ဗြိတိသျှကောင်စီမှ နွေရာသီ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်မည်

ဗြိတိသျှကောင်စီမှ နွေရာသီ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်မည်

ဗြိတိသျှကောင်စီ (ရန်ကုန်) မှ အသက် ၇ နှစ်မှ ၁၅ နှစ်ကလေးများ နွေရာသီအင်္ဂလိပ်စာသင်တန်း တက်ရောက်နိုင်ရန် စတင် စာရင်းပေးသွင်းနိုင်ပြီလို့ သိရပါတယ်။

သင်တန်းကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက် မှ ဧပြီလ ၅ ရက်အထိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်ကစပြီး ကျောင်းအပ်လက်ခံနေပြီး ၂၀၁၈ ဒီဇင်ဘာလ ၁၉ ရက်မတိုင်မီ အပ်နှံပါက discount ကျပ် ၁၀,၀၀၀ ရရှိမှာဖြစ်ပါတယ်။

သင်တန်းကြေး ၂၈၅,၀၀၀ ကျပ် ဖြစ်ပြီး တက်ရောက်တဲ့ ကလေးတိုင်း ဗြိတိသျှကောင်စီစာကြည့်တိုက်မှာ တစ်နှစ်အခမဲ့ အသင်းဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

သင်တန်း သား အရေအတွက် ကန့်သတ်ထားပါတယ်။

သင်တန်းမှာ စုစုပေါင်းသင်ကြားချိန် နာရီ ၃၀ ရှိမှာဖြစ်ပြီး Placement test ဖြေရန်မလိုအပ်ကြောင်းနဲ့ အတွေ့အကြုံရှိ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ ဆရာ/ ဆရာမများမှ သင်ကြားပေးမှာဖြစ်ကြောင်း သိရပါတယ်။

သင်တန်းမှာ ကလေးများအား ဗဟုသုတတိုးပွားစေမယ့် ဆောင်းပါး၊ မိုးလေဝသဆိုင်ရာ အကြောင်းအရာ၊ ဖျော်ဖြေရေးနှင့် အားကစားဆိုင်ရာ လေ့လာစရာတွေကို ဝေဖန်ဆန်းစစ်ခြင်းနဲ့ အဖွဲ့လိုက်ဆောင်ရွက်ခြင်းတို့ကိုလည်း ဘာသာစကားသင်ယူစဉ် တစ်ချိန်တည်းမှာ လေ့လာနိုင်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုပါက ဗြိတိသျှကောင်စီ (ရန်ကုန်) [email protected] နဲ့ ဖုန်း၀၁- ၃၇၀၉၃၃ ၊ ၃၇ဝ၈၂၉ ၊ ၃၇ဝ၈၃ဝ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: internet

News Read 1559 times