်သူမဆို တက်ရောက်သင်ယူနိုင်မည် ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊အင်္ဂါ၊ကြာသာပတေး၊ သောကြာ ရက်များတွင် ဖွင့်လှစ်မည့် တစ်လကြာ သင်တန်းတွင် နံနက် (၇း၀၀)နာရီမှ (၉း၀၀)နာရီအထိ အခြေခံ ဘောလုံးပညာများ သင်ကြားရမည်ဖြစ်သည်။

သင်တန်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ်သင်ကြား ပေးသွားမည် ဖြစ်သည်။

သင်တန်းသား တစ်ဦးလျင် သင်တန်းကြေး ကျပ် (၃၀၀၀၀) သတ်မှတ်ထားပြီး ၀တ်စုံတစ်စုံစီအား သင်တန်းမှ ပေးအပ်မည်ဖြစ်သည်။

သင်တန်းပြီးဆုံးသည်နှင့် ထုးချွန်ကလေးငယ်များကို စနစ်တကျ ရွေးချယ်ထားမည် ဖြစ်ပြီး သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အသင်းများအတွက် လိုအပ်သလို ခေါ်ယူလေ့ကျင့်ရွေးချယ်သွားမည် ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများ အနေဖြင့်  သင်တန်းတက်ခွင့်လျှောက်လွှာများကို ကူးယူဖြည့်စွတ်၍ သင်တန်း ဖွင့်လှစ်မည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)နှင့် ပုသိမ် ဘောလုံးအကယ်ဒမီသို့ ယခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ လူကိုယ်တိုင် လာရောက်ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက 09251525044 နံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: Myanmar Football Federation

 

 

 

News Read 1601 times